တိုက်ပွဲဖြစ်ပွားနေတဲ့ ဖားကန့်မြို့မှာ လင်မယား ၂ ဦးက မိုင်းနင်းမိပြီး အမျိုးသားဖြစ်သူ သေဆုံး

တိုက်ပွဲတွေ ဖြစ်ပွားလျက်ရှိနေတဲ့ ကချင်ပြည်နယ် ဖားကန့်မြို့မှာ လင်မယား ၂ ဦးက မိုင်းနင်းမိရာကနေ အမျိုးသားဖြစ်သူ ပွဲချင်းပြီး သေဆုံးခဲ့တယ်လို့ ဒေသခံအမျိုးသားတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

လောက်ကိုင်ဘက် ခရီးသည် သွားပို့ရင်း ခရီးသည်နှစ်ဦးရဲ့ သတ်ဖြတ်တာ ခံခဲ့ရတဲ့ ယာဉ်မောင်းအတွက် အမှုမှန်ပေါ်ဖို့ မိသားစုဝင်တွေ တောင်းဆို

“ဝ”တပ်မတော် UWSA ထိန်းချုပ်ထားတဲ့ ပန်ဆန်းမြို့ကနေ ကိုးကန့်တပ် ထိန်းချုပ်တဲ့ လောက်ကိုင်မြို့ဘက် ခရီးသည် သွားပို့ရင်း ခရီးသည်နှစ်ဦးရဲ့ ဓားပြတိုက် သတ်ဖြတ်တာ ခံခဲ့ရတဲ့ အသက် ၂၅ နှစ်အရွယ် မောင်အိုက်ရီအတွက် အမှုမှန်ပေါ်ဖို့ မျှော်လင့်နေတယ်လို့ မိသားစုဝင်ဖြစ်သူတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

ကမ္မမြို့ပေါ်ကို စစ်ကောင်စီတပ်က လက်နက်ကြီး ပစ်ခတ်လို့ အမျိုးသမီးတစ်ဦး သေဆုံးပြီး တစ်ဦး ဒဏ်ရာရ

မကွေးတိုင်း ပခုက္ကူခရိုင် ကမ္မမြို့ပေါ်ကို စစ်ကောင်စီတပ်က လက်နက်ကြီးပစ်ခတ်လို့ ဒေသခံအမျိုးသမီးတစ်ဦး သေဆုံးခဲ့ပြီး တစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံအမျိုးသားတစ်ဦးက ပြောပါတယ်။

ကျောက်မဲအဝင်မှာ တရုတ်ထုတ်ကုန် တင်လာတဲ့ ကုန်ကားတွေကို စစ်ကောင်စီတပ် ဖမ်းဆီးနေ

ရှမ်းမြောက် ကျောက်မဲမြို့အဝင်မှာ ညီနောင်မဟာမိတ် (၃) ဖွဲ့ ထိန်းချုပ်ထားတဲ့ တရုတ်-မြန်မာ နယ်စပ်ဂိတ်ကနေ တရုတ်ထုတ်ကုန် တင်ဆောင်လာတဲ့ ကုန်ကားတွေကို စစ်ကောင်စီတပ်က ဖမ်းဆီးနေတယ်လို့ ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

တိုက်ပွဲပြင်းထန်နေတဲ့ ဖားကန့်မှာ ပေါက်ကွဲမှုဖြစ်လို့ အမျိုးသမီး ၂ ဦးအပါအဝင် ၃ ဦး ဒဏ်ရာရ

တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေတဲ့ ကချင်ပြည်နယ် ဖားကန့်မြို့မှာ ပေါက်ကွဲမှု ဖြစ်ပွါးခဲ့တာကြောင့် ဒေသခံ ၃ ဦး ထိမှန်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံအမျိုးသားတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

ပေါက်မြို့နယ်မှာ စစ်ကောင်စီတပ်က ဗုံးကြဲတိုက်ခိုက်လို့ ၁၀ ဦး သေဆုံးပြီး ၈ ဦးထက်မနည်း ဒဏ်ရာရ

မကွေးတိုင်း ပေါက်မြို့နယ်မှာ စစ်ကောင်စီတပ်က ဗုံးကြဲတိုက်ခိုက်လို့ ဒေသခံ ၁၀ ဦးထက်မနည်း သေဆုံးပြီး ဒဏ်ရာရရှိသူတွေလည်း ၈ ဦးအထိ ရှိခဲ့တယ်လို့ အညာမြေ အရပ်ဖက်လူမှုအဖွဲ့အစည်းမှ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

ထန်တလန်က တလန်ခွါရွာကို စစ်ကောင်စီ လေကြောင်းဗုံးကြဲတာကြောင့် ဒေသခံ ၆ ဦး သေဆုံး

ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်ရှိ တလန်ခွါကျေးရွာကို စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ဒေသခံအမျိုးသား ၆ ဦး သေဆုံးပြီး အများအပြား ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေက ရွှေဖီမြေသို့ ပြောပါတယ်။

မိုးကုတ်မှာ စစ်ကောင်စီတပ်က တော်လှန်ရေးတပ်တွေနဲ့ ဆက်စပ်မှုရှိတယ်ဆိုပြီး နေအိမ်တချို့ကို စတင်ချိတ်ပိတ်

တရုတ်နိုင်ငံရဲ့ ကြားဝင်စေ့စပ်မှုကြောင့် တအာင်းတပ်မတော် PSLF/TNLA ထံကနေ ပြန်ရခဲ့တဲ့ မန္တလေးတိုင်း မိုးကုတ်မြို့မှာ တော်လှန်ရေးတပ်တွေနဲ့ ဆက်စပ်မှုရှိတယ်ဆိုပြီး နေအိမ်တချို့ကို စစ်ကောင်စီက ချိတ်ပိတ်တာတွေ ပြုလုပ်လာတယ်လို့ ဒေသခံတွေက ရွှေဖီမြေကို ပြောပါတယ်။

နတ်တလင်းက ကံသာယာရွာကို စစ်ကောင်စီတပ်က လက်နက်ကြီး ပစ်ခတ်ခဲ့တာကြောင့် အရပ်သား ၄ ဦး ထိခိုက်ဒဏ်ရာရ

ပဲခူးတိုင်း နတ်တလင်းမြို့နယ် ကံသာယာကျေးရွာကို စစ်ကောင်စီတပ်က လက်နက်ကြီး ပစ်ခတ်ခဲ့တာကြောင့် အရပ်သား ၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ နတ်တလင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ရွှေဖီမြေကို ပြောပါတယ်။

စစ်ကောင်စီတပ်ရဲ့ လေကြောင်းနဲ့ လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်မှုကြောင့် KNU နယ်မြေက အမျိုးသမီးတစ်ဦး သေဆုံးပြီး ရဟန်းတစ်ပါး ဒဏ်ရာရ

ကရင်အမျိုးသားအစည်းအရုံး (KNU) ထိန်းချုပ်နယ်မြေဖြစ်တဲ့ ဒေါ်ဖခို(သံတောင်)မြို့နယ်နဲ့ ကစယ်ဒိုမြို့နယ်မှာ စစ်ကောင်စီတပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုနဲ့ လက်နက်ကြီး ပစ်ခတ်မှုကြောင့် အမျိုးသမီးတစ်ဦး သေဆုံးပြီး ဦးဇင်းတစ်ပါး ဒဏ်ရာရခဲ့တယ်လို့ KNU က မနေ့ ဖေဖော်ဝါရီ ၈ ရက်မှာ ထုတ်ပြန်ထားပါတယ်။