ရွှေတူးတာကို ဆန္ဒပြလို့ ကိုးကန့်တပ်က ပစ်သတ်လိုက်တဲ့ မုံးစီးက ဒေသခံ ၆ ဦးအတွက် တရုတ်ငွေ ယွမ် ၂ သိန်းပေးပြီး ကျေအေးစေခဲ့
ကိုးကန့်တပ်မတော်-MNDAA ပစ်သတ်ခဲ့တဲ့ ကွတ်ခိုင်မြို့နယ် မုံးစီးဒေသ ပြိန်းခမ်းကျေးရွာက ဒေသခံ ၆ ဦးကို တရုတ်ယွမ် ၂ သိန်း(ငွေကျပ် သိန်း ၁ ထောင်ကျော်) နဲ့ ကျေအေးပေးခဲ့တယ်လို့ ဖြစ်စဉ်သိရှိသူ အမျိုးသမီးတစ်ဦးရဲ့ ပြောပြချက်အရ သိရပါတယ်။