ဂွမြို့နယ်မှာ စစ်ကျန်လက်နက်ကို ဆော့ကစားရာကနေ ပေါက်ကွဲပြီး ကလေးတစ်ဦးသေဆုံး ၂ ဦးဒဏ်ရာရ

ရခိုင်ပြည်နယ် ဂွမြို့နယ်မှာ စစ်ကျန်လက်နက်ကို ဆော့ကစားရာကနေ ပေါက်ကွဲပြီး ကလေးတစ်ဦးသေဆုံးခဲ့တယ်လို့ ဂွမြို့နယ်စစ်ဘေးရှောင်ကူညီရေးပူးပေါင်းအဖွဲ့က ထုတ်ပြန်လာပါတယ်။

ရှမ်းတောင်က ဘိန်းစိုက်ခင်း ၂၆၈ ဧကကို ဖျက်ဆီးခဲ့တယ်လို့ စစ်ကောင်စီထုတ်ပြန်လာ

ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၉ရက်နေ့က ရှမ်းတောင် လွိုင်လင်၊ဟိုပုံး၊ပင်လောင်းနဲ့ဆီဆိုင်မြို့နယ်တွေထဲက ဘိန်းစိုက်ခင်း ၂၆၈ဧကကို ဖျက်ဆီးခဲ့တယ်လို့ စစ်ကောင်စီတပ်ဘက်က ထုတ်ပြန်ပါတယ်။

စစ်ကောင်စီတပ် ထိန်းချုပ်ထားတဲ့ သတင်းဌာနအကောင့်တွေကို Facebook,YouTube,Twitch, Mediafire တို့က ဖြုတ်ချ

စစ်ကောင်သီတပ်ရဲ့ ဝါဒဖြန့်ချိရေးသတင်းဌာနဖြစ်တဲ့ ရတနာပုံသတင်းစာ၊ မြန်မာ့အသံ၊ မြန်မာ့ရုပ်မြင်သံကြားနဲ့ MITV ​အကောင့်တွေကို Facebook, YouTube, Twitch, Mediafire တို့က ၎င်းတို့ပိုင်တဲ့ အင်တာနက် ပလက်ဖောင်းတွေကနေ ဖြုတ်ချဖယ်ရှားခဲ့တယ်လို့ Justice For Myanmar က မနေ့ ဒီဇင်ဘာ ၁၈ ရက်မှာ ထုတ်ပြန်ထားပါတယ်။

လက်ပံတန်းမြို့နယ်မှာ အင်အား ၃၀ နဲ့တပ်စွဲထားတဲ့ စစ်ကောင်စီတပ်စခန်းကို ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး ဒုရဲအုပ်တစ်ဦးအပါအဝင် ၁၉ ဦးသေဆုံး

ပဲခူးတိုင်း လက်ပံတန်းမြို့နယ်မှာ အင်အား ၃၀ နဲ့ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်စခန်းကို ဝင်ရောက်တိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၁၉ ဦးသေဆုံးခဲ့တယ်လို့ သာယာဝတီခရိုင်တပ်ရင်း – ၃ (Myanmar Defense Force – MDF) ဒီနေ့ ဒီဇင်ဘာ ၁၈ မှာထုတ်ပြန်လာပါတယ်။

သီပေါနယ်မှာ SSPP တပ်ဖွဲ့ဝင် ၃ ဦးနဲ့အတူ ကျားဖြန်လုပ်ကိုင်သူ ၆ ဦးဖမ်းဆီးရမိကြောင်း စစ်ကောင်

ရှမ်းမြောက် သီပေါမြို့နယ် ပန်ကျင်ကျေးရွာအနီးမှာ ရှမ်းပြည်တိုးတက်ရေးပါတီ- SSPP တပ်ဖွဲ့ဝင် ၃ ဦးနဲ့အတူ ကျားဖြန်လုပ်ကိုင်သူ ၆ ဦး ဖမ်းဆီးရမိကြောင်း စစ်ကောင်စီက ထုတ်ပြန်လာပါတယ်။