Browsing Category
တိုက်ပွဲသတင်း
73 posts
တကောင်းမြို့ကို စစ်ကောင်စီတပ် ပြန်ထိန်းချုပ်လိုက်ပြီ
တော်လှန်ရေးတပ်တွေ ထိန်းချုပ်ထားတဲ့ မန္တလေးတိုင်း သပိတ်ကျင်းမြို့နယ် တကောင်းမြို့ကို ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ စစ်ကောင်စီတပ်ဟာ ဒီနေ့ မတ်လ ၁၀ ရက် နေ့လယ်ပိုင်းမှာ မြို့တစ်ခုလုံးကို ထိန်းချုပ်လိုက်ပြီလို့ စစ်ရေးသတင်းအရင်းအမြစ်တစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။
စစ်ကောင်စီတပ်ရဲ့ ထိုးစစ် တကောင်းမြို့နဲ့ ၂ မိုင်ခန့်အကွာ ရောက်ရှိလာ၊ မြို့လက်မလွှတ်ရရေး တော်လှန်ရေးတပ်တွေဘက်က အပြင်းအထန် ခုခံနေ
တော်လှန်ရေးတပ်တွေ ထိန်းချုပ်ထားတဲ့ မန္တလေးတိုင်း သပိတ်ကျင်းမြို့နယ် တကောင်းမြို့ကို ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ စစ်ကောင်စီတပ်ဟာ မြို့နဲ့ နှစ်မိုင်ခန့်အကွာ ရောက်ရှိလာတယ်လို့ မြေပြင်တော်လှန်ရေးတပ်တွေက ပြောပါတယ်။
စစ်ကောင်စီတပ်ထိုးစစ် တကောင်းမြို့အနီး ရောက်လာ၊ တကောင်းမြို့ကို တော်လှန်ရေးတပ်တွေ လက်လွှတ်ရဖွယ်ရှိနေ
အမျိုးသား ညီညွတ်ရေးအစိုးရ- NUG ထိန်းချုပ်ထားတဲ့ မန္တလေးတိုင်း သပိတ်ကျင်းမြို့နယ်ထဲရှိ တကောင်းမြို့အနီးကို စစ်ကောင်စီတပ် ရောက်ရှိနေပြီး တကောင်းမြို့ကို တော်လှန်ရေးတပ်တွေ လက်လွှတ်ရဖွယ် ရှိနေတယ်လို့ မြေပြင်သတင်းအရင်းအမြစ်တွေက ရွှေဖီမြေကို ပြောပါတယ်။
မိုးကုတ်အနောက်ပိုင်းမှာ စစ်ကောင်စီတပ်နဲ့ တော်လှန်ရေး ပူးပေါင်းတပ်တွေအကြား တိုက်ပွဲ ဖြစ်ပွားနေ
တရုတ်နိုင်ငံရဲ့ ကြားဝင်စေ့စပ်မှုကြောင့် စစ်ကောင်စီတပ် ပြန်ရခဲ့တဲ့ မန္တလေးတိုင်း မိုးကုတ်မြို့ အနောက်ပိုင်းမှာ စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေ တိုက်ပွဲ ဆက်ဖြစ်နေတယ်လို့ မြေပြင်အခြေအနေ သိရှိသူတွေက ရွှေဖီမြေကို ပြောပါတယ်။
NUG ထိန်းချုပ်ထားတဲ့ တကောင်းမြို့ကို စစ်ကောင်စီတပ် ဆက်လက် ထိုးစစ်ဆင်နေပြီး တော်လှန်ရေးတပ်တွေ နယ်မြေ ဆက်တိုက် လက်လွှတ်နေရ
အမျိုးသား ညီညွတ်ရေးအစိုးရ- NUG ထိန်းချုပ်ထားတဲ့ မန္တလေးတိုင်း သပိတ်ကျင်းမြို့နယ်ထဲက တကောင်းမြို့ကို စစ်ကောင်စီတပ်က ပြန်လည်ထိန်းချုပ်ဖို့ ဆက်လက် ထိုးစစ်ဆင်နေပြီး နေရာတချို့ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့တယ်လို့ စစ်ကောင်စီရဲ့ ဝါဒဖြန့်မီဒီယာတွေမှာ ဖော်ပြထားပါတယ်။
ထားဝယ်မြို့နယ်က စစ်ကောင်စီတပ်ရဲ့ GTC တပ်စခန်းနဲ့ စစ်ရေးဂိတ်တွေကို တိုက်ခိုက်ရာ စစ်ကောင်စီတပ်ဘက်က ၂၀ ကျော်သေဆုံး၊ လက်နက်တချို့ကိုပါ သိမ်းဆည်းရမိတယ်လို့ ဆို
တနင်္သာရီတိုင်း ထားဝယ်မြို့နယ်က စစ်ကောင်စီတပ်ရဲ့ နည်းပညာတက္ကသိုလ် (GTC) တပ်စခန်းနဲ့ စစ်ဆေးရေးဂိတ်တွေကို တိုက်ခိုက်ရာ စစ်ကောင်စီတပ်ဖွဲ့ဝင်၂၀ ကျော်သေဆုံးခဲ့တယ်လို့ ဒူရက စစ်ကြောင်းက မနေ့ ဖေဖော်ဝါရီ ၁၇ ရက်မှာ သတင်းထုတ်ပြန်ထားပါတယ်။