Browsing Category
သတင်း
990 posts
Stay informed with the latest breaking news and in-depth reporting on a wide range of topics, including local news, education, breaking news and more.
ပုဇွန်မြောင်းရွာမှာ စစ်ကြောင်း ထိုးလာတဲ့ စစ်ကောင်စီ စစ်ကြောင်းကို Fire Dragon တပ်ဖွဲ့က တိုက်ခိုက်လို့ ၃ ဦး သေဆုံးပြီး ၅ ဦးထက်မနည်း ဒဏ်ရာရ
ပဲခူးတိုင်း ညောင်လေးပင်မြို့နယ် ပုဇွန်မြောင်းရွာဘက် စစ်ကြောင်းထိုး ဝင်ရောက်လာတဲ့ စစ်ကောင်စီ စစ်ကြောင်းကို Fire Dragon တော်လှန်ရေးတပ်ဖွဲ့က ကြားဖြတ်တိုက်ခိုက်ရာ စစ်တပ်ဘက်က အရာရှိအပါအဝင် ၃ ဦး သေဆုံးခဲ့ပြီး ၅ ဦးထက်မနည်း ဒဏ်ရာ ရခဲ့ပါတယ်။
CC သိမ်းပိုက်ထားတဲ့ တွန်းဇံမြို့ကို ZRA က စစ်ကောင်စီ ထောက်ပံ့တဲ့ လက်နက်ခဲယမ်းနဲ့ တိုက်ခိုက်နေတယ်လို့ CNA ပြော
ချင်းလဲန်းကောင်စီ- CC ထိန်းချုပ်ထားတဲ့ ချင်းပြည်နယ် တွန်းဇံမြို့ကို ဇိုမီးတော်လှန်ရေးတပ်ဖွဲ့- ZRA က စစ်ကောင်စီထောက်ပံ့တဲ့ လက်နက်ခဲယမ်းနဲ့ ထိုးစစ်ဆင် တိုက်ခိုက်နေတယ်လို့ ချင်းအမျိုးသားတပ်မတော်- CNA က ပြောပါတယ်။
မတ္တရာမြို့နယ် အိုင်ဒိုင်ရွာဘုန်းကြီးကျောင်းကို လေကြောင်းကနေ တိုက်ခိုက်၊ ဘုန်းကြီးတစ်ပါးနဲ့ လူ ၃ ဦး ဒဏ်ရာရ
မန္တလေးတိုင်း မတ္တရာမြို့နယ် အနောက်ခြမ်း အိုင်ဒိုင်ကျေးရွာကို စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ဘုန်းကြီးတစ်ပါးနဲ့ လူ ၃ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။