သုတ၊ ဖေဖော်ဝါရီ ၂၀ ရက်၊ သိန္နီ

ကိုးကန့်တပ်မတော်-MNDAA ထိန်းချုပ်ထားတဲ့ ရှမ်းမြောက် သိန္နီမြို့မှာ တအာင်းလူမျိုးတွေကို MNDAA က ဖြတ်သန်းသွားလာခွင့် ပိတ်ပင်ထားတယ်လို့ ကိုယ်တိုင်ကြုံတွေ့ခဲ့ရသူတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

“ကွတ်ခိုင်ကနေ သိန္နီဘက် ဆင်းမလို့ တိုးဂိတ်မှာ MNDAA က ဂိတ်အသစ်ဖွင့်ပြီးတော့ ကားရော၊ ဆိုင်ကယ်ရော စစ်နေတာ။ တအာင်းဆိုရင် ပေးမဝင်တော့ဘူး၊ ပြန်လှည့်ခိုင်းတယ်။ ကျွန်တော်တောင်မှ ကွတ်ခိုင်ဘက် ပြန်လှည့်ရတယ်” လို့ ဒီနေ့ ဖေဖော်ဝါရီ ၂၀ ရက်နေ့လည်ပိုင်းမှာ ကြုံခဲ့ရတဲ့ တအာင်းလူမျိုး အမျိုးသားတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၄ ရက်မှာ ရှမ်းမြောက် ကွတ်ခိုင်မြို့မှာ တအာင်းတပ်မတော်-TNLA နဲ့ ကိုးကန့်တပ်အကြား တင်းမာမှု ဖြစ်ပြီး သိန္နီမြို့အဝင်အထွက်တွေကို ကိုးကန့်တပ်ဘက်က စစ်ဆေးမှု တင်းကြပ်လာပြီး တအာင်းလူမျိုးတွေကို အဓိကထား စစ်တေးတင်းကြပ်နေတာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း TNLA တပ်ဖွဲ့ဝင်တွေကိုသာ သိန္နီမြို့ထဲမှာ ကိုးကန့်တပ်က ဖြတ်သန်းသွားလာခွင့် ကန့်သတ်ထားပေမယ့် လက်ရှိမှာ တအာင်းလူမျိုးတွေကိုပါ ဖြတ်သန်းသွားလာခွင့် ကန့်သတ်လာတာ ဖြစ်ပါတယ်။

ဒီနေ့ ဖေဖော်ဝါရီ ၂၀ ရက်အထိ ကွတ်ခိုင်မြို့နယ်ထဲမှာ MNDAA နဲ့ TNLA အကြား စစ်ရေးတင်းမာမှုတွေ ဆက်ဖြစ်နေတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

~ ~ ~

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။