ဓာတ်ပုံ – CJ

အလင်း၊ ဖေဖော်ဝါရီ ၁၉ ရက်၊ ချင်းပြည်

ချင်းအမျိုးသားနေ့ ရောက်ဖို့ တစ်ရက်အလိုမှာပဲ ဟားခါးမြို့နယ်နဲ့ ဖလမ်းမြို့နယ်ကို စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် အရပ်သား ၄ ဦး ဒဏ်ရာရပြီး နေအိမ်တွေလည်း ပျက်စီးသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ဒီနေ့ ဖေဖော်ဝါရီ ၁၉ ရက်၊ မနက် ၁ နာရီနဲ့ ၂ နာရီဝန်းကျင်အချိန်မှာ ဟားခါးမြို့နယ်ရှိ Zokhua နဲ့ Cinkhua ကျေးရွာတွေကို စစ်ကောင်စီတပ်က တပြိုင်နက် အကြောင်းမဲ့ လေကြောင်း ဗုံးကြဲတိုက်ခိုက်မှု ပြုလုပ်ခဲ့တာဖြစ်ပါတယ်။

“Zakhua ရွာကို ဗုံးအရင်ကြဲပြီးမှ Cinkhua ရွာကို ဗုံး ထပ်ကြဲသွားတာပါ။ Cinkhua ရွာမှာ အရပ်သား သုံးဦး ထိခိုက်ဒဏ်ရာရတယ်။ အိမ်တွေလည်း ပျက်စီးတယ်။ Zakhua ရွာဘက်မှာတော့ နေအိမ်နှစ်လုံး ပျက်စီးတယ်။” လို့ ဟားခါးမြို့နယ် ဒေသခံတစ်ဦးက ရွှေဖီမြေသို့ ပြောပါတယ်။

ဒါ့အပြင် ဒီနေ့ မနက် ၁ နာရီခွဲခန့်မှာလည်း ဖလမ်းမြို့နယ်၊ လုမ်ဘမ်းကျေးရွာကို စစ်ကောင်စီတပ်က Y-12 ထောက်ပို့လေယာဉ်နဲ့ ဗုံး (၈) လုံးထက်မနည်း ကြဲချတိုက်ခိုက်ခဲ့ပြီး အမျိုးသမီးတစ်ဦး မစိုးရိမ်ရတဲ့ဒဏ်ရာ ရရှိခဲ့တယ်လို့ သိရပါတယ်။

“ရွာဘေးပတ်လည်ကို ဗုံးကြဲသွားတာပါ။ အမျိုးသမီးတစ်ယောက်ကတော့ ဒဏ်ရာရတယ်။ မစိုးရိမ်ရဘူး။ နေအိမ်တွေတော့ အတော်လေး ပျက်စီးသွားပါတယ်။ လောဆယ် ရွာသားတွေက ဘေးလွတ်ရာ တိမ်းရှောင်နေကြပါတယ်။” လို့ ဖလမ်းက ရှေ့တန်းစစ်ရေးသတင်းအရင်းမြစ်က ရွှေဖီမြေသို့ ပြောပါတယ်။

ဒီကနေ့ ညနေ ၅ နာရီခွဲဝန်းကျင်မှာလည်း ဟားခါးနဲ့ ဖလမ်းကြားကို စစ်ကောင်စီတပ်က ထပ်မံ ဗုံးကြဲသွားပြီး ထိခိုက်မှုအခြေအနေကိုတော့ မသိရသေးပါဘူး။

စစ်ကောင်စီ ဗုံးကြဲသွားတဲ့ ကျေးရွာတွေဟာ တိုက်ပွဲမရှိသလို ဘာစစ်ရေးလှုပ်ရှားမှုလည်း မရှိဘဲ အရပ်သားတွေနေတဲ့ ကျေးရွာတွေကို ဗုံးကြဲတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။

~ ~ ~

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။