Browsing Category
သတင်း
3046 posts
Stay informed with the latest breaking news and in-depth reporting on a wide range of topics, including local news, education, breaking news and more.
မဟာမိတ်အချင်းချင်းကြားဖြစ်တဲ့ ပြဿနာကနေ လူမျိုးရေးပဋိပက္ခအသွင်မဆောင်ဖို့ TNLA နဲ့ MNDAA ကို တအာင်းအရပ်ဖက်အဖွဲ့အစည်းများကွန်ရက် တောင်းဆို
ညီနောင်မဟာမိတ်တွေ ဖြစ်ကြတဲ့ တအာင်းတပ် TNLA နဲ့ ကိုးကန့်တပ်-MNDAAတို့အကြား ဖြစ်ပွားနေတဲ့ ပြဿနာကနေ လူမျိုးရေးအသွင်မဆောင်စေဖို့ TNLA နဲ့ MNDAA ကို တအာင်းအရပ်ဖက်အဖွဲ့အစည်းများကွန်ရက်(TCSO)က ဒီနေ့ ဖေဖော်ဝါရီ ၂၄ ရက်မှာ ထုတ်ပြန်တောင်းဆိုထားပါတယ်။
လားရှိုးမြို့နယ်ထဲက အမျိုးသမီးတစ်ဦး တရုတ်ယွမ် ၈ သောင်းနဲ့ လူကုန်ကူးခံရပြီး ပျောက်ဆုံးနေ
ရှမ်းမြောက် လားရှိုးမြို့နယ် နမ့်လန်ကျေးရွာက အသက် ၁၈ နှစ်အရွယ်ရှိတဲ့ မဥက္ကာမွန်ဆိုသူ အမျိုးသမီးတစ်ဦးဟာ တရုတ်ပြည်မှာ ယွမ် ၈ သောင်း (ငွေကျပ် သိန်း ၄၀၀ ကျော်)နဲ့ လူကုန်ကူးခံရပြီး ပျောက်ဆုံးသွားခဲ့တယ်လို့ မိသားစုဝင်တွေဆီက သိရပါတယ်။
မုံရွာမြို့မှာ လမ်းမှားဝင်လာတဲ့ ခရီးသည်ယာဉ်ကို စစ်ကောင်စီတပ်က စစ်ဆေးမှုမလုပ်ဘဲ ပစ်ခတ်လိုက်လို့ ယာဉ်မောင်းဖြစ်သူသေဆုံး
စစ်ကိုင်းတိုင်း မုံရွာမြို့မှာ လမ်းမှားဝင်လာတဲ့ ခရီးသည်ယာဉ်ကို သာစည်ထောင်ရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ စစ်ဆေးမှုမလုပ်ဘဲ ပစ်ခတ်လိုက်လို့ ယာဉ်မောင်းဖြစ်သူ သေဆုံးခဲ့ရတယ်လို့ မုံရွာမြို့နယ်သတင်းမှန်ပြန်ကြားရေးက သတင်းထုတ်ပြန်ထားပါတယ်။
မိုးမောက်နဲ့ ဟုမ္မလင်းမြို့နယ်တွေကို စစ်ကောင်စီတပ်က လေကြာင်းကနေ ဗုံးကြဲတိုက်ခိုက်လို့ အရပ်သား ၇ ဦးထက်မနည်း သေဆုံး
ကချင်ပြည်နယ် မိုးမောက်မြို့နယ်နဲ့ စစ်ကိုင်းတိုင်းဟုမ္မလင်းမြို့နယ်တွေထဲကို စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်လို့ အရပ်သား၇ ဦးထက်မနည်း သေဆုံးတာတွေရှိခဲ့တယ်လို့ ဖြစ်စဉ်သိရှိသူအမျိုးသားတစ်ဦးက ရွှေဖီမြေကိုပြောပါတယ်။
နမ့်ခမ်းမြို့နယ် မန်ပူးရွာမှာ မီးဖိုကနေတစ်ဆင့် မီးလောင်မှုဖြစ်ပြီး နေအိမ် ၂ လုံးမီလောင်ပျက်စီး၊ ခြောက်သွေ့ရာသီရောက်လာတာကြောင့် မီးသတ်ထားရန် လိုအပ်
တအာင်းတပ်-PSLF/TNLA ထိန်းချုပ်ထားတဲ့နမ့်ခမ်းမြို့နယ် မန်ပူးရွာမှာ မီးဖိုကနေတစ်ဆင့် မီးလောင်မှုဖြစ်ပြီး နေအိမ် ၂ လုံးမီလောင်ပျက်စီးခဲ့တယ်လို့ ဒေသခံတွေက ရွှေဖီမြေကို ပြောပါတယ်။
လားရှိုးမြို့နယ်မှာ သက်ကြီးရွယ်အို ၂ ယောက်သာ နေတဲ့အိမ် မီးလောင်လို့ ပြန်လည်ထူထောင်ရေးအတွက် အကူအညီလိုအပ်နေ
ရှမ်းမြောက် လားရှိုးမြို့နယ်က ကျေးရွာ ၁ ရွာမှာ သက်ကြီးရွယ်အို ၂ ယောက်သာ နေထိုင်တဲ့အိမ် မီးလောင်လို့ ပြန်လည်ထူထောင်ရေးအတွက် အကူအညီလိုအပ်နေတယ်လို့ ဒီဖြစ်စဉ်ကို သိရှိထားသူ အမျိုးသားတစ်ဦးက ရွေဖီမြေကို ပြောပါတယ်။