Browsing Category
သတင်း
985 posts
Stay informed with the latest breaking news and in-depth reporting on a wide range of topics, including local news, education, breaking news and more.
လားရှိုးမြို့ထဲ ဝင်လာတဲ့ စစ်ကောင်စီယာဉ်တန်း ၂၀၀ ကျော်ရှိပြီး စစ်အင်အား ၂ ထောင်ကျော်ရှိနိုင်၊ လားရှိုးမြို့တွင်းကနေ ကိုးကန့်တပ် ဆုတ်ခွာ
မနေ့ ဧပြီ ၂၂ ရက်မှာ ရှမ်းမြောက် လားရှိုးမြို့ကို ပြန်အုပ်ချုပ်ဖို့ ဝင်လာတဲ့ စစ်ကောင်စီယာဉ်တန်း ၂၀၀ ကျော်ရှိပြီး စစ်အင်အား ၂ ထောင်ကျော် ရှိနိုင်တယ်လို့ ဒေသခံတွေက ရွှေဖီမြေကို ပြောပါတယ်။
လားရှိုးကို စစ်ကောင်စီထံ လွှဲပြောင်းဖို့ တရုတ်ရဲ့ ကြားဝင်စေ့စပ်မှုကို စစ်ကောင်စီနဲ့ ကိုးကန့်တပ်က ကျေးဇူးတင်ကြောင်း တရုတ်ပြော
ကိုးကန့်တပ်မတော်- MNDAA တိုက်ခိုက်သိမ်းပိုက်ထားတဲ့ ရှမ်းမြောက် လားရှိုးမြို့ကို စစ်ကောင်စီတပ်ထံ လွှဲပြောင်းဖို့ တရုတ်ရဲ့ ကြားဝင်စေ့စပ်မှုကို စစ်ကောင်စီနဲ့ ကိုးကန့်တပ်က ကျေးဇူးတင်ကြောင်း တရုတ်နိုင်ငံရဲ့ နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။
ဖယ်ခုံမြို့နယ်မှာ စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးကြောင့် ကလေးငယ်အပါအဝင် အရပ်သား ၇ ဦး ဒဏ်ရာရ
ရှမ်းတောင် ဖယ်ခုံမြို့နယ် ခေါင်းအိရွာသစ်မှာ တိုက်ပွဲ ဖြစ်ပွားတာမရှိဘဲ စစ်ကောင်စီတပ် ပစ်ခတ်တဲ့ လက်နက်ကြီးကြောင့် ကလေးငယ် ၃ ဦးအပါအဝင် အရပ်သား ၇ ဦး ဒဏ်ရာ ရခဲ့တယ်လို့ မြေပြင်အခြေအနေသိရှိသူတွေက ရွှေဖီမြေကို ပြောပါတယ်။
ပလက်ဝမြို့နယ်မှာ ခူမီးအမျိုးသမီးတစ်ဦးကို အဓမ္မ ပြုကျင့်ပြီး ရေနစ်သတ်ဖို့ကြံစည်သူ AA တပ်ဖွဲ့ဝင်နှစ်ဦးကို ပွင့်လင်းမြင်သာမှုရှိအောင် အရေးယူပေးဖို့ GKO တောင်းဆို
ချင်းပြည်နယ် ပလက်ဝမြို့နယ် စိမ်းစင်းကျေးရွာက ခူမီးအမျိုးသမီးတစ်ဦးကို အဓမ္မ ပြုကျင့်ပြီး ရေနစ်သတ်ဖို့ ကြံစည်ခဲ့တဲ့ အာရက္ခတပ်တော်- AA ရဲ့ အရာရှိတစ်ဦးနဲ့ ရဲဘော်တစ်ဦးကို ပွင့်လင်းမြင်သာမှုရှိအောင် အရေးယူဆောင်ရွက်ပေးဖို့ ကမ္ဘာလုံးဆိုင်ရာ ခူမီးအဖွဲ့အစည်း- GKO က တောင်းဆိုလိုက်ပါတယ်။