ဓာတ်ပုံ – မုံရွာမြို့နယ်သတင်းမှန်ပြန်ကြားရေး

ရဲမာန်၊ ဖေဖော်ဝါရီ ၂၃ ရက်၊ မုံရွာ

စစ်ကိုင်းတိုင်း မုံရွာမြို့မှာ လမ်းမှားဝင်လာတဲ့ ခရီးသည်ယာဉ်ကို သာစည်ထောင်ရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ စစ်ဆေးမှုမလုပ်ဘဲ ပစ်ခတ်လိုက်လို့ ယာဉ်မောင်းဖြစ်သူ သေဆုံးခဲ့ရတယ်လို့ မုံရွာမြို့နယ်သတင်းမှန်ပြန်ကြားရေးက သတင်းထုတ်ပြန်ထားပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၁ ရက် ည ၉ နာရီဝန်းကျင်မှာသမုန်းကုန်းလမ်းခွဲကနေ ပေါက်ငယ်တော အတက် မြောက်နဲ့တောင် မှားကွေ့မိရာကနေ သာစည်ထောင်ရှေ့ ရောက်ရှိသွားပြီး ပစ်ခတ်ခံရတာဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

“ယာဉ်လိုင်းက ကားသွားယူတော့ ခရီးသည်တွေပါ ပြန်ပါလာတယ်”လို့ ဒေသခံအမျိုးသားတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

အဆိုပါပစ်ခတ်မှုကြောင့် သေဆုံးခဲ့ရသူဟာ ရွှေပီနောင်းယဉ်ငယ်ကားအသင်းမှာ ယာဉ်မောင်းအဖြစ်အလုပ်လုပ်‌နေတဲ့ ဆားလင်းကြီးရွာခံဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

အဆိုပါယာဉ်ပေါ်မှာ ကားစပယ်ရာ၊ ယာဉ်မောင်းနဲ့ ခရီးသည် ၄ ဦး စုစုပေါင်း ၆ ဦး မောင်းနှင်လာတာဖြစ်ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ ခရီးသည်ကားမှန်း သိချိန်မှာတောင် ကားမှန်တွေကို သေနတ်ဒင်တွေနဲ့ ထုရိုက်ခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၃ ရက် မနက် ၉ နာရီခွဲဝန်းကျင်မှာ မုံရွာမြို့ သာစည်လမ်း‌ပေါ်မှာ သွားလာနေတဲ့ မတ်တူးအဖြူရောင် ကားတစ်စီးကို စစ်တပ်က ပတ်ကင်းကားနဲ့ လိုက်လံပစ်ခတ်ခဲ့လို့ ကားပေါ်လိုက်ပါလာသူ‌တွေ သေဆုံးခဲ့တဲ့ဖြစ်စဉ်လည်း ဖြစ်ပွားခဲ့ပါတယ်။

~ ~ ~

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။