နောင်ချို သုံးဆယ်ရွာကို လေကြောင်းနဲ့ တိုက်ခိုက်၊ အရပ်သား ၄ ဦး သေဆုံး

စစ်ကောင်စီတပ်နဲ့ တအာင်းတပ်မတော်- TNLA တို့ တိုက်ပွဲ ပြင်းထန်နေတဲ့ နောင်ချိုမြို့နယ် အုမ္မတီးရွာအနီးရှိ သုံးဆယ်ရွာကို လေကြောင်းနဲ့ တိုက်ခိုက်ခဲ့ရာ အရပ်သား ၄ ဦး သေဆုံးသွားတယ်လို့ သိရပါတယ်။

၃၆ နှစ်ကြာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ရဲ့ ခလယ်ဒေးစခန်းကို KNLA တိုက်ခိုက်သိမ်းပိုက်

မြန်မာ-ထိုင်းနယ်စပ်အနီး ကရင်တပ်မတော်- KNU/KNLA ဌာနချုပ်အနီး ၃၆ နှစ်ကြာ နေရာယူ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ရဲ့ ခလယ်ဒေး တပ်စခန်းကို KNLA နဲ့ ပူးပေါင်းတပ်ဖွဲ့က တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပါတယ်။

နမ့်ဆန်မြို့နယ်ထဲက ကျေးရွာတချို့မှာ ရွှေဖီဦးလက်ဖက် ရွက်စိမ်း ၄ ထောင်နဲ့ စဝယ်နေ

တအာင်းဒေသ နမ့်ဆန်မြို့နယ်က ကျေးရွာတချို့မှာ ရွှေဖီဦး လက်ဖက်ရွက်စိမ်း တစ်ပိဿာကို ၄ ထောင်နဲ့ စတင် ဝယ်ယူနေပြီဖြစ်ကြောင်း လက်ဖက်တောင်သူတွေက ပြောပါတယ်။

နောင်ချိုရှိ TNLA တပ်စခန်းကို စစ်ကောင်စီတပ်က ဆက်လက် ထိုးစစ်ဆင် တိုက်ခိုက်နေပြီး နောင်ချိုတိမ်ပင်လယ်ကို စစ်တပ် ပြန်သိမ်း

ရှမ်းမြောက် နောင်ချိုမြို့နယ်ရှိ တအာင်းတပ်မတော်- TNLA ရဲ့ တပ်စခန်းတွေကို စစ်ကောင်စီတပ်က ဆက်လက် ထိုးစစ်ဆင် တိုက်ခိုက်နေပြီး နောင်ချိုတိမ်ပင်လယ်ကို စစ်တပ်က ပြန်သိမ်းနိုင်ခဲ့တယ်လို့ ရှေ့တန်းသတင်းအရင်းအမြစ်တွေက ရွှေဖီမြေကို ပြောပါတယ်။

မူဆယ်မှာ စက်သုံးဆီကို စာအုပ်နဲ့ ဝယ်ယူမှု စတင်၊ တစ်ပတ်မှာ ၂ ရက်သာ ဝယ်ယူနေရ

ရှမ်းမြောက် တရုတ်-မြန်မာနယ်စပ်ဖြစ်တဲ့ မူဆယ်မြို့မှာ စက်သုံးဆီကို စာအုပ်နဲ့ ဝယ်ယူခွင့် စတင်နေပြီး တစ်ပတ်မှာ ၂ ရက်သာ ဝယ်ယူနေရတယ်လို့ မူဆယ်ဒေသခံတစ်ဦးက ပြောပါတယ်။

သီပေါမြို့နယ်ရှိ သစ်တောကြိုးဝိုင်းထဲက သစ်တွေ SSPP ထုတ်နေ

တအာင်းတပ်မတော် ထိန်းချုပ်ထားတဲ့ သီပေါမြို့နယ်ရှိ နားခေါ်ကျေးရွာအုပ်စု ကျင်သီရွာအနီးက တိန်လုံ ကြိုးဝိုင်းထဲမှ သစ်တွေကို ရှမ်းတပ်မတော်- SSPP/SSA က ခုတ်ယူနေတယ်လို့ ဖြစ်စဉ်သိရှိသူ အမျိုးသားတစ်ဦးရဲ့ ပြောပြချက်အရ သိရပါတယ်။

မူဆယ်မြို့မှာ အမျိုးသားတစ်ဦး ပြန်ပေးဆွဲခံရ၊ တစ်ပတ်ကျော်အတွင်း လုယက်မှုနဲ့ ပြန်ပေးဆွဲမှု ၃ ကြိမ်ထက်မနည်း ဖြစ်ပွားခဲ့

စစ်ကောင်စီတပ် ထိန်းချုပ်ထားတဲ့ မူဆယ်မြို့မှာ အမျိုးသားတစ်ဦးကို အမျိုးသား ၃ ဦးက ပြန်ပေးဆွဲသွားပြီး တစ်ပတ်ကျော်အတွင်း လုယက်မှုနဲ့ ပြန်ပေးဆွဲမှု ၃ ကြိမ်ထက်မနည်း ဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေက ရွှေဖီမြေကို ပြောပါတယ်။

မိုင်းပေါက်မှာ ကလေးငယ်တစ်ဦး ဝက်ဝံ ကိုက်ခံရပြီး သေဆုံး

“ဝ”‌ဒေသ မိုင်းပေါက်မြို့နယ်မှာ အသက် ၇ နှစ်အရွယ် ကလေးငယ်တစ်ဦး ဝက်ဝံကို အစာကျွေးနေချိန် ဝက်ဝံ ကိုက်ခံရပြီး သေဆုံးသွားပါတယ်။

လားရှိုး ပြည်သူ့ဆေးရုံမှာ တက်ရောက်ကုသသူတွေ တစ်ည ၁ သောင်းခွဲကနေ ၅ သောင်းအထိ ပေးနေရ၊ လျှော့ကောက်ပေးဖို့ ဒေသခံတွေ တောင်းဆို

ကိုးကန့်တပ်မတော် ထိန်းချုပ်ထားတဲ့ ရှမ်းမြောက် လားရှိုး ပြည်သူ့ဆေးရုံမှာ လူနာတွေဟာ တစ်ညကို ၁ သောင်းခွဲကနေ ၅ သောင်းအထိ ပေးနေရတာကြောင့် ဒေသခံတွေ အခက်အခဲ ကြုံနေရပါတယ်။

မုံရွာ နမခ ဌာနချုပ်ကို BWM နဲ့ မဟာမိတ်ပူးပေါင်းတပ်က ရှော့တိုက်ဒုံး ၃ လုံးနဲ့ ပစ်ခတ် တိုက်ခိုက်၊ စစ်သား ၉ ဦး သေဆုံးပြီး ၁၆ ဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်း မုံရွာမြို့ အနောက်မြောက်တိုင်းစစ်ဌာနချုပ် (နမခ)ကို BWM နဲ့ ပူးပေါင်းမဟာမိတ်အဖွဲ့က ရှော့တိုက်ဒုံး ၃ လုံးနဲ့ ပစ်ခတ် တိုက်ခိုက်ရာ စစ်သား ၉ ဦး သေဆုံးပြီး ၁၆ ဦးဒဏ်ရာ ရခဲ့တယ်လို့ BWM က ဒီနေ့ မတ်လ ၂၄ ရက်မှာ ထုတ်ပြန်ထားပါတယ်။