နမ့်ဖတ်ကာမှာ အမျိုးသားတစ်ဦး စစ်ကျန်မိုင်း နင်းမိပြီး ခြေတစ်ဖက် ပြတ်

ကချင်တပ်မတော် ထိန်းချုပ်ထားတဲ့ ရှမ်းမြောက် ကွတ်ခိုင်မြို့နယ် နမ့်ဖတ်ကာရွာမှာ မနေ့ မတ်လ ၂၆ ရက် နေ့လယ်က သက်ကြီးပိုင်း အမျိုးသားတစ်ဦး စစ်ကျန်မိုင်း နင်းမိပြီး ညာခြေထောက် ပြတ်သွားကြောင်း ဒေသခံတွေဆီက သိရပါတယ်။

စဉ့်ကူးမြို့နယ်မှာ စစ်ကောင်စီတပ်က ရွှေလုပ်ကွက်တွေကို ပစ်မှတ်ထားပြီး လေကြောင်း တိုက်ခိုက်မှု ပြုလုပ်လာ

ပြည်သူ့ကာကွယ်ရေးတပ်မတော်(မန္တလေး)- MDY PDF နဲ့ ပူးပေါင်းတပ်တွေ ထိန်းချုပ်ထားတဲ့ မန္တလေးတိုင်း စဉ့်ကူးမြို့နယ်မှာရှိတဲ့ ရွှေလုပ်ကွက်တွေကို စစ်ကောင်စီတပ်က ပစ်မှတ်ထားပြီး လေကြောင်း တိုက်ခိုက်မှု ပြုလုပ်လာနေတယ်လို့ သိရပါတယ်။

မိုင်းမောမြို့မှာ လူသတ်မှု ကျူးလွန်သူကို UWSA က သေဒဏ် ချမှတ်

“ဝ”ဒေသ မိုင်းမောမြို့မှာ လူသတ်မှု ကျူးလွန်သူကို “ဝ”ပြည် သွေးစည်းညီညွတ်ရေး တပ်မတော်- UWSA က သေဒဏ် ချမှတ်ခဲ့တယ်လို့ သိရပါတယ်။

ပုဏ္ဏားကျွန်းမြို့နယ်မှာ လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်လို့ စစ်ရှောင် ၄ ဦး သေဆုံးပြီး ၁၃ ဦး ဒဏ်ရာရ

အာရက္ခတပ်တော်- AA ထိန်းချုပ်ထားတဲ့ ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်းမြို့နယ် အောင်ဖြူပြင်ရွာကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်လို့ စစ်ဘေးရှောင် မိသားစုဝင် ၃ ဦးအပါအဝင် ၄ ဦး သေဆုံးခဲ့ပြီး ၁၃ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

သပိတ်ကျင်း ၇ မိုင်ရွာမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေ၊ စစ်ကောင်စီတပ်ဘက်က စစ်အင်အား ဖြည့်တင်းနေ

မန္တလေးတိုင်း သပိတ်ကျင်းမြို့နယ် ၇ မိုင်ကျေးရွာမှာ စစ်ကောင်စီတပ်နဲ့ တော်လှန်ရေး အင်အားစုတို့အကြား တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး စစ်တပ်ဘက်က စစ်အင်အား ဖြည့်တင်းနေတယ်လို့ ရှေ့တန်း စစ်မြေပြင်မှာ ရှိနေသူတွေက ပြောပါတယ်။

နောင်ချိုမြို့နယ်ထဲ လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်မှုမှာ အရပ်သား ၄ ဦး သေဆုံးပြီး ၄ ဦး ဒဏ်ရာရ

တအာင်းတပ်မတော်- TNLA ထိန်းချုပ်ထားတဲ့ ရှမ်းမြောက် နောင်ချိုမြို့နယ်ထဲ လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်မှုမှာ အရပ်သား ၄ ဦး သေဆုံးကာ ၄ ဦး ဒဏ်ရာ ရခဲ့တယ်လို့ မြေပြင်အခြေအနေ သိရှိသူတွေက ရွှေဖီမြေကို ပြောပါတယ်။

ငဖဲမြို့နယ်မှာ ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်လို့ စစ်ဘေးရှောင်တစ်ဦး သေဆုံးပြီး တစ်ဦး ဒဏ်ရာရ

မကွေးတိုင်း ငဖဲမြို့နယ် အမ်း-ပဒါန်း ကားလမ်းမပေါ်က လိုင်ရွာကို စစ်ကောင်စီတပ်က ဒရုန်းနဲ့ ဗုံးကြဲ တိုက်ခိုက်လို့ စစ်ဘေးရှောင် ချင်းအမျိုးသားတစ်ဦး သေဆုံးခဲ့ပြီး တစ်ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ထိုင်းနိုင်ငံမှာ ဖမ်းမိတဲ့ မူးယစ်ဆေးဝါးဟာ KNU/KNLA နဲ့ လုံးဝ မသက်ဆိုင်ကြောင်း KNLA က ထုတ်ပြန်လာ

ထိုင်းနိုင်ငံမှာ ဖမ်းဆီးရမိတဲ့ မူးယစ်ဆေးဝါးတွေဟာ ကရင်တပ်မတော်- KNU/KNLA နဲ့ လုံးဝ ပတ်သက်ဆက်နွယ်မှု မရှိကြောင်း ဒီနေ့ မတ်လ ၂၆ ရက်မှာ KNLA က ထုတ်ပြန်လာပါတယ်။

ကွတ်ခိုင် လုံကြိမ်ရွာမှာ မိုးသီး ရွာချမှုကြောင့် နေအိမ် ထိခိုက်ပျက်စီး

ရှမ်းမြောက် ကွတ်ခိုင်မြို့နယ် လုံကြိမ်ကျေးရွာမှာ မိုးနဲ့အတူ မိုးသီး ရွာချတာကြောင့် နေအိမ် ထိခိုက်ပျက်စီးခဲ့တယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

ပြင်ဦးလွင်မြို့နယ်မှာ ဓားထိုးလုယက်မှုဖြစ်လို့ အမျိုးသား ၂ ဦး ပွဲချင်းပြီး သေဆုံး

မန္တလေးတိုင်း ပြင်ဦးလွင်မြို့နယ်မှာ ဓား‌ထိုး လုယက်မှုဖြစ်လို့ အမျိုးသား ၂ ဦး ပွဲချင်းပြီး သေဆုံးခဲ့တယ်လို့ ဖြစ်စဉ်ကို ကိုယ်တိုင်မြင်ခဲ့ရသူ အမျိုးသားတစ်ဦးရဲ့ ပြောပြချက်အရ သိရပါတယ်။