နိုင်ငံတဝန်း ငလျင်ဘေးဒဏ် ခံနေရချိန် နောင်ချို နောင်လင်ရွာကို လေယာဉ်နဲ့ ဗုံးကြဲ၊ နေအိမ်တွေ ပျက်စီး

နိုင်ငံတဝန်း ငလျင်ဘေးဒဏ် ခံနေရချိန် တအာင်းတပ်မတော်- TNLA ထိန်းချုပ်ထားတဲ့ ရှမ်းမြောက် နောင်ချိုမြို့နယ် နောင်လင်ရွာကို စစ်ကောင်စီတပ်က လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ နေအိမ်တွေ ပျက်စီးခဲ့တယ်လို့ ဒေသခံတွေက ရွှေဖီမြေကို ပြောပါတယ်။

ငလျင်ကြောင့် ကလော၊ တောင်ကြီးနဲ့ အင်းလေး ဖောင်တော်ဘုရားမှာ ပျက်စီးဆုံးရှုံးမှုများ၊ ဟိုတယ်အောင်ပန်း ပြိုကျမှု လူ ၂ဝ ဦး သေဆုံး

ရှမ်းတောင်မှာ ဒီနေ့ မတ်လ ၂၈ ရက် နေ့လယ် ၁ နာရီခန့်က ငလျင် လှုပ်ခတ်မှုကြောင့် လူနေအိမ်နဲ့ အဆောက်အဦးတွေ ပြိုကျပျက်စီးမှုရှိပြီး လူထိခိုက်သေဆုံးမှုလည်း ရှိတယ်လို့ စုံစမ်းသိရှိရပါတယ်။

ပြင်းအား ၇ ဒသမ ၇ ရှိ ငလျင်လှုပ်၊ ထိခိုက်ပျက်စီးမှုများ

ဒီနေ့ မတ်လ ၂၈ ရက် နေ့လယ် ၁၂ နာရီ ၅ဝ မိနစ်ကျော်ကစပြီး တိုင်းနဲ့ပြည်နယ် အများစုမှာ ပြင်းအား ၇ ဒသမ ၇ ရှိတဲ့ ငလျင် လှုပ်ခတ်သွားပါတယ်။

လားရှိုးမြို့ထဲ စစ်ကောင်စီတပ် ပြန်ဝင်လာမှာကို ဒေသခံတွေ စိုးရိမ်နေ

ကိုးကန့်တပ်မတော်- MNDAA ထိန်းချုပ်ထားတဲ့ ရှမ်းမြောက် လားရှိုးမြို့ထဲ စစ်ကောင်စီတပ် ပြန်ဝင်လာမှာကို စိုးရိမ်နေတယ်လို့ ဒေသခံတွေက ရွှေဖီမြေကို ပြောပါတယ်။

အကြမ်းဖက်လမ်းစဉ် ကျင့်သုံးပြီး အကျပ်ကိုင် တောင်းဆိုတာကို စစ်တပ်အနေနဲ့ အလျှော့ပေးတဲ့ အစဉ်အလာ မရှိကြောင်း စစ်ခေါင်းဆောင်ပြော

မြန်မာ့သမိုင်းမှာ အကြမ်းဖက်လမ်းစဉ် ကျင့်သုံးပြီး အကျပ်ကိုင် တောင်းဆိုခဲ့တဲ့ ဖြစ်စဉ်တိုင်းမှာ စစ်တပ်အနေနဲ့ အလျှော့ပေး လက်ခံခဲ့ပေးတဲ့ အစဉ်အလာ မရှိဘူးလို့ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားခဲ့ပါတယ်။

အင်းလေးမှာ ပန်းထိမ်အပါအဝင် ပန်းဆယ်မျိုးလုပ်ငန်းတွေ တိမ်ကောလုနီးပါးဖြစ်လာ

ရှမ်းတောင် ညောင်ရွှေမြို့နယ် အင်းလေးဒေသမှာ ပန်းထိမ်အပါအဝင် ပန်းဆယ်မျိုး လက်မှုပညာတွေ တိမ်ကောလုနီးပါးအခြေအနေ ဖြစ်နေကြောင်း ဒေသတွင်း လုပ်ငန်းရှင်တွေက ပြောပါတယ်။

သပိတ်ကျင်းမြို့နယ် ၇ မိုင် တိုက်ပွဲမှာ မိုးကုတ်ဗျူဟာ တပ်ဖွဲ့ဝင် ၁၂ ဦး ကျဆုံး

မန္တလေးတိုင်း သပိတ်ကျင်းမြို့နယ် ၇ မိုင်ကျေးရွာ တိုက်ပွဲမှာ မိုးကုတ်ဗျူဟာ တပ်ဖွဲ့ဝင် ၁၂ ဦး ကျဆုံးခဲ့တယ်လို့ မိုးကုတ်ဗျူဟာက ဒီနေ့ မတ်လ ၂၈ ရက်မှာ သတင်းထုတ်ပြန်လာပါတယ်။

ဂန့်ဂေါမြို့မှာ ဈေးရောင်းချခွင့်နဲ့ ကားမောင်းခွင့် စစ်ကောင်စီ ကန့်သတ်ထား

မကွေးတိုင်း ဂန့်ဂေါမြို့မှာ ဈေးသည်တွေ ဈေးရောင်းချခွင့်နဲ့ ကားပိုင်ရှင်၊ ကားသမားတွေ ကားပြေးဆွဲခွင့် စစ်ကောင်စီတပ်က ကန့်သတ်လိုက်ပြီး ထောင်ဒဏ် ၆ လအထိ ချမှတ်နိုင်တဲ့ ဒေသန္တရအမိန့်ကို ထုတ်ပြန်လိုက်တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ဆီဆိုင်မှာ PNA က ပြည်သူ့စစ်သင်တန်း တက်ရောက်သူတွေဆီကနေ ကျည်ဆံဖိုး ပြန်ကောက်

ရှမ်းတောင် ပအိုဝ်းဒေသ ဆီဆိုင်မြို့မှာ ပြည်သူ့စစ်သင်တန်း တက်ရောက်သူတွေက ကျည်ဆံဖိုး ပြန်ထည့်နေရတယ်လို့ ဒေသတွင်း စစ်မှုထမ်း အကြုံးဝင်သူ လူငယ်တွေက ပြောပါတယ်။

CDM သူနာပြုဆရာမအပေါ် လူ့အခွင့်အရေး ချိုးဖောက်မှု ထိရောက်စွာ အရေးယူပေးဖို့ ရှိ အမျိုးသမီးအဖွဲ့က NUG ထံ တောင်းဆို

CDM သူနာပြုဆရာမ ယဉ်မွန်အောင်ကို ရိုက်နှက်နှိပ်စက်ခဲ့တဲ့ ကျောက်ဆည်ခရိုင် ပြည်သူ့ကာကွယ်ရေးတပ်ရင်း (၃)က တာဝန်ရှိသူတွေကို ထိရောက်စွာ အရေးယူပေးဖို့ ရှိ- Shield အမျိုးသမီးအဖွဲ့က အမျိုးသား ညီညွတ်ရေးအစိုးရ- NUG ထံ အိတ်ဖွင့်စာ ပေးပို့ကာ တိုင်ကြားခဲ့ပါတယ်။