ငလျင်ဘေးသင့်သူအတွက် UWSA က ကျပ်သန်း ၂ ထောင် ကူညီမယ်

ငလျင်ဘေးသင့် မြန်မာပြည်သူတွေကို “ဝ”ပြည် သွေးစည်းညီညွတ်ရေး တပ်မတော်- UWSA က ကျပ် သန်း ၂ ထောင် ကူညီမယ်လို့ ဆိုပါတယ်။

မူဆယ်မြို့ရှိ ကျားဖြန့်လုပ်ငန်းကို တရုတ်နိုင်ငံသား ၁ ထောင်ကျော်က ဆက်လုပ်နေ

ရှမ်းမြောက် တရုတ်-မြန်မာနယ်စပ်ဖြစ်တဲ့ မူဆယ်မြို့မှာ အွန်လိုင်းငွေလိမ်ဂိုဏ်း ကျားဖြန့်လုပ်ငန်းကို တရုတ်နိုင်ငံသား ၁ ထောင်ကျော်က ဆက်လက် လုပ်ကိုင်နေပါတယ်။

ငလျင် လှုပ်နေချိန်အတွင်း နောင်ချို နောင်လင်ရွာကို စစ်ကောင်စီတပ် ဂျက်ဖိုက်တာ ၃ စီးနဲ့ ဗုံးကြဲတိုက်ခိုက်၊ ဓနုတပ်ဖွဲ့ စစ်မေ ၆ ဦးနဲ့ တပ်သား ၁ ဦး ကျဆုံး

မနေ့ မတ်လ ၂၈ ရက် နေ့လယ်က ငလျင် လှုတ်ခတ်နေချိန်အတွင်း နောင်ချိုမြို့နယ် နောင်လင်ရွာထဲ စစ်တပ်က ဂျက်ဖိုက်တာ ၃ စီးနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ ဓနုတပ်- DPLA ရဲ့ စစ်မေ ၆ ဦးနဲ့ တပ်သား ၁ ဦး စုစုပေါင်း ၇ ဦး ကျဆုံးခဲ့ပြီး အရပ်သား ထိခိုက်မှုလည်း ရှိခဲ့တယ်လို့ ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

မိုးဗြဲမြို့ကို ပြန်ထိန်းချုပ်နိုင်ဖို့ စစ်ကောင်စီတပ်က အင်အား အလုံးအရင်း အသုံးပြုပြီး ထိုးစစ်ဆင်၊ မြို့ကို တော်လှန်ရေးတပ် ဆက်လက် ထိန်းချုပ်ထား

ရှမ်းတောင် ဖယ်ခုံမြို့နယ် မိုးဗြဲမြို့ကို ပြန်ထိန်းချုပ်နိုင်ဖို့ စစ်ကောင်စီတပ်က အင်အား အလုံးအရင်း အသုံးပြုကာ ထိုးစစ်ဆင် တိုက်ခိုက်နေပြီး တိုက်ပွဲ ဆက်လက် ပြင်းထန်နေတယ်လို့ ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ်- KNDF က မတ်လ ၂၇ ရက်မှာ ထုတ်ပြန်ထားပါတယ်။

ငလျင်ဒဏ်ကြောင့် ထိခိုက်ဒဏ်ရာရသူကို လားရှိုး ပြည်သူ့ဆေးရုံမှာ အခမဲ့ ကုသပေးမယ်လို့ MNDAA ထုတ်ပြန်

မန္တလေး၊ စစ်ကိုင်းတိုင်းနဲ့ တခြားဒေသက ငလျင်ဒဏ်ကြောင့် ထိခိုက်ဒဏ်ရာရတဲ့ လူထုတွေအနေနဲ့ ကိုးကန့်တပ်- MNDAA ထိန်းချုပ်ထားတဲ့ လားရှိုး ပြည်သူ့ဆေးရုံမှာ အခမဲ့ လာကုနိုင်​တယ်လို့ လားရှိုးပြန်လည်ထူထောင်ရေး တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

ကွမ်းလုံမှာ ကိုးကန့်တပ်သားတစ်ဦး ခြံရှင်းရာကနေ မိုင်းနင်းမိပြီး ခြေ‌တစ်ဖက် ပြတ်

ကိုးကန့်တပ်မတော်- MNDAA ထိန်းချုပ်ထားတဲ့ ကွမ်းလုံမြို့မှာ ကိုးကန့်တပ်သားတစ်ဦး ခြံရှင်းရာကနေ မိုင်းနင်းမိပြီး ခြေ‌တစ်ဖက် ပြတ်သွားပါတယ်။

ငလျင် လှုပ်ခတ်မှုကြောင့် နမ့်ဆန် အာရမ်းရွာ စာသင်ကျောင်းရဲ့ အခန်းတချို့ ပြိုကျပျက်စီး

တအာင်းဒေသ နမ့်ဆန်မြို့နယ် အာရမ်းကျေးရွာမှာ ဒီနေ့ လှုပ်ခတ်ခဲ့တဲ့ ငလျင်ကြောင့် အထက စာသင်ကျောင်းက အခန်းတချို့ ပြိုကျပျက်စီးခဲ့တယ်လို့ ဒေသခံ အမျိုးသမီးတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

နန်းပန်မြို့မှာ ငလျင်ဘေးကြောင့် သေဆုံးသူ ၃၇ ဦးအထိ ရှိလာ၊ အရေးပေါ်အကူအညီ လိုအပ်နေ

ရှမ်းတောင် ညောင်ရွှေမြို့နယ် နန်းပန်မြို့မှာ ငလျင်ဘေးကြောင့် သေဆုံးသူ ၃၇ ဦးအထိ ရှိလာပြီး အရေးပေါ်အကူအညီ လိုအပ်နေတယ်လို့ ကယ်ဆယ်ရေး လုပ်ပေးနေသူတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

ငလျင်လှုပ်ခတ်မှုကြောင့် အပျက်အစီးများတဲ့ နေရာ ၆ ခုကို အရေးပေါ်အခြေအနေ ကြေညာ၊ နောက်ဆက်တွဲ ငလျင် ထပ်လှုပ်လာနိုင်ကြောင်း သတိပေး

မြေငလျင် လှုပ်ခတ်မှုကြောင့် အပျက်အစီးများတဲ့နေရာ ၆ ခုကို စစ်ကောင်စီရဲ့ အမျိုးသား သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီက အရေးပေါ်အခြေအနေ ကြေညာလိုက်ပါတယ်။

နန်းပန်မြို့မှာ ငလျင်ဘေးကြောင့် သေဆုံးသူ ၂၅ ဦးထက်မနည်း ရှိနိုင်

ရှမ်းတောင် ညောင်ရွှေမြို့နယ် နန်းပန်မြို့မှာ ငလျင်ဘေးကြောင့် သေဆုံးသူ ၂၅ ဦးထက်မနည်း ရှိနိုင်တယ်လို့ ကူညီကယ်ဆယ်ရေး လုပ်ပေးနေသူတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။