ငလျင်ဘေးသင့် လူထုတွေကို ညီအစ်ကိုစိတ်ရင်းအပြည့်နဲ့ ကူညီသွားမယ်လို့ ညီနောင်မဟာမိတ် ၃ ဖွဲ့ ပြော

မနေ့ မတ်လ ၂၈ ရက် နေ့လယ်ပိုင်းမှာ ဖြစ်ပွားခဲ့တဲ့ ငလျင်လှုပ်ခတ်မှုကြောင့် ထိခိုက်ခဲ့တဲ့ လူထုတွေကို ညီအစ်ကို စိတ်ရင်းအပြည့်နဲ့ ကူညီသွားမယ်လို့ ညီနောင်မဟာမိတ် ၃ ဖွဲ့ဖြစ်တဲ့ တအာင်းတပ်- TNLA၊ ကိုးကန့်တပ်- MNDAA နဲ့ အာရက္ခတပ်တော်- AA က ဒီနေ့မှာ ထုတ်ပြန်လာပါတယ်။

အင်းလေးဒေသ ရေပေါ်ရွာတွေမှာ ငလျင်ဘေးဒဏ် အဆိုးဆုံးခံရ၊ သေဆုံးသူ အလောင်း ၆၀ နီးပါး တွေ့ရှိထား

ရှမ်းတောင် အင်းလေးဒေသ ညောင်ရွှေမြို့နယ် နန်းပန်မြို့မှာ ငလျင်ဘေးဒဏ်အဆိုးဆုံး ခံနေရပြီး သေဆုံးသူ အလောင်း ၆၀ နီးပါး တွေ့ရှိထားတယ်လို့ ကူညီကယ်ဆယ်ရေး လုပ်ပေးနေသူတွေက ရွှေဖီမြေကို ပြောပါတယ်။

လူသားချင်း စာနာထောက်ထားမှုအနေနဲ့ လားရှိုးမှာ ကျင်းပမယ့် သင်္ကြန်ပွဲတော်အပါအဝင် ဘယ်ပွဲတော်မှ မကျင်းပဖို့ MNDAA ဗဟို ထုတ်ပြန်

တစ်နိုင်ငံလုံး ငလျင်ဘေးဒဏ် ခံနေရချိန်မှာ လူသားချင်း စာနာထောက်ထားမှုထားပြီး လားရှိုးမြို့မှာ ကျင်းပမယ့် သင်္ကြန်ပွဲတော်နဲ့ တခြားပျော်ပွဲရွှင်ပွဲတွေ မကျင်းပဖို့ ကိုးကန့်တပ်မတော်- MNDAA က ဒီနေ့ တရားဝင်စာ ထုတ်ပြန်လာပါတယ်။

အောင်မြေသာစံမြို့နယ်ရှိ Sky Villa အဆောက်အဦး ငလျင် လှုပ်ခတ်မှုကြောင့် ပိတ်မိနေသူ ၄၃ ဦးကို အသက်ရှင်လျက် ကယ်ထုတ်နိုင်ခဲ့၊ သေဆုံးသူ ၉ ဦးရဲ့ အလောင်း တွေ့ရှိထား

မန္တလေးတိုင်း အောင်မြေသာစံမြို့နယ်ရှိ Sky Villa အဆောက်အဦးမှာ ငလျင်လှုပ်ခတ်မှုကြောင့် ပိတ်မိနေသူ ၄၃ ဦးကို အသက်ရှင်လျက် ကယ်ထုတ်နိုင်ခဲ့ပြီး သေဆုံးသူ ၉ ဦးရဲ့အလောင်း တွေ့ရှိထားတယ်လို့ မြန်မာနိုင်ငံ မီးသတ်ဦးစီးဌာနက ထုတ်ပြန်ထားပါတယ်။

မန္တလေးမြို့ရှိ ဥလှသိန်းဗိမ္မာန်မှာ ငလျင် လှုပ်ခတ်မှုကြောင့် ဓမ္မစရိယစာမေးပွဲ ဖြေဆိုနေတဲ့ သံဃာတော် အပါး ၈၀ ထက်မနည်း ပျံလွန်တော်မူ

မန္တလေးမြို့ရှိ ဥလှသိန်းဗိမ္မာန်မှာ ငလျင် လှုပ်ခတ်မှုကြောင့် ဓမ္မစရိယစာမေးပွဲ ဖြေဆိုနေတဲ့ သံဃာတော် အပါး ၈၀ ထက်မနည်း ပျံလွန်တော်မူသွားတယ်လို့ ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

ငလျင်ကြောင့် နမ့်ဆန်မြို့က စာသင်ကျောင်းနံရံ ပြိုကျလို့ မူကြိုကလေးငယ် ၂ ဦး ဒဏ်ရာရ

ငလျင် လှုပ်ခတ်မှုကြောင့် တအာင်းတပ်- PSLF/TNLA ထိန်းချုပ်ထားတဲ့ ရှမ်းမြောက် နမ့်ဆန်မြို့နယ် ငွန်ဆိုင်းရွာက TLEC စာသင်ကျောင်းနံရံ ပြိုကျလို့ မူကြို တက်နေတဲ့ ကလေးငယ် ၂ ဦး ထိခိုက်ဒဏ်ရာ ရခဲ့တယ်လို့ သိရပါတယ်။

ငလျင်ကြောင့် မန္တလေးမှာ သေဆုံးသူ ၈၀၀ ကျော် ရှိလာ၊ အေးရိပ်ငြိမ်သုဿန်မှာ အလောင်းတွေ စုပုံနေ

အင်အားပြင်းတဲ့ ငလျင်ဒဏ်ကြောင့် မန္တလေးမြို့မှာ သေဆုံးသူ ၈၀၀ ကျော်အထိရှိလာပြီး အေးရိပ်ငြိမ်သုဿန်မှာ အလောင်း စုပုံနေတယ်လို့ ဒေသခံ ပရဟိတသမားတွေက ရွှေဖီမြေကို ပြောပါတယ်။

အောင်ပန်းမှာ ငလျင်ကြောင့် သေဆုံးသူ ၃ လောင်း တွေ့ရှိထားပြီး ၂၄ ဦးကို အသက်ရှင်လျက် ကယ်ထုတ်နိုင်ခဲ့

ရှမ်းတောင် ကလောမြို့နယ် အောင်ပန်းမြို့မှာ ငလျင် လှုပ်ခတ်မှုကြောင့် သေဆုံးသူ ၃ ဦးရဲ့အလောင်း တွေ့ရှိထားပြီး ၂၄ ဦးကို အသက်ရှင်လျက် ကယ်ထုတ်နိုင်ခဲ့တယ်လို့ ကယ်ဆယ်ရေး လုပ်နေသူတွေက ရွှေဖီမြေကို ပြောပါတယ်။

မန္တလေးမှာ ငလျင်ဒဏ်ကြောင့် သေဆုံးသူ ၇၀၀ နီးပါးရှိကြောင်း စစ်ကောင်စီ ထုတ်ပြန်

မန္တလေးတိုင်းမှာ ငလျင်လှုပ်ခတ်မှုကြောင့် သေဆုံးသူ ၇၀၀ နီးပါးရှိပြီး ဒဏ်ရာရသူ ၁,၆၄၀ ဦးနဲ့ ပျောက်ဆုံးနေသူ ၆၈ ဦး ရှိတယ်လို့ စစ်ကောင်စီက ဒီနေ့ မတ်လ ၂၉ ရက်မှာ ထုတ်ပြန်လာပါတယ်။

တရုတ်နိုင်ငံ ယူနန်ပြည်နယ်မှ ကယ်ဆယ်ရေးအဖွဲ့ မြန်မာနိုင်ငံသို့ ရောက်ရှိ

တရုတ်နိုင်ငံ ယူနန်ပြည်နယ်မှ လူ ၃၇ ဦးပါတဲ့ လူမှုကယ်ဆယ်ရေးအဖွဲ့နဲ့ ဆေးကုသရေးအဖွဲ့ဟာ ကူမင်း အပြည်ပြည်ဆိုင်ရာလေဆိပ်ကနေ မြန်မာနိုင်ငံမှ ငလျင်ဒဏ်သင့်သူတွေကို ကူညီဖို့ ရန်ကုန်မြို့‌သို့ ရောက်ရှိနေပြီလို့ သိရပါတယ်။