Browsing Category
သတင်း
3846 posts
Stay informed with the latest breaking news and in-depth reporting on a wide range of topics, including local news, education, breaking news and more.
စစ်ကိုင်းရှိ သာသနာ့ဝံသီ သီလရှင်ကျောင်း ငလျင်ကြောင့် အဆောက်အအုံ ပြိုကျ၊ ဆရာလေးနှစ်ပါး ပျံလွန်တော်မူပြီး တစ်ပါးရဲ့အလောင်း ထုတ်ယူလို့ မရသေးဘဲ အပုတ်နံ့ထွက်နေ၊ အပါး ၂၀ ဒဏ်ရာရ
စစ်ကိုင်းမြို့ရှိ သာသနာ့ဝံသီ ပလောင်သီလရှင်ကျောင်း ငလျင် လှုပ်ခတ်ပြီး အဆောက်အအုံ ပြိုကျလို့ ဆရာလေးနှစ်ပါး ပျံလွန်တော်မူပြီး အပါး၂၀ ဆေးရုံ တက်ရောက်ကာ ကုသနေရတယ်လို့ ကူညီရေး လုပ်ပေးနေတဲ့ အမျိုးသမီးတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။
ငလျင်ဘေး သင့်နေချိန် TNLA ထိန်းချုပ်တဲ့ မိုးကုတ်မြို့ကို ဗုံးကြဲဖို့ စစ်ကောင်စီ လော်ဘီတွေက လှုံ့ဆော်နေ
ငလျင်ဒဏ် အပြင်းအထန် ခံစားနေရချိန် စစ်ကောင်စီကို ထောက်ခံတဲ့ Telegram လော်ဘီချန်နယ်တွေမှာတော့ တအာင်းတပ်- TNLA ထိန်းချုပ်ထားတဲ့ မန္တလေးတိုင်း မိုးကုတ်မြို့ကို ဗုံးကြဲဖို့ လှုံ့ဆော်နေတာကို တွေ့နေရပါတယ်။
မန္တလေး ပြည်ကြီးတံခွန်မှာ ငလျင်ကြောင့် နေအိမ် ပြိုကျခဲ့ပြီး သေဆုံးသွားတဲ့ မိသားစု ၇ ဦး မသယ်ထုတ်နိုင်သေးလို့ အပုတ်နံ့ ထွက်နေ၊ စစ်ကောင်စီတပ်က ဓာတ်ပုံရိုက်ခွင့် မပေး
အင်အားပြင်းငလျင် လှုပ်ခတ်ခဲ့တာကြောင့် မန္တလေးတိုင်း ပြည်ကြီးတံခွန်မြို့နယ် ၅၂ လမ်း၊ ၁၂၈ လမ်းအနီး ပြိုကျပျက်စီးခဲ့တဲ့ နေအိမ်တွေထဲက နေအိမ်တစ်ခုမှာ မိသားစု ၇ ဦး သေဆုံးခဲ့ပေမဲ့ ကယ်ဆယ်ရေး မလုပ်ပေးနိုင်သေးတာကြောင့် ဒီနေ့မနက်အထိ အပုတ်နံ့ ထွက်နေတယ်လို့ ရပ်ကွက်နေအမျိုးသမီးက ရွှေဖီမြေကို ပြောပါတယ်။
လားရှိုးမြို့အနီး ခေးနင်းရွာမှာ ၁၀ နှစ်အရွယ် ကလေးငယ်တစ်ဦးနဲ့ ဖခင်ကို သတ်ပြီး ကားကို ယူဆောင်သွား၊ တရားခံကို ဖမ်းပေးဖို့ မိသားစုဝင် တောင်းဆို
ကိုးကန့်တပ်- MNDAA ထိန်းချုပ်ထားတဲ့ ရှမ်းမြောက် လားရှိုးမြို့အနီးရှိ ခေးနင်းကျေးရွာမှာ အသက် ၁၀ နှစ်အရွယ် ကလေးငယ်တစ်ဦးနဲ့ ဖခင်ဖြစ်သူ သတ်ခံခဲ့ရတယ်လို့ မိသားစုဝင်က ရွှေဖီမြေကို ပြောပါတယ်။
အင်းလေးဒေသမှာ ငလျင်ကြောင့် သေဆုံးသူရဲ့ အလောင်းတွေကို မီးသဂြိုလ်ပေး၊ အဆောက်အဦး ပိမိပြီး ကယ်ထုတ်မရတဲ့သူတွေ ရှိနေဆဲ
ရှမ်းတောင် အင်းလေးဒေသ ညောင်ရွှေမြို့နယ်ထဲ ငလျင်ကြောင့် သေဆုံးသူရဲ့ အလောင်းတွေကို မီးသဂြိုလ်ပေးနေပြီး အဆောက်အဦး ပိမိပြီး ကယ်ထုတ်မရတဲ့သူ ထပ်ရှိနေတယ်လို့ ကယ်ဆယ်ရေး လုပ်နေသူတွေက ရွှေဖီမြေကို ပြောပါတယ်။
မန္တလေးမြို့တစ်ခုလုံး ငလျင်ဒဏ် ခံနေရချိန် စစ်ကောင်စီတပ်က မဟာအောင်မြေမြို့နယ်မှာ စစ်မှုထမ်းဖို့ မဲပေါက်သူတွေကိုလိုက်လံ ခေါ်ယူနေ
မန္တလေးမြို့တစ်ခုလုံး ငလျင်ဒဏ် ခံနေရချိန် မဟာအောင်မြေမြို့နယ်ထဲမှာ စစ်ကောင်စီက စစ်မှုထမ်းဖို့ မဲပေါက်ထားတဲ့ လူငယ်တွေကို လိုက်လံ ခေါ်ယူနေတယ်လို့ ဒေသခံတွေက ရွှေဖီမြေကို ပြောပါတယ်။
ငလျင်ဒဏ် ခံစားနေရတဲ့ လူထုတွေကို အရေးပေါ် ကူညီကယ်ဆယ်နိုင်ဖို့ ထိုးစစ် ခေတ္တရပ်ထားမယ်လို့ NUG ထုတ်ပြန်
ငလျင်ဒဏ်ကြောင့် ပြိုကျပျက်စီးတဲ့ နေအိမ်၊ အဆောက်အဦးမှာ ပိတ်မိနေတဲ့ လူထုတွေကို အရေးပေါ် ကယ်ဆယ်ရေးလုပ်ငန်း ဆောင်ရွက်နိုင်ဖို့အတွက် ငလျင်ဘေးသင့်တဲ့ဒေသမှာ မတ်လ ၃၀ ရက်ကစပြီး ၂ ပတ် ကြာတဲ့အထိ ထိုးစစ် ခေတ္တရပ်ထားမယ်လို့ အမျိုးသား ညီညွတ်ရေးအစိုးရ- NUG က ထုတ်ပြန်လာပါတယ်။