မန္တလေး တံတားဦးမှာလည်း ငလျင်ကြောင့် သေဆုံးသူ ၁၂၀ ကျော်အထိ ရှိနေ၊ ကယ်ဆယ်ရေးအဖွဲ့ လာရောက် ကူညီ‌ပေးဖို့ ဒေသခံတွေ တောင်းဆို

မန္တလေးတိုင်း တံတားဦးမြို့နယ်မှာ ငလျင် လှုပ်ခတ်ခဲ့တာကြောင့် သေဆုံးသူ ၁၂၀ ကျော်အထိ ရှိလာပြီး ကယ်ဆယ်ရေးအဖွဲ့တွေ လာရောက် ကူညီပေးဖို့ကိုလည်း ဒေသခံတွေက တောင်းဆိုနေပါတယ်။

မန္တလေးမှာ စစ်ကောင်စီက သင်္ကြန်မဏ္ဍပ်တွေ အင်တိုက်အားတိုက် ဆောက်လုပ်နေဆဲ

ငလျင်ဒဏ်ကို အလူးအလဲ ခံစားနေရတဲ့ မန္တလေးမြို့မှာ စစ်ကောင်စီက သင်္ကြန်မှာ ပျော်ပါးဖို့အတွက် မဏ္ဍပ်တွေကို အင်တိုက်အားတိုက်နဲ့ ဆောက်လုပ်နေဆဲဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ငလျင်ကြောင့် ပြိုကျခဲ့တဲ့ ဦးလှသိန်း ဗိမ္မာန်အတွင်း ပျောက်ဆုံးနေတဲ့ သံဃာတော်တွေကို ဆက်လက် ရှာဖွေနေ၊ ပျက်စီးနေတဲ့ အဆောက်အဦးကြားမှာ အပုတ်နံ့ ထွက်နေ

ငလျင်ကြောင့် ပြိုကျခဲ့တဲ့ မန္တလေးမြို့က ဦးလှသိန်း ဗိမ္မာန်အတွင်းမှာ ပျောက်ဆုံးနေတဲ့ သံဃာတော်တွေကို ဆက်လက် ရှာဖွေနေပြီး ပျက်စီးနေတဲ့ အဆောက်အဦးကြားမှာလည်း အပုတ်နံ့ ထွက်နေတယ်လို့ ငလျင်လှုပ်ခတ်စဥ် ဦးလှသိန်း ဗိမ္မာန်ကနေ လွတ်မြောက်လာတဲ့ ဦးဇင်းတစ်ပါးက မိန့်ပါတယ်။

အင်းလေးဒေသမှာ ငလျင်ကြောင့် သေဆုံးသူ ၉၀ နီးပါးအထိ ရှိလာ၊ နေအိမ်ပေါင်း ၂ ထောင်ကျော် ပျက်စီး

ရှမ်းတောင် ညောင်ရွှေမြို့နယ် အင်းလေးဒေသမှာ ငလျင်ကြောင့် သေဆုံးသူ ၉၀ နီးပါး ရှိလာပြီး နေအိမ်ပေါင်း ၂ ထောင်ကျော်လည်း ပျက်စီးခဲ့တယ်လို့ ပအိုဝ်းလူငယ်အစည်းအရုံး- PYO ရဲ့ စာရင်းအရ သိရပါတယ်။

မန္တလေး ချမ်းမြသာစည်မှာ ငလျင်‌ကြောင့် ၇ လွှာတိုက် ပြိုကျလို့ အယောက် ၄၀ ပိတ်မိနေဆဲ

ငလျင် လှုပ်ခတ်မှုကြောင့် မန္တလေးတိုင်း ချမ်းမြသာစည်မြို့နယ် ၁၅-၁၆ လမ်းကြား နှင်းဆီခြံ ဗလီဝင်းထဲက ၇ လွှာတိုက် ပြိုကျခဲ့ပြီး လက်ရှိအချိန်ထိ အယောက် ၄၀ ပိတ်မိနေဆဲဖြစ်ကြောင်း ဒေသခံတွေက ရွှေဖီမြေကို ပြောပါတယ်။

ငလျင်ဘေးသင့် လူထုတွေကို ကူညီဖို့ ကိုယ်စွမ်းဥာဏ်စွမ်း တတ်နိုင်သလောက် ပါဝင်ကူညီမယ်လို့ KNU ပြော

မြန်မာနိုင်ငံအတွင်း နေရာတချို့မှာ ငလျင်ဘေးသင့် လူထုတွေကို ကူညီဖို့ ကိုယ်စွမ်းဥာဏ်စွမ်း တတ်နိုင်သလောက် ပါဝင်ကူညီသွားမယ်လို့ ဒီနေ့ မတ်လ ၃၀ ရက်မှာ KNU က ထုတ်ပြန်လာပါတယ်။

စစ်ကိုင်းတိုင်းမှာ ငလျင်ကြောင့် သေဆုံးသူ ၈၀ ကျော် တွေ့ရှိထားပြီး ၃၈ ဦးကို အသက်ရှင်လျက် ကယ်ထုတ်နိုင်ခဲ့

ငလျင်ဘေးဒဏ်ကြောင့် စစ်ကိုင်းတိုင်းမှာ သေဆုံးသူ အလောင်း ၈၈ ဦး တွေ့ရှိထားပြီး ၃၈ ဦးကို အသက်ရှင်လျက် ကယ်ထုတ်နိုင်ခဲ့တယ်လို့ မြန်မာနိုင်ငံ မီးသတ်ဦးစီးဌာနက ထုတ်ပြန်လာပါတယ်။

မိုးကုတ်မြို့မှာ စက်သုံးဆီဆိုင်တချို့ ဆီစတင်ပြတ်လပ်နေ၊ တစ်လီတာကို ၁ သောင်းအထိ မြှင့်တက်လာ

မန္တလေးတိုင်း မိုးကုတ်မြို့မှာ စက်သုံးဆီဆိုင်တချို့ ဆီစတင်ပြတ်လပ်နေပြီး ဆီတစ်လီတာကို ၁ သောင်းအထိ မြှင့်တက်လာတယ်လို့ ဒေသခံတွေက ရွှေဖီမြေကို ပြောပါတယ်။

မန္တလေးမှာ ငလျင် လှုပ်ခတ်မှု ထပ်မံဖြစ်ပွား

ငလျင်ဒဏ်ကြောင့် ထိခိုက်သေဆုံးမှု များတဲ့ မန္တလေးတိုင်းမှာ ဒီနေ့ မတ်လ ၃၀ ရက် နေ့လယ် ၁ နာရီ ၃၈ မိနစ်မှာ ငလျင် လှုပ်ခတ်မှု ထပ်မံ ဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်ကိုင်းမှာ မြေငလျင်ကြောင့် ထိခိုက်ပျက်စီးမှုများပြီး ကူညီကယ်ဆယ်မှု အားနည်းနေ

အင်အားပြင်းတဲ့ ငလျင်ရဲ့ လှုပ်ခတ်မှုကြောင့် စစ်ကိုင်းတိုင်းမှာ ထိခိုက်ပျက်စီးမှုနဲ့ သေဆုံးမှု များနေပြီး ကူညီကယ်ဆယ်ရေးအဖွဲ့တွေ အားနည်းနေတယ်လို့ စစ်ကိုင်းဒေသခံတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။