ငလျင်လှုပ်ချိန် ထွက်ပြေးခွင့် မပေးလို့ အိုးဘိုထောင်မှာ အကျဉ်းသား ၄ ဦး သေဆုံးပြီး ၁၀ ဦး ပြင်းထန်ဒဏ်ရာရ

မန္တလေးတိုင်း အိုးဘိုအကျဉ်းထောင်မှာ ငလျင်ဒဏ်ကြောင့် အကျဉ်းသား ၄ ဦး သေဆုံးပြီး ၁၀ ဦးခန့် ပြင်းထန်ဒဏ်ရာ ရရှိထားတယ်လို့ ထောင်နဲ့ နီးစပ်သူတွေက ပြောပါတယ်။

ငလျင်ဘေး အကူအညီ လိုအပ်နေချိန် မြောက်ဦးမြို့ကို လေကြောင်းနဲ့ တိုက်ခိုက်လို့ အရပ်သားတစ်ဦး သေဆုံး

ငလျင်ဘေးအတွက် အကူအညီ လိုအပ်နေချိန်မှာ ရခိုင်ပြည်နယ် မြောက်ဦးမြို့ကို စစ်ကောင်စီတပ်က မြေပြင်မှာ တိုက်ပွဲ ဖြစ်ပွားခြင်းမရှိဘဲ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ အရပ်သားတစ်ဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ညောင်ရွှေမြို့နယ် ရေပူရွာကို စစ်ကောင်စီ အပေါင်းအပါတွေက ဗုံးကြဲတိုက်ခိုက်

ရှမ်းတောင် ညောင်ရွှေမြို့နယ် ရေပူရွာကို စစ်ကောင်စီတပ်နဲ့ ၎င်းရဲ့ လက်အောက်ခံ ပအိုဝ်းပြည်သူ့စစ်- PNO က ဒရုန်း အသုံးပြုပြီး ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ အင်းလေးဒေသ လူ့အခွင့်အရေးအဖွဲ့က မနေ့ မတ်လ ၃၁ ရက်မှာ ထုတ်ပြန်ထားပါတယ်။

ငလျင်ဘေးဒဏ်သင့်တဲ့ လူထုတွေကို စာနာတဲ့အနေနဲ့ အထူးဒေသ(၄)မှာ ကျင်းပဖို့ ပြင်ဆင်နေတဲ့ သင်္ကြန်ပွဲတော် ဖျက်သိမ်း

ငလျင်ဘေးဒဏ်သင့်တဲ့ လူထုတွေကို စာနာတဲ့အနေနဲ့ အထူးဒေသ(၄)မှာ ကျင်းပဖို့ ပြင်ဆင်နေတဲ့ သင်္ကြန်ပွဲတော်ကို ဖျက်သိမ်းကြောင်း မိုင်းလား တပ်မတော်- NDAA က မနေ့ မတ်လ ၃၁ ရက်မှာ ထုတ်ပြန်ထားပါတယ်။

ကွတ်ခိုင်မြို့ထဲက အလှူခံမဏ္ဍပ်မှာ MNDAA နဲ့ TNLA တပ်ဖွဲ့ဝင် ထိုးကြိတ်မှုဖြစ်၊ နှစ်ဖက်ခေါင်းဆောင်တွေ ဖြေရှင်းနေ

ရှမ်းမြောက် ကွတ်ခိုင်မြို့က အလှူခံမဏ္ဍပ်မှာ ကိုးကန့်တပ်- MNDAA နဲ့ တအာင်းတပ်- TNLA တပ်ဖွဲ့ဝင်တို့အကြား ထိုးကြိတ်မှု ဖြစ်ပွားခဲ့ပြီးနောက် လက်ရှိမှာ နှစ်ဖက်ခေါင်းဆောင်တွေက ဖြေရှင်းနေကြပြီဖြစ်တယ်လို့ ဒေသခံတွေက ရွှေဖီမြေကို ပြောပါတယ်။

ဂျဲယန် စစ်‌ရှောင်စခန်းက ကျောင်းသူ ၃ ယောက်ကို ပြန်ပေးဆွဲပြီး နှိပ်စက်သတ်ဖြတ်ခဲ့တဲ့ တရားခံကို သေဒဏ် ချမှတ်

ကချင်ပြည်နယ် လိုင်ဇာအနီး ဂျဲယန် စစ်‌ရှောင်စခန်းက ကျောင်းသူ ၃ ယောက်ကို ပြန်ပေးဆွဲပြီး နှိပ်စက်သတ်ဖြတ်ခဲ့တဲ့ တရားခံကို မတ်လ ၂၉ ရက်က သေဒဏ် ချမှတ်ခဲ့ကြောင်း ဒေသခံတွေဆီက သိရပါတယ်။

ငလျင်ကြောင့် အမရပူရမြို့နယ်က ဗလီပြိုကျမှုအတွင်း သေဆုံးသူအလောင်း ၃၀၀ ထုတ်ယူနိုင်၊ ကူညီကယ်‌ဆယ်ရေးတွေ လိုအပ်နေဆဲ

မန္တလေးတိုင်း အမရပူရမြို့နယ် ဗုံးအိုးကျေးရွာမှာ မြေငလျင်ကြောင့် ဗလီပြိုကျမှုဖြစ်စဉ်အတွင်း သေဆုံးသူရဲ့အလောင်း ၃၀၀ ကို ထုတ်ယူနိုင်ခဲ့ပေမဲ့ မထုတ်နိုင်သေးတဲ့ ရုပ်အလောင်းတွေ ကျန်ရှိနေပြီး အဲနေရာမှာ လက်ရှိအချိန်ထိ လူမှုကယ်ဆယ်ရေးတွေ မရောက်သေးဘူးလို့ ဗုံးအိုးဒေသခံတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

ဟိုတယ်အောင်ပန်း ပြိုကျမှုအတွင်း ပျောက်ဆုံးနေသူကို ဆက်လက် ရှာဖွေ၊ အသက်ရှင်နိုင်ခြေ နည်းကြောင်း ကယ်ဆယ်ရေးအဖွဲ့တွေ ပြော

ရှမ်းတောင် ကလောမြို့နယ် အောင်ပန်းမြို့က ဟိုတယ်အောင်ပန်း ပြိုကျမှုအတွင်း ပျောက်ဆုံးနေသူတွေကို ဆက်လက် ရှာဖွေနေပြီး ပျောက်ဆုံးနေသူတွေလည်း အသက်ရှင်နိုင်ခြေ နည်းတယ်လို့ ကယ်ဆယ်ရေးအဖွဲ့တွေက ရွှေဖီမြေကို ပြောပါတယ်။

ပင်လုံမြို့က နေအိမ် မီးလောင်မှုမှာ မိသားစုဝင် ၃ ဦး သေဆုံး

ရှမ်းတောင် ပင်လုံမြို့က သင်္ဃန်းအရောင်းဆိုင်တစ်ခု မီးလောင်ရာကနေ အိမ်ရှင်မိသားစုဝင် ၃ ဦးလည်း သေဆုံးသွားကြောင်း ဖြစ်စဉ်သိရှိသူ ပင်လုံမြို့နေ အမျိုးသမီးတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

မန္တလေးမှာ ငလျင်ကြောင့် အဆောက်အဦးကြား ပိမိနေသူ ၄၀၀ ကျော်ကို အသက်ရှင်လျက် ကယ်ထုတ်နိုင်ခဲ့

မန္တလေးတိုင်းအတွင်း ငလျင် လှုပ်ခတ်မှုကြောင့် အဆောက်အဦးကြား ပိမိနေသူ ၄၀၃ ဦးကို အသက်ရှင်လျက် ကယ်ထုတ်နိုင်ခဲ့တယ်လို့ မြန်မာနိုင်ငံ မီးသတ်ဦးစီးဌာနက ထုတ်ပြန်လာပါတယ်။