ငလျင်ဘေးသင့်သူတွေကို ကူညီဖို့လာတဲ့ တရုတ်နိုင်ငံက ကြက်ခြေနီအသင်းရဲ့ ယာဉ်တန်းကို ပစ်ခတ်ခဲ့ကြောင်း စစ်ကောင်စီ ဝန်ခံ

မြန်မာနိုင်ငံက ငလျင်ဘေးသင့်နေသူတွေကို ကူညီဖို့ ထောက်ပံ့ရေးပစ္စည်း သယ်ဆောင်လာတဲ့ တရုတ်နိုင်ငံ ကြက်ခြေနီအသင်းမှ ယာဉ်တန်း ၉ စီးကို သေနတ်နဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တာ မှန်ကန်ကြောင်း စစ်ကောင်စီတပ်ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ် ဇော်မင်းထွန်းက ဝန်ခံထားပါတယ်။

ငလျင်ဘေးအတွက် ကယ်ဆယ်ဖို့ အရေးကြီးနေချိန် စစ်ကောင်စီတပ်က မိုးညင်းမှာ လေကြောင်းနဲ့ ဗုံးကြဲလို့ ထိခိုက်မှုများ

ငလျင်ဘေးအတွက် ကယ်ဆယ်ဖို့ အရေးကြီးနေချိန်မှာ စစ်ကောင်စီတပ်က မိုးညင်းခရိုင်ထဲ လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်လို့ ထိခိုက်မှု ရှိခဲ့တယ်လို့ ဒေသခံအပြင် KIA နဲ့ နီးစပ်တဲ့သူတွေဆီက သိရပါတယ်။

ဒီးမော့ဆိုမှာ ငလျင်ဖြစ်ပြီးနောက် ပေ ၁၀၀ ကျော်နက်တဲ့ တွင်းတစ်ခု ပေါ်လာလို့ ဒေသခံတွေ စိုးရိမ်

ကရင်နီပြည် ဒီးမော့ဆိုမြို့နယ် အနောက်ဘက်ခြမ်း ပဆေးလာရွာအနီး ပေ ၁၀၀ ကျော်နက်တဲ့ တွင်းတစ်ခု ပေါ်လာတာကြောင့် နေ့စဉ်နဲ့အမျှ စိုးရိမ်နေရတယ်လို့ ဒေသတွင်း စစ်ဘေးရှောင်တွေက ပြောပါတယ်။

တရုတ် ကြက်ခြေနီအသင်း ယာဉ်တန်း ၉ စီးကို စစ်ကောင်စီတပ် ပစ်ခတ်တိုက်ခိုက်

တရုတ်နိုင်ငံ ကြက်ခြေနီအသင်းက မြန်မာနိုင်ငံ ငလျင်ဘေးသင့်သူ‌တွေအတွက် ထောက်ပံ့ရေးပစ္စည်းတွေ သယ်ဆောင်လာတဲ့ ယာဉ်တန်း ၉ စီးကို စစ်ကောင်စီတပ်က သေနတ်နဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ TNLA က ထုတ်ပြန်လာပါတယ်။

ယာယီ အပစ်ရပ် ကမ်းလှမ်းချက် စစ်ကောင်စီ ပယ်ချ၊ သင်္ကြန်ပွဲတော် ကျင်းပမယ်လို့ ပြော

တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ ယာယီ အပစ်ရပ် ကမ်းလှမ်းချက်ကို စစ်ကောင်စီဘက်က ပယ်ချလိုက်ပြီး သင်္ကြန်ပွဲတော်ကို ကျင်းပမယ်ဆိုပြီး ထုတ်ပြန်လာပါတယ်။

ညီနောင်မဟာမိတ် ၃ ဖွဲ့ ၁ လ အပစ်ရပ်မယ်

ငလျင်နောက်ဆက်တွဲ ကယ်ဆယ်ရေးလုပ်ငန်း ထိရောက်စွာ ဆောင်ရွက်နိုင်ဖို့ တိုက်ပွဲ ဖြစ်ပွားတဲ့ နေရာတွေမှာ ထိုးစစ်ဆင်မှာမဟုတ်ဘဲ တစ်လကြာ တစ်ဖက်သတ် အပစ်ရပ်ကြောင်း ညီနောင်မဟာမိတ် ၃ ဖွဲ့က ထုတ်ပြန်လာပါတယ်။

ကျင်းပဖို့ စီစဉ်ထားတဲ့ သင်္ကြန်ပွဲတော် ဖျက်သိမ်း၊ သင်္ကြန်ပွဲတော် ကျင်းပခွင့် မပြုကြောင်း တအာင်းတပ်ရဲ့ ဗဟိုအုပ်ချုပ်ရေးဌာန ထုတ်ပြန်

ငလျင်ဘေးဒဏ်သင့် လူထုတွေကို လူသားချင်း စာနာထောက်ထားမှုအနေနဲ့ တအာင်းဒေသတွင်း သင်္ကြန်ပွဲတော် ကျင်းပခွင့် မပြုတော့ကြောင်း တအာင်းတပ်မတော်- PSLF/TNLA ရဲ့ ဗဟိုအုပ်ချုပ်ရေးဌာနက ဒီနေ့ ဧပြီ ၁ ရက်မှာ ထုတ်ပြန်လာပါတယ်။

ငလျင်ဒဏ်သင့်သူအတွက် ဝမ်းနည်းခြင်းအထိမ်းအမှတ် သတ်မှတ်ထားတဲ့ စစ်ကောင်စီတပ်က နောင်ချို လွယ်ခွင်ရွာကို လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်လို့ ၅ ဦး ဒဏ်ရာရ

ဒီနေ့ ဧပြီ ၁ ရက်မှာ ငလျင်ဒဏ်သင့်တဲ့ လူထုတွေအတွက် ဝမ်းနည်းခြင်းအထိမ်းအမှတ်အဖြစ် သတ်မှတ်ထားတဲ့ စစ်ကောင်စီတပ်ဟာ ရှမ်းမြောက် နောင်ချိုမြို့နယ်ထဲ လေယာဉ်နဲ့ ဆက်လက် ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေက ရွှေဖီမြေကို ပြောပါတယ်။

မိုးမိတ်မှာ စက်သုံးဆီ ပြတ်လပ်နေ

ရှမ်းမြောက် မိုးမိတ်မြို့မှာ စက်သုံးဆီတွေ တင်သွင်းလို့ မရသေးတာကြောင့် ပြတ်လပ်နေတယ်လို့ ဒေသခံတွေက ရွှေဖီမြေကို ပြောပါတယ်။

‎စစ်ကိုင်းမှာ ကူညီကယ်ဆယ်ရေး ရောက်လာပေမဲ့ ထိခိုက်ပျက်စီးတဲ့ အဆောက်အဦး များတာကြောင့် ကယ်ဆယ်ရေးတွေ ထပ်မံ လိုအပ်နေ

ငလျင် ဗဟိုပြုပြီး လှုပ်ခတ်သွားတဲ့ စစ်ကိုင်းတိုင်းဘက် မလေးရှားက ကူညီကယ်ဆယ်ရေးအဖွဲ့‌ ရောက်လာပေမဲ့ ထိခိုက်ပျက်စီးတဲ့ အဆောက်အဦး များတာကြောင့် တချို့နေရာမှာ အလောင်းတွေ မထုတ်နိုင်သေးဘဲ ပုတ်နံ့ ထွက်နေ‌ပါတယ်။