နေပြည်တော်မှာ ငလျင်ဒဏ်သင့် Non-CDM ဝန်ထမ်းတွေ အကူအညီ ကင်းမဲ့နေ

နေပြည်တော်ရှိ စစ်ကောင်စီ လက်အောက်ခံ Non-CDM ဝန်ထမ်းတွေဟာ ငလျင်ဒဏ်သင့်ပြီးတဲ့နောက်ပိုင်းမှာ စားဝတ်နေရေး ခက်ခဲနေပေမဲ့ ကူညီမယ့်သူမရှိ ဖြစ်နေတယ်လို့ နေပြည်တော်ရှိ ဝန်ထမ်းအိမ်ရာမှာ နေထိုင်သူတွေက ရွှေဖီမြေကို ပြောပါတယ်။

အင်းတော်ကို လေယာဉ်နဲ့ ဗုံးကြဲလို့ အရပ်သား‌ သေဆုံးဒဏ်ရာရသူ ရှိနေ

ကချင်ပြည်နယ်နဲ့ ထိစပ်နေတဲ့ စစ်ကိုင်းတိုင်း အင်းတော်မြို့နယ်ထဲ မနေ့ ဧပြီ ၁ ရက် နေ့လယ် ၁၂ နာရီခွဲခန့်မှာ စစ်ကောင်စီတပ်က လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ အရပ်သား သေဆုံးဒဏ်ရာရသူ ရှိ‌နေကြောင်း ရှေ့တန်းနဲ့ နီးစပ်သူတွေဆီက သိရပါတယ်။

ငလျင်ဒဏ်ကြား လေကြောင်း တိုက်ခိုက်မှု ဆက်တိုက် လုပ်နေတဲ့ စစ်ကောင်စီတပ်က လူထုကို စာနာတဲ့အနေနဲ့ဆိုပြီး ရက် ၂ဝ ယာယီ အပစ်ရပ်မယ်လို့ပြော

လေကြောင်း တိုက်ခိုက်မှု နေ့စဉ်နီးပါး လုပ်နေတဲ့ စစ်ကောင်စီတပ်က လူထုတွေကို စာနာတဲ့အနေနဲ့ ရက် ၂ဝ ကြာ ယာယီ အပစ်အခတ် ရပ်စဲမယ်ဆိုပြီး ထုတ်ပြန်လာပါတယ်။

ငလျင်ကြောင့် သေဆုံးခဲ့တဲ့ ကျောက်ဆည် မူကြိုကျောင်းက ကလေး ၂၅ ဦးအပါအဝင် ၂၇ ဦးအတွက် မိသားစုဝင်တွေက အမျှဝေပေး

မန္တလေးတိုင်း ကျောက်ဆည်မြို့ အေးမြကြည်လင်ရပ်ကွက်မှာရှိတဲ့ Bright Kids မူကြိုကျောင်းမှာ တက်နေကြတဲ့ ကလေး ၂၅ ဦးအပါအဝင် သေဆုံးသွားသူ ၂၇ ဦးအတွက် ကျန်ရစ်သူ မိသားစုဝင်တွေက အမျှဝေ အမိန့်စာပြန်တာတွေ ပြုလုပ်ပေးခဲ့ပါတယ်။

နောင်ချို ဆမ္မဆယ်ရွာကို စစ်ကောင်စီတပ်က ဗုံးထပ်ကြဲလို့ တစ်ဦး သေ

ငလျင်ဒဏ်သင့်တဲ့ လူထုတွေအတွက် ဝမ်းနည်းခြင်း အထိမ်းအမှတ်အဖြစ် သတ်မှတ်ထားတဲ့ စစ်ကောင်စီတပ်ဟာ ရှမ်းမြောက် နောင်ချိုမြို့နယ်ထဲ ဗုံး ဆက်ကြဲကာ တိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေက ရွှေဖီမြေကို ပြောပါတယ်။

စစ်ကိုင်းမြို့နယ် မင်းကွန်းတောင်ရိုးမှာ ငလျင်ကြောင့် ထိခိုက်သေဆုံးမှု များပြီး ၆ ရက် ကြာတဲ့အထိ ကယ်ဆယ်ရေး မရောက်သေး

စစ်ကိုင်းတိုင်း စစ်ကိုင်းမြို့နယ် မင်းကွန်းတောင်ရိုးမှာ ငလျင်ကြောင့် ထိခိုက်သေဆုံးမှု များပြီး ၆ ရက် ကြာတဲ့အထိ ကယ်ဆယ်ရေးတွေ မရောက်သေးဘူးလို့ မင်းကွန်းတောင်ရိုးရှိ ဘုန်းကြီးတစ်ပါးက ရွှေဖီမြေကို မိန့်ပါတယ်။

စစ်ကောင်စီ ရုံးစိုက်ရာ နေပြည်တော်မှာ ငလျင်ကြောင့် ဝန်ထမ်းအိမ်ယာတွေ ပြိုကျပြီး အလောင်း ထုတ်လို့မရသေးတာကြောင့် အပုတ်နံ့တွေ ဆိုးဆိုးဝါးဝါး ထွက်နေ

စစ်ကောင်စီ ရုံးစိုက်ရာ နေပြည်တော်မှာ ငလျင်ကြောင့် ဝန်ထမ်းအိမ်ယာအများစု ပြိုကျပြီး အလောင်းတွေ ထုတ်လို့ မရသေးတာကြောင့် အပုပ်နံ့ ဆိုးဆိုးဝါးဝါး ထွက်နေတယ်လို့ ဒေသခံတွေက ရွှေဖီမြေကို ပြောပါတယ်။

သီ‌ပေါ မြို့သိမ်းတိုက်ပွဲအတွင်း ထိခိုက်ပျက်စီးသွားတဲ့ အိမ်တွေကို ပရဟိတအဖွဲ့က တစ်အိမ်ထောင်ကို ၄ သိန်း‌ကျော် ထောက်ပံ့

တအာင်းတပ်မတော်- TNLA ထိန်းချုပ်ထားတဲ့ သီပေါမြို့မှာ မြို့သိမ်းတိုက်ပွဲအတွင်း လက်နက်ကြီးကြောင့် နေအိမ်‌ ထိခိုက်ပျက်စီးသွားတဲ့ ဒေသခံတွေကို လူမှုရေးအဖွဲ့များမှ လှူဒါန်းထားတဲ့ ငွေတွေအသုံးပြုပြီး နှလုံးသား ပရဟိတအဖွဲ့က‌ ၎င်းတို့ကိုယ်စား သွားရောက် လှူဒါန်းပေးခဲ့တယ်လို့ သိရပါတယ်။

လားရှိုး မြို့ဝမ်လမ်းထဲ သေနတ် ကိုင်ဆောင်ထားတဲ့ လူငယ်အမျိုးသား ၅ ဦးက ကုန်စုံဆိုင်တစ်ဆိုင်ကို ဓားပြ ဝင်တိုက်

ဒီနေ့ ဧပြီ ၂ ရက် မနက် ၈ နာရီခွဲဝန်းကျင်မှာ ကိုးကန့်တပ်- MNDAA ထိန်းချုပ်ထားတဲ့ လားရှိုးမြို့ ရပ်ကွက်(၁၀) မြို့ဝမ်လမ်းထဲက ဆိုင်တစ်ခု ဓားပြ တိုက်ခံခဲ့ရတယ်လို့ ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

မင်းတပ်၊ ကန်ပက်လက်မှာ လေကြောင်းနဲ့ ပေါင် ၅၀၀ ဗုံး ကြဲချတိုက်ခိုက်

ချင်းညီနောင် ထိန်းချုပ်ထားတဲ့ ချင်းပြည်နယ် မင်းတပ်နဲ့ ကန်ပက်လက်မြို့မှာ စစ်ကောင်စီတပ်က ပေါင် ၅၀၀ ဗုံးနဲ့ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်လို့ နေအိမ်နဲ့အဆောက်အဦး ပျက်စီးသွားတယ်လို့ ဒေသခံတွေက ရွှေဖီမြေသို့ ပြောပါတယ်။