တောမီးကနေတဆင့် ခရိုနီ ဦးတေဇပိုင် ဟိုတယ် မီး ကူးစက်ပြီး လောင်ကျွမ်းပျက်စီး

ရှမ်းတောင် ညောင်ရွှေမြို့နယ် အင်းလေးဒေသ အရှေ့ဘက်ကမ်းမှာ ခရိုနီ ဦးတေဇပိုင်ဆိုင်တဲ့ Myanmar Treasure Resort ဟိုတယ်တစ်ခုလုံး မီးလောင်ကျွမ်းသွားခဲ့တယ်လို့ ဟိုတယ်အနီး နေထိုင်သူတွေက ရွှေဖီမြေကို ပြောပါတယ်။

မိုင်းကိုင်မှာ SSPP က တပ်သားသစ်စုဆောင်းနေပြီး စစ်မှုထမ်း သွားရမယ့်သူအနေနဲ့ နိုင်ငံခြားမှာဖြစ်စေ သာသနာ့ဘောင်မှာဖြစ်စေ စစ်မှု လာထမ်းရမှာဖြစ်ပြီး လာမထမ်းဆောင်ရင် နေအိမ်တွေကို ဖျက်ဆီးပစ်မယ်လို့ ခြိမ်းခြောက်

ရှမ်းတောင် မိုင်းကိုင်မြို့နယ်ရှိ တောင်ပေါ်ကျေးရွာတွေမှာ ရှမ်းပြည်တိုးတက်‌ရေးပါတီ- SSPP က တပ်သားသစ် စုဆောင်းနေပြီး စစ်မှုထမ်း မသွားသူရဲ့ နေအိမ်တွေကို ဖျက်ဆီးပစ်မယ်လို့ ခြိမ်းခြောက်ထားကြောင်း ဒေသခံတွေက ရွှေဖီမြေကို ပြောပါတယ်။

မူဆယ် ဆင်ဖြူပေါက်ဂိတ်မှာ လဝက အရာရှိတစ်ဦးက ပစ္စည်းသယ်တဲ့ အမျိုးသမီးတစ်ဦးကို မူးလဲတဲ့အထိ ရိုက်နှက်

ရှမ်းမြောက် တရုတ်-မြန်မာနယ်စပ် မူဆယ်မြို့ ဆင်ဖြူပေါက်ဂိတ်မှာ မူဆယ် လူဝင်မှုကြီးကြပ်ရေးဌာန (လဝက)ရဲ့ အရာရှိတစ်ဦးက အသက် ၅၈ နှစ်အရွယ် အမျိုးသမီး ၁ ဦးကို မူးလဲတဲ့အထိ ရိုက်နှက်ခဲ့တယ်လို့ ဒေသခံတွေက ရွှေဖီမြေကို ပြောပါတယ်။

မင်းကွန်းဒေသ ငလျင်ကြောင့် သေဆုံးသူ ၄၀ ကျော် ရှိလာနေပြီး ကယ်ဆယ်ရေးလုပ်ငန်းမှာလည်း ဒေသခံနဲ့ ဘုန်းကြီးတွေသာ ဦးဆောင်ပြီး လုပ်နေရ

စစ်ကိုင်း မင်းကွန်းဒေသ ငလျင်ဒဏ်ကြောင့် ထိခိုက်သေဆုံးသူ အယောက် ၄၀ ကျော် ရှိလာနေပြီး ကယ်ဆယ်ရေးလုပ်ငန်းတွေမှာ ဒေသခံနဲ့ ဘုန်းကြီးတွေသာ ဦးဆောင်ပြီး လုပ်ဆောင်ပေးနေရတယ်လို့ မင်းကွန်းဒေသခံတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

စစ်ကောင်စီက ရက် ၂၀ ယာယီ အပစ်ရပ်ကြောင်း ထုတ်ပြန်ပြီးနောက် ဝိုင်းမော်မှာ စစ်ကြောင်း ပြန်ထိုးလို့ တိုက်ပွဲ ပြင်းထန်နေ

စစ်ကောင်စီက ရက် ၂၀ ယာယီ အပစ်ရပ်ကြောင်း ထုတ်ပြန်ပြီးနောက် ဝိုင်းမော်အနီး လုမြန်နဲ့ စန်းကားရွာဘက်ရှိ KIA တပ်စခန်းကို ဒီနေ့ ဧပြီ ၃ ရက် မနက်ပိုင်းကစ စစ်တပ်ဘက်က စစ်ကြောင်း ထိုးလာလို့ တိုက်ပွဲပြင်းထန်နေကြောင်း ဒေသခံအပြင် ရှေ့တန်းနဲ့ နီးစပ်တဲ့ သတင်းရင်းမြစ်တွေဆီက သိရပါတယ်။

ငလျင်ဒဏ်ကြောင့် ပျက်စီးသွားတဲ့ သာစည်နဲ့ ကလောက နေအိမ် ၂ ရာကျော် အကူအညီ မရသေး

ငလျင် လှုပ်ခတ်မှုကြောင့် ပျက်စီးသွားတဲ့ ရှမ်းတောင် ကလောမြို့နယ်က နေအိမ် ၇၄ အိမ်နဲ့ မန္တလေးတိုင်း သာစည်မြို့နယ်က နေအိမ် ၁၀၀ ကျော်အတွက် အကူအညီ မရသေးဘူးလို့ ဒေသခံတွေက ရွှေဖီမြေကို ပြောပါတယ်။

မိုင်းကိုင်မှာ RCSS က မိုင်းဆွဲတိုက်ခိုက်လို့ အရပ်သား ၂ ဦး ဒဏ်ရာ ရခဲ့တယ်လို့ SSPP ပြော

ရှမ်းတောင် မိုင်းကိုင်မြို့နယ်အတွင်း ရှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ- RCSS/SSA ရဲ့ မိုင်းဆွဲတိုက်ခိုက်မှုကြောင့် အရပ်သား ၂ ဦး ထိခိုက်ဒဏ်ရာ ရခဲ့တယ်လို့ ရှမ်းပြည်တိုးတက်ရေးပါတီ- SSPP/SSA က ထုတ်ပြန်ထားပါတယ်။

မန္တလေး အမရပူရမြို့နယ်က သာလေစွရွာမှာ စားသောက်ကုန်နဲ့ သောက်ရေသန့် လိုအပ်နေ

မန္တလေးတိုင်း အမရပူရမြို့နယ် ဗုံးအိုးရွာရဲ့ တစ်ဖက်ကမ်းမှာရှိတဲ့ သာလေစွရွာမှာ အခြေခံ‌ စားသောက်ကုန်နဲ့ သောက်ရေသန့် လိုအပ်နေတယ်လို့ သာလေစွရွာက ကူညီပေးနေသူတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

ကန်ပက်လက်မြို့မှာ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်လို့ နေအိမ် ၅ လုံးအပါအဝင် အစိုးရအဆောက်အဦး ၂၀ လုံး ပျက်စီး

ချင်းပြည်နယ် ကန်ပက်လက်မြို့မှာ စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်လို့ အရပ်သားနေအိမ် ၅ လုံးအပါအဝင် အစိုးရအဆောက်အဦး ၂၀ လုံး ပျက်စီးခဲ့တယ်လို့ ကန်ပက်လက်မြို့နယ် (ပကဖ)က မနေ့ ဧပြီ ၂ ရက်က ထုတ်ပြန်ပါတယ်။

ကချင်တပ်မတော်လည်း ၃ ပတ်ကြာ အပစ်ရပ်၊ အပစ်ရပ်မယ်လို့ ကြေညာထားတဲ့ စစ်ကောင်စီတပ်က အင်းတော်မြို့နယ်ထဲ လေကြောင်းနဲ့ တိုက်ခိုက်နေ

ကချင်တပ်မတော်- KIO/KIA ကလည်း ၃ ပတ်ကြာ အပစ်အခတ် ရပ်စဲမှာဖြစ်ကြောင်း မနေ့ ဧပြီ ၂ ရက် ညပိုင်းမှာ ထုတ်ပြန်လာပါတယ်။