လားရှိုးမြို့ကို စစ်ကောင်စီတပ် ပြန်ထိန်းချုပ်ရင် ဗလီကျောင်းတွေ ထပ်ပိတ်ခံမှာကို အစ္စလာမ်ဘာသာဝင်‌တွေ စိုးရိမ်နေ

လားရှိုးမြို့ကို စစ်ကောင်စီတပ် ပြန်လည် ထိန်းချုပ်ရင် ဗလီ‌ကျောင်းတွေ ထပ်ပိတ်သိမ်းခံရမှာကို အစ္စလာမ်ဘာသာဝင်တွေ စိုးရိမ်နေကြပါတယ်။

MNDAA အနေနဲ့ လားရှိုးကနေ ဆုတ်ခွာရင် လူထုတွေအတွက် အကောင်းဆုံး ပြင်ဆင်ပေးမယ်လို့ ယုံကြည်ကြောင်း PLA ပြော

ရှမ်းမြောက် လားရှိုးမြို့သိမ်းတိုက်ပွဲမှာ ပြည်သူ့လွတ်မြောက်ရေးတပ်မတော် PLA အနေနဲ့ စစ်ရေးအတွေ့အကြုံ များစွာရခဲ့ပြီး ကိုးကန့်တပ်မတော် ကိုးကန့်တပ် MNDAA အနေနဲ့ လားရှိုးကနေ ဆုတ်ခွာရင် လူထုတွေအတွက် အကောင်းဆုံး ပြင်ဆင်ပေးမယ်လို့ ယုံကြည်ကြောင်း PLA ရဲ့ အထွေထွေအတွင်းရေးမှူး ရဲဘော်နီနီကျော်က ရွှေဖီမြေကို ပြောပါတယ်။

တန့်ယန်းနဲ့ လားရှိုးကြား ဖြတ်သန်းသွားလာတဲ့ ကုန်တင်ကားတွေကို စစ်ကောင်စီက စစ်ဆေးတာရှိပြီး ငွေ ၂ သိန်းကျပ်အထိ တောင်းခံ

စစ်ကောင်စီတပ် ထိန်းချုပ်ထားတဲ့ ရှမ်းမြောက် တန့်ယန်းမြို့နယ်နဲ့ လားရှိုးမြို့နယ်ကြားက မိုင်းပတ်ရှိ စစ်ကောင်စီတပ် စစ်ဆေးရေးဂိတ်မှာ ဖြတ်သန်းသွားလာတဲ့ ကုန်တင်ယာဉ်တွေကို တာဝန်ကျ စစ်သားတွေက စစ်ဆေးမေးမြန်းပြီး ငွေကျပ် ၂ သိန်းကျပ်အထိ တောင်းနေတယ်လို့ တန့်ယန်းဒေသခံတစ်ဦးရဲ့ ပြောပြချက်အရ သိရပါတယ်။

စစ်ကောင်စီရဲ့ အပစ်ရပ်မှုဟာ နိုင်ငံရေးအမြတ်ထုတ်လိုတဲ့ လုပ်ကြံလီဆယ်မှုလို့ မန္တလေး PDF ပြော

စစ်ကောင်စီတပ်ဟာ ၃ ပတ်ကြာ အပစ်ရပ်မယ်လို့ ထုတ်ပြန်ထားပေမဲ့ လေကြောင်းတိုက်ခိုက်မှု၊ မြေပြင်ထိုးစစ် ဆက်လုပ်နေပြီး စစ်ကောင်စီရဲ့ အပစ်ရပ်မှုဟာ နိုင်ငံရေးအမြတ်ထုတ်လိုတဲ့ လုပ်ကြံလီဆယ်မှုလို့ မန္တလေး PDF က ထုတ်ပြန်လာပါတယ်။

စစ်ကောင်စီ ထိန်းချုပ်ထားတဲ့ မင်းကွန်းဒေသမှာ ငလျင်လှုပ်မှုကြောင့် ပြိုကျသွားတဲ့ ရှားပင်တိုက်သစ် စာသင်တိုက် ကူညီကယ်ဆယ်ရေး မရောက်သေး‎လို့ အခက်တွေ့နေ

စစ်ကောင်စီ ထိန်းချုပ်ထားတဲ့ စစ်ကိုင်းတိုင်း မင်းကွန်းဒေသမှာ ငလျင်လှုပ်ခတ်မှုကြောင့် ပြိုကျပျက်စီးသွားတဲ့ ရှားပင်တိုက်သစ် စာသင်တိုက်မှာ ကူညီကယ်ဆယ်ရေး ရောက်လာတာ မရှိဘူးလို့ သွားရောက်ကူညီပေးနေတဲ့ ဒေသခံတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

နမ့်ခမ်းမှာ Non-CDMတွေ အနေနဲ့ ပညာရေးဝန်ဆောင်မှုနဲ့ပတ်သက်တဲ့လုပ်ငန်းတွေကို လုပ်ဆောင်ခွင့်ပြုတော့မှာ မဟုတ်

တအာင်းတပ်မတော်-TNLA ထိန်းချုပ်ထားတဲ့ တရုတ်-မြန်မာနယ်စပ် နမ့်ခမ်းမြို့နယ်မှာ Non-CDM တွေအနေနဲ့ ပညာရေးနဲ့ပတ်သတ်တဲ့ ဝန်ဆောင်မှုလုပ်ငန်းအားလုံးကို အကန့်အသတ်မရှိ ရပ်ဆိုင်းလိုက်ပြီလို့ နမ့်ခမ်းမြို့နယ် ပညာရေးမှူးရုံးက ထုတ်ပြန်လိုက်ပါတယ်။

ရှမ်းမြောက်က လူထုတွေအနေနဲ့ အသေးစားစီးပွားရေးထောက်ပံ့ငွေအတွက် လျှောက်ထားနိုင်ကြောင်း TWO ပြော

ရှမ်းမြောက်က မြို့နယ် ၈ ခုမှ စံသတ်မှတ်ချက်နဲ့ ကိုက်ညီတဲ့ လူထုတွေဟာ တအာင်းအမျိုးသမီးအဖွဲ့အစည်း TWO ကခေါ်တဲ့ အသေးစား စီးပွါးရေးထောက်ပံ့ငွေကို လျှောက်ယူနိုင်ကြောင်း ဒီနေ့ ဧပြီ ၈ ရက်မှာ ထုတ်ပြန်ထားပါတယ်။

ကလေးမှာ ဖြစ်ပွါးခဲ့တဲ့ ပစ်ခတ်မှုအတွင်း ပျူစောထီးအပါအဝင် အရပ်သား ၄ ဦး သေဆုံး

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်၊ နှောင်ပင်ကျေးရွာမှာ ပစ်ခတ်မှုဖြစ်ပွားပြီး ပျူစောထီးအပါအဝင် အရပ်သား ၄ ဦးသေဆုံးခဲ့တယ်လို့ ဒေသခံတွေက ရွှေဖီမြေသို့ ပြောပါတယ်။

လားရှိုးမြို့သိမ်းတိုက်ပွဲအတွင်း ပျက်စီးသွားတဲ့ နေအိမ် ၃၀၉လုံးအတွက် ကိုးကန့်တပ်က ငွေကျပ်သိန်းတစ်သောင်းကျော် ထောက်ပံ့ပေး၊ မရရှိသေးသူတွေ သွားရောက်ထုတ်ယူနိုင်

ကိုးကန့်တပ်-MNDAA ထိန်းချုပ်ထားတဲ့ လားရှိုးမြို့မှာ မြို့သိမ်းတိုက်ပွဲအတွင်း လက်နက်ကြီးကြောင့် ထိခိုက်ပျက်စီးသွားတဲ့ သာသနာ့အဆောက်အဦးအပါအဝင် အဆောက်အဦးတစ်လုံးကို ကျပ်သိန်း ၅၀ နှုန်းနဲ့ အဆောက်အဦးပေါင်း ၃၀၉ အိမ်အတွက် ငွေကျပ်သိန်းတစ်သောင်း‌ကျော်ကို မနေ့ ဧပြီ ၇ ရက် မနက်ပိုင်း ၁၀ နာရီအချိန်မှာ ထောက်ပံ့‌ပေးသွားခဲ့တယ်လို့ ရွှေဖီမြေက စုံစမ်းသိရပါတယ်။

အင်းတော်မြို့သိမ်းတိုက်ပွဲမှာ စစ်ကောင်စီရဲ့ လက်နက်ခဲယမ်း အများအပြားနဲ့ သုံ့ပန်းအချို့ဖမ်းဆီးရရှိထား

စ်ကိုင်းတိုင်းဒေသကြီး၊ အင်းတော်မြို့သိမ်း တိုက်ပွဲမှာ စစ်ကောင်စီရဲ့ လက်နက်ခဲယမ်း အများအပြားနဲ့ သုံ့ပန်းတချို့ ဖမ်းဆီးရမိထားကြောင်း ရှေ့တန်း သတင်းရင်းမြစ်တွေဆီက သိရပါတယ်။