တအာင်းဒေသအတွင်း ငလျင်ဘေးသင့်လူထုအတွက် သိန်း ၄ ထောင်ကျော် ရရှိခဲ့ကြောင်း TNLA ထုတ်ပြန်
တအာင်းတပ်- TNLA ထိန်းချုပ်ထားတဲ့ ရှမ်းမြောက်က မြို့နယ်အပြင် မန္တလေးတိုင်း မိုးကုတ်မြို့နယ်မှာ ငလျင်ဘေးသင့် လူထုတွေအတွက် အလှူခံခဲ့ရာ သိန်း ၄ ထောင်ကျော် ရရှိခဲ့ကြောင်း PSLF/TNLA ရဲ့ သတင်းနဲ့ပြန်ကြားရေးဌာနမှာ ဖော်ပြထားပါတယ်။