၂ လအတွင်း ကလေးနဲ့ဂန့်ဂေါကြားရှိ စစ်တပ်စခန်း ၄ ခု သိမ်းပိုက်၊ လေကြောင်းနဲ့ အကြိမ်ရေ ၁ ထောင်ကျော် တိုက်ခိုက်ခံရပြီး အရပ်သား ၁၅ ဦး သေဆုံး

စစ်ကိုင်းတိုင်း ကလေးမြို့နယ်နဲ့ မကွေးတိုင်း ဂန့်ဂေါမြို့နယ်ကြားရှိ စစ်ကောင်စီတပ်စခန်း ၄ ခုကို ၂ လအတွင်း သိမ်းပိုက်နိုင်ခဲ့ကြောင်း CDF-KKG က ထုတ်ပြန်လာပါတယ်။

ဟားခါးမြို့မှာ စစ်ကောင်စီ တပ်ဖွဲ့ဝင် ၃ ဦး လက်နက်ခဲယမ်းနဲ့အတူ CDF ဟားခါးထံ အလင်းဝင်

ချင်းပြည်နယ် ဟားခါးမြို့မှာ တာဝန်ထမ်းဆောင်နေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် ၃ ဦးဟာ လက်နက်ခဲယမ်းနဲ့အတူ CDF-Hakha ထံ ဧပြီ ၁၃ ရက်က အလင်းဝင်လာခဲ့တယ်လို့ တာဝန်ရှိသူတွေဆီက သိရပါတယ်။

အင်းလေးမှာ ငလျင်ဘေး ပြန်လည်ထူထောင်ရေးအတွက် ရောက်ရှိနေတဲ့ စစ်ကောင်စီ လက်အောက်ခံ ပါတီဝင်တွေက ရွေးကောက်ပွဲအတွက် မဲဆွယ်နေ

ရှမ်းတောင် ညောင်ရွှေမြို့နယ် အင်းလေးဒေသမှာ စစ်ကောင်စီ လက်အောက်ခံ ပါတီဝင်တွေ ရောက်ရှိနေပြီး လာမယ့် ရွေးကောက်ပွဲအတွက် စတင်မဲဆွယ်နေကြပြီလို့ ဒေသခံတွေက ပြောပါတယ်။

စလင်း-စေတုတ္တရာလမ်းပိုင်းက ၁၈ မိုင် စစ်စခန်းကုန်းကို PDF ပူးပေါင်းတပ်ဖွဲ့ သိမ်းပိုက်၊ PDF ဘက်က တစ်ဦး ကျဆုံး

မကွေးတိုင်း စလင်း-စေတုတ္တရာ လမ်းပေါ်ရှိ စစ်ကောင်စီရဲ့ ၁၈ မိုင်စခန်းကုန်းကို ပခုက္ကူခရိုင်တပ်ရင်းတွေ ပူးပေါင်းတိုက်ခိုက်ကာ သိမ်းပိုက်နိုင်ခဲ့ကြောင်း ပခုက္ကခရိုင် အမှတ် ၁၇ တပ်ရင်းက မနေ့ ဧပြီ ၁၄ ရက် ည ၉ နာရီခန့်မှာ ထုတ်ပြန်လာပါတယ်။

၅ လကြာ ထိုးစစ် ဆင်ခဲ့ရတဲ့ ဖလမ်း မြို့သိမ်းတိုက်ပွဲအတွင်း တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့ဘက်က ၈၉ ဦး ကျဆုံး

ချင်းညီနောင်- CB နဲ့ မဟာမိတ် ပူးပေါင်းတပ်ဖွဲ့က ၅ လကြာ ထိုးစစ် ဆင်ခဲ့ရတဲ့ ချင်းပြည်နယ် ဖလမ်းမြို့သိမ်း စစ်ဆင်ရေးအတွင်း တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့ဘက်က ရဲဘော် ရဲမေ ၈၉ ဦး ကျဆုံးခဲ့ပါတယ်။

သင်္ကြန်အကြိုနေ့မှာ သပိတ်ကျင်းမြို့နယ် ချောင်းကြီးရွာ ဗုံးကြဲတိုက်ခိုက်ခံရ၊ အရပ်သား ၂ ဦး သေဆုံးပြီး ၈ ဦး ဒဏ်ရာရ

သင်္ကြန်အကြိုနေ့မှာ မန္တလေးတိုင်း သပိတ်ကျင်းမြို့နယ် ချောင်းကြီးရွာကို စစ်ကောင်စီတပ်က ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အရပ်သား ၂ ဦး သေဆုံးပြီး ၈ ဦး ဒဏ်ရာ ရခဲ့တယ်လို့ မြေပြင်အခြေအနေ သိရှိသူတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

သင်္ကြန်ကာလ ရွှေဖီလက်ဖက်ရာသီချိန်

တအာင်းဒေသ နမ့်ဆန်မြို့နယ်မှာတော့ ရွှေဖီဦး လက်ဖက်ကို စတင် ခူးဆွတ်နေကြပြီ ဖြစ်ပါတယ်။

မင်းတပ်မြို့မှာ လေကြောင်းနဲ့ ဗုံးကြဲ တိုက်ခိုက်လို့ မြို့မနှစ်ခြင်းခရစ်ယာန်ဘုရားကျောင်း ပျက်စီး

သင်္ကြန်အကြိုနေ့ ချင်းပြည်နယ် မင်းတပ်မြို့ မြို့မနှစ်ခြင်းဘုရားကျောင်း လေကြောင်းနဲ့ ဗုံးကြဲခံရလို့ ပျက်စီးသွားကြောင်း ဒေသခံတွေက ရွှေဖီမြေသို့ ပြောပါတယ်။

မွန်ပြည်နယ် ကျန်းမာရေးကောင်စီ- MSHC ဖွဲ့စည်း

မွန်ပြည်နယ် ကျန်းမာရေးကောင်စီ (Mon State Health Council- MSHC)ကို ဖွဲ့စည်းလိုက်ကြောင်း မနေ့ ဧပြီ ၁၂ ရက်မှာ သတင်းထုတ်ပြန်လာပါတယ်။

မတ်လအတွင်း လေကြောင်း တိုက်ခိုက်မှုနဲ့ လက်နက်ကြီးကြောင့် ကရင်နီပြည်နဲ့ဖယ်ခုံက အရပ်သား ၃ ဦး သေဆုံးပြီး ၃ဝ ဦး ဒဏ်ရာရ

ကရင်နီပြည်နဲ့ ရှမ်းတောင် ဖယ်ခုံမြို့နယ်အတွင်း စစ်ကောင်စီတပ်ရဲ့ လေကြောင်း တိုက်ခိုက်မှုနဲ့ လက်နက်ကြီး ပစ်ခတ်မှုကြောင့် အရပ်သား ၃ ဦး သေဆုံးပြီး ၃ဝ ဦး ဒဏ်ရာ ရခဲ့ပါတယ်။