လားရှိုးမှာ အုပ်ချုပ်ရေးအဖွဲ့တွေကို ဧပြီ ၂၁ ရက်အထိသာ ရုံးတက်ဖို့ ကိုးကန့်တပ် အသိပေးထား၊ စစ်ကောင်စီ အုပ်ချုပ်ရေး စဝင်မယ်

ရှမ်းမြောက် လားရှိုးမြို့ကနေ ထွက်ခွာတော့မယ်လို့ သတင်းတွေ ထွက်ပေါ်နေတဲ့ ကိုးကန့်တပ်မတော်- MNDAA ဟာ အုပ်ချုပ်ရေးအဖွဲ့တွေကို လာမယ့် ဧပြီ ၂၁ ရက်အထိသာ ရုံးတက်ဖို့ အသိပေးထားတယ်လို့ လားရှိုးပြန်လည်ထူထောင်ရေးမှာ ပါဝင်နေသူတချို့က ရွှေဖီမြေကို ပြောပါတယ်။

မင်းတပ်မြို့ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခံရပြီး နေအိမ် ၇ လုံး ပျက်စီး

ချင်းပြည်နယ် မင်းတပ်မြို့မှာ မနေ့ ဧပြီ ၁၆ ရက် ညနေ ၅ နာရီ ၂၀ မိနစ်ခန့်က စစ်ကောင်စီတပ် လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ လူနေအိမ် ၇ လုံး ပျက်စီးသွားတယ်လို့ ဒေသခံ အမျိုးသားတစ်ဦးက ရွှေဖီမြေသို့ ပြောပါတယ်။

ဝက်လက်မြို့နယ် သစ်ဆိမ့်ရွာ လေကြောင်းနဲ့ တိုက်ခိုက်ခံရပြီး ကလေးငယ်တစ်ဦးအပါအဝင် ၄ ဦး သေဆုံး

စစ်ကိုင်းတိုင်း ဝက်လက်မြို့နယ် သစ်ဆိမ့်ကျေးရွာကို စစ်ကောင်စီတပ်က လေကြောင်းနဲ့ တိုက်ခိုက်ခဲ့တာကြောင့် ကလေးငယ်တစ်ဦးအပါအဝင် လူ ၄ ဦး သေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရသူ ၅ ဦး ရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

မိုးကုတ်အရှေ့ပိုင်း ဗုံးကြဲတိုက်ခိုက်ခံရ (Edit- 11:33 AM)

မန္တလေးတိုင်း မိုးကုတ်မြို့အရှေ့ပိုင်း ဒီနေ့ နှစ်ဆန်းတစ်ရက်နေ့ ဧပြီ ၁၇ ရက် မနက် ၁ဝ နာရီ ၈ မိနစ်မှာ ဗုံးကြဲတိုက်ခိုက်ခံခဲ့ရပါတယ်။

နှစ်သစ်ကူးနေ့မှာ အကျဥ်းသား ၅ ထောင်နီးပါးကို စစ်ကောင်စီ လွတ်ငြိမ်းခွင့်ပေး

ဒီနေ့ ဧပြီ ၁၇ ရက်မှာ ကျရောက်တဲ့ နှစ်သစ်ကူးနေ့မှာ အကျဥ်းသား ၅ ထောင်နီးပါးကို လွတ်ငြိမ်းခွင့်ပေးကြောင်း စစ်ကောင်စီက ထုတ်ပြန်လာပါတယ်။

အရာတော်မြို့နယ် လေကြောင်းနဲ့ တိုက်ခိုက်ခံရ၊ ရေကစားနေသူ ကလေးငယ်အနီး ကျရောက်ပေါက်ကွဲပြီး တစ်ဦးသေဆုံး

စစ်ကိုင်းတိုင်း အရာတော်မြို့နယ်မှာ စစ်ကောင်စီတပ်က တိုက်ပွဲဖြစ်ပွားတာမရှိဘဲ လေကြောင်းနဲ့ တိုက်ခိုက်ခဲ့တာကြောင့် ၁ ဦး သေဆုံးပြီး ဒဏ်ရာရသူ ၇ ဦးထက်မနည်း ရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

တော်လှန်ရေး ၄ နှစ်တာအတွင်း ရဲဘော် ၉၁ ဦး ကျဆုံးခဲ့ကြောင်း CNDF ထုတ်ပြန်လာ

စစ်အာဏာသိမ်းပြီးနောက် တော်လှန်ရေး ၄ နှစ်တာအတွင်း ရဲဘော် ၉၁ ဦး ကျဆုံးခဲ့တယ်လို့ ချင်းအမျိုးသားအဖွဲ့ချုပ်/ချင်းအမျိုးသား ကာကွယ်ရေးတပ်ဖွဲ့- CNDF က ထုတ်ပြန်လာပါတယ်။

သင်္ကြန်အကြတ်နေ့ ကော့ကရိတ်မြို့နယ် ကမ်းနီရွာ ဗုံးကြဲခံရ၊ အရပ်သား ၆ ဦး သေဆုံးပြီး သံဃာအပါအဝင် ၁၇ ဦး ဒဏ်ရာရ

ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ် ကျုံဒိုးမြို့ ကမ်းနီစံပြကျေးရွာရှိ ဘုန်းကြီးကျောင်းကို စစ်ကောင်စီတပ်က YAK-130 လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အရပ်သား ၆ ဦး သေဆုံးပြီး သံဃာအပါအဝင် ၁၇ ဦး ဒဏ်ရာ ရခဲ့ပါတယ်။

မိုးရွာသွန်းမှုကြောင့် မန္တလေးက ငလျင်ဒဏ်သင့် အဆောက်အဦး ၂ ခု ပြိုကျ

မန္တလေးမြို့ပေါ်မှာ မိုးရွာသွန်းမှုကြောင့် ငလျင်ဒဏ်သင့် အဆောက်အဦး ၂ ခု ထပ်မံ ပြိုကျခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်ကျန်ပစ္စည်း ပေါက်ကွဲလို့ ကလေးမြို့က ၅ နှစ်အောက် ကလေးနှစ်ဦး သေဆုံး

စစ်ကိုင်းတိုင်း ကလေးမြို့ တောင်ဖီလာရပ်ကွက်မှာ စစ်ကောင်စီတပ်ရဲ့ စစ်ကျန်ပစ္စည်း ပေါက်ကွဲလို့ အသက် ၅ နှစ်အောက် ညီအစ်ကို ကလေးနှစ်ဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။