စစ်ကောင်စီတပ်ရဲ့ ထိုးစစ်ကြောင့် နောင်ချိုမြို့နယ်မှာ တိုက်ပွဲ ဆက်ဖြစ်နေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်လာတာကြောင့် ရှမ်းမြောက် နောင်ချိုမြို့နယ်ထဲမှာ စစ်တပ်နဲ့ တအာင်းတပ်- TNLA တို့အကြား တိုက်ပွဲ ဆက်ဖြစ်နေတယ်လို့ ရှေ့တန်း သတင်းအရင်းအမြစ်တွေက ရွှေဖီမြေကို ပြောပါတယ်။

မိုင်းယော်မှာ ဒေသခံ ၂ ဦး မိုင်းနင်းမိပြီး တစ်ဦးသေ တစ်ဦးဒဏ်ရာရ

ရှမ်းမြောက် လားရှိုးခရိုင် မိုင်းယော်တိုက်နယ် လွိုင်လင်ကျေးရွာအုပ်စု မန်ကန်ရွာက ဒေသခံနှစ်ဦးဟာ တောထဲ နွားလိုက်ရှာရင်း မိုင်းနင်းမိပြီး တစ်ဦးသေဆုံးကာ တစ်ဦး ဒဏ်ရာရခဲ့တယ်လို့ ဖြစ်စဉ်သိရှိသူ အမျိုးသားတစ်ဦးက ပြောပါတယ်။

သပိတ်ကျင်း ရေထွက်ရွာ ဗုံးကြဲခံရမှု သေဆုံးသူ ၃၀ အထိ တိုးလာ၊ ဒဏ်ရာရသူ ၂၅ ဦးထက်မနည်းရှိ

မနေ့ ဧပြီ ၁၉ ရက် မန္တလေးတိုင်း သပိတ်ကျင်းမြို့နယ် ရေထွက်ရွာကို စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်လို့ သေဆုံးသူ ၃၀ ထက်မနည်း ရှိလာပြီဖြစ်တယ်လို့ မြေပြင်မှာ ရှိနေသူ ဒေသခံတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

ရတနာပုံတံတား ဖြတ်သန်းခွင့်ပိတ်လို့ ကုန်ကားတွေ သင်္ဘောနဲ့ မြစ်ဖြတ်ကူးနေရ၊ ကားတစ်စီးကို မြစ်ကူးခ ၁ သိန်းခွဲ ပေးနေရ

စစ်ကောင်စီက ဧရာဝတီမြစ်ကူးတံတား ရတနာပုံကို ကုန်တင်ယာဉ်ကြီးနဲ့ ဆီသယ်ယာဉ်တွေ ဖြတ်သန်းခွင့် ပိတ်လိုက်တာကြောင့် တွဲသင်္ဘောနဲ့ မြစ်ဖြတ်ကူးနေရပြီး ကားတစ်စီးကို မြစ်ကူးခအဖြစ် ၁ သိန်းခွဲအထိ တောင်းယူနေတယ်လို့ ဒေသခံယာဉ်မောင်းတွေက ပြောပါတယ်။

လားရှိုးမြို့ရှိ ဆင်နှစ်ကောင်ဟိုတယ်မှာ စစ်ကောင်စီ၊ ကိုးကန့်တပ်နဲ့ တရုတ်ကိုယ်စားလှယ်တို့ တွေ့ဆုံဆွေးနွေးနေပြီး မြို့အဝင်အထွက်လမ်း ယာယီ ပိတ်ထား

စစ်ကောင်စီ ပြန်အုပ်ချုပ်မယ့် ရှမ်းမြောက် လားရှိုးမြို့မှာ စစ်ကောင်စီ၊ ကိုးကန့်တပ်နဲ့ တရုတ်ကိုယ်စားလှယ်တို့ ဆွေးနွေးနေပြီး မြို့အဝင်အထွက်လမ်းကို ယာယီ ပိတ်ထားတယ်လို့ လားရှိုးမြို့ခံတွေက ရွှေဖီမြေကို ပြောပါတယ်။

လားရှိုးမြို့ထဲ အသွားအလာ တိတ်ဆိတ်ပြီး ဆိုင်တချို့ ပိတ်၊ မြို့အဝင်အထွက်ကို ကိုးကန့်တပ် ပိတ်

ဒီနေ့ ဧပြီ ၂၀ ရက် လားရှိုးမြို့တွင်းထဲ လူအသွားအလာ နည်းပါးနေပြီး ဆိုင်တချို့လည်း ပိတ်ထားကြတယ်လို့ လားရှိုးဒေသခံတစ်ဦးက ပြောပါတယ်။

သပိတ်ကျင်းမှာ စစ်ကောင်စီ လေတပ်ကြောင့် ကလေးငယ်အပါအဝင် အရပ်သား ၁၃ ဦး သေဆုံး၊ နှစ်ရက်အတွင်း အရပ်သား ၃၀ ခန့် သေဆုံး

မန္တလေးတိုင်း သပိတ်ကျင်းမြို့နယ်ရှိ ရေထွက်ကျေးရွာမှာ စစ်ကောင်စီတပ်ရဲ့ လေကြောင်း တိုက်ခိုက်မှုကြောင့် ကလေးငယ်အပါအဝင် အရပ်သား ၁၃ ဦး သေဆုံးခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့- သပိတ်ကျင်းမြို့နယ်က ထုတ်ပြန်ထားပါတယ်။

တရုတ်အထူးသံတမန် တိန်ရှီကျွင်းကိုယ်တိုင် လားရှိုးကို ရောက်နေပြီး လားရှိုးမြို့ လွှဲပြောင်းရေး တာဝန်ယူ ဆောင်ရွက်နေ

မနေ့ ဧပြီ ၁၈ ရက်က စစ်ကောင်စီကိုယ်စားလှယ်တွေကို တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ အာရှရေးရာ အထူးကိုယ်စားလှယ် တိန်ရှီကျွင်းကိုယ်တိုင်ဦးဆောင်ပြီး လားရှိုးမြို့ထဲ ရောက်ရှိလာပြီးတော့ ကိုးကန့်တပ်ဆီကနေ လားရှိုးမြို့ လွှဲပြောင်းရယူရေး ကိုယ်တိုင် ဆောင်ရွက်ပေးနေတယ်လို့ အခြေနေသိရှိတဲ့ လားရှိုးမြို့ရှိ သတင်းအရင်းမြစ်တွေဆီက သိရပါတယ်။

သပိတ်ကျင်းမြို့နယ် ရေထွက်ရွာကို လေကြောင်းကနေ ဗုံး ထပ်ကြဲလို့ ကလေးငယ်အပါအဝင် လူအစုလိုက် အပြုံလိုက် ထပ်မံ သေဆုံး

မနေ့ ဧပြီ ၁၈ ရက်က လိပ်ကျရွာကို လေကြောင်းကနေ ဗုံးကြဲလို့ လူအစုလိုက် အပြုံလိုက် သေဆုံးပြီးနောက် ဒီနေ့ ဧပြီ ၁၉ ရက်မှာလည်း လိပ်ကျရွာအနီး ရေထွက်ရွာ စျေးထဲကို လေကြောင်းကနေ ဗုံး ထပ်ကြဲလို့ ကလေးငယ်အပါအဝင် လူအစုလိုက် အပြုံလိုက် ထပ်မံ သေဆုံးခဲ့တယ်လို့ မြေပြင်အခြေအနေ သိရှိသူတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

ကျောက်တော်မြို့မှာ လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်လို့ တစ်ဦးသေဆုံးပြီး ၂၀ ဦးထက်မနည်း ဒဏ်ရာရ

အာရက္ခတပ်တော်- AA ထိန်းချုပ်ထားတဲ့ ရခိုင်ပြည်နယ် ကျောက်တော်မြို့ကို စစ်ကောင်စီတပ်က လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်လို့ အရပ်သားတစ်ဦး သေဆုံးပြီး ၂၀ ဦးထက်မနည်း ဒဏ်ရာ ရရှိခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။