ကျောက်ဂူဒေသမှာ ၁ လအတွင်း စစ်ကောင်စီတပ်နဲ့ DPLA တိုက်ပွဲ ၂၀ ကြိမ်ထက်မနည်း ဖြစ်ပွားခဲ့၊ စစ်သား ၃ ဦး DPLA ထံ အလင်းဝင်

ရှမ်းတောင် ရပ်စောက်မြို့နယ် ကျောက်ဂူဒေသမှာ ၁ လအတွင်း စစ်ကောင်စီတပ်နဲ့ ဓနုတပ်တော်- DPLA အကြား တိုက်ပွဲ ၂၀ ကြိမ်ထက်မနည်း ဖြစ်ပွားခဲ့ကာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၃ ဦးကို အရှင်ဖမ်းဆီးရမိခဲ့ပါတယ်။

ကိုးကန့်တပ် ထိန်းချုပ်ထားတဲ့ဒေသမှာ ဗမာလူမျိုး ဝင်ရောက်လာမှု MNDAA တင်းကြပ်

ကိုးကန့်တပ်မတော်- MNDAA ထိန်းချုပ်ထားတဲ့ဒေသမှာ ဗမာလူမျိုး ဝင်ရောက်လာမှုကို တင်းကြပ်ပြီး ဟိုပန်၊ ချင်းရွှေဟော်၊ လောက်ကိုင် စတဲ့မြို့တွေမှာရှိတဲ့ ဗမာလူမျိုးတချို့ကို လားရှိုးဘက် ပြန်ပို့နေပါတယ်။

လားရှိုးမြို့ထဲ ဝင်လာတဲ့ စစ်ကောင်စီယာဉ်တန်း ၂၀၀ ကျော်ရှိပြီး စစ်အင်အား ၂ ထောင်ကျော်ရှိနိုင်၊ လားရှိုးမြို့တွင်းကနေ ကိုးကန့်တပ် ဆုတ်ခွာ

မနေ့ ဧပြီ ၂၂ ရက်မှာ ရှမ်းမြောက် လားရှိုးမြို့ကို ပြန်အုပ်ချုပ်ဖို့ ဝင်လာတဲ့ စစ်ကောင်စီယာဉ်တန်း ၂၀၀ ကျော်ရှိပြီး စစ်အင်အား ၂ ထောင်ကျော် ရှိနိုင်တယ်လို့ ဒေသခံတွေက ရွှေဖီမြေကို ပြောပါတယ်။

လားရှိုးမြို့မှာ အမျိုးသမီးတစ်ဦး ဓားပြတိုက်လုယက်ခံရ

ရှမ်းမြောက် လားရှိုးမြို့ပေါ် စစ်ကောင်စီတပ် ဝင်ရောက်လာပြီးနောက် စာသင်ပြီး ပြန်လာတဲ့ အမျိုးသမီးတစ်ဦး ဓားပြတိုက် လုယက်ခံခဲ့ရပါတယ်။

ဖယောင်းတိုင်‌မီး ထွန်းရာကနေ သီပေါ မဟာမြတ်မုနိကျောင်းထဲက ကျောင်းဆောင်တစ်ခု မီးလောင်

တအာင်းတပ်မတော် ထိန်းချုပ်ထားတဲ့ သီပေါမြို့မှာ ဖယောင်းတိုင်မီး ထွန်းရာကနေတဆင့် မဟာမြတ်မုနိကျောင်း‌ မီးလောင်မှု ဖြစ်ပွားခဲ့ပါတယ်။

လားရှိုးကို စစ်ကောင်စီထံ လွှဲပြောင်းဖို့ တရုတ်ရဲ့ ကြားဝင်စေ့စပ်မှုကို စစ်ကောင်စီနဲ့ ကိုးကန့်တပ်က ကျေးဇူးတင်ကြောင်း တရုတ်ပြော

ကိုးကန့်တပ်မတော်- MNDAA တိုက်ခိုက်သိမ်းပိုက်ထားတဲ့ ရှမ်းမြောက် လားရှိုးမြို့ကို စစ်ကောင်စီတပ်ထံ လွှဲပြောင်းဖို့ တရုတ်ရဲ့ ကြားဝင်စေ့စပ်မှုကို စစ်ကောင်စီနဲ့ ကိုးကန့်တပ်က ကျေးဇူးတင်ကြောင်း တရုတ်နိုင်ငံရဲ့ နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။

ဖယ်ခုံမြို့နယ်မှာ စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးကြောင့် ကလေးငယ်အပါအဝင် အရပ်သား ၇ ဦး ဒဏ်ရာရ

ရှမ်းတောင် ဖယ်ခုံမြို့နယ် ခေါင်းအိရွာသစ်မှာ တိုက်ပွဲ ဖြစ်ပွားတာမရှိဘဲ စစ်ကောင်စီတပ် ပစ်ခတ်တဲ့ လက်နက်ကြီးကြောင့် ကလေးငယ် ၃ ဦးအပါအဝင် အရပ်သား ၇ ဦး ဒဏ်ရာ ရခဲ့တယ်လို့ မြေပြင်အခြေအနေသိရှိသူတွေက ရွှေဖီမြေကို ပြောပါတယ်။

အဖြေလွှာတွေ မီးလောင်သွားလို့စာမေးပွဲ ပြန်ဖြေရမယ့်ရက်ကို စစ်ကောင်စီကြေညာ၊ ပြန်မဖြေလိုသူ များနေ

၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲ အဖြေလွှာတွေ မီးလောင်ပျက်စီးခဲ့တာကြောင့် စာမေးပွဲ ပြန်လည် ဖြေဆိုရမယ့်ရက်ကို စစ်ကောင်စီက ဒီနေ့ ဧပြီ ၂၂ ရက်မှာ ထုတ်ပြန်ကြေညာလာပါတယ်။

လေကြောင်း တိုက်ခိုက်မှု ဆက်တိုက် လုပ်နေတဲ့ စစ်ကောင်စီတပ်က ဧပြီလကုန်အထိ အပစ်ရပ်ကြောင်း ထုတ်ပြန်

တော်လှန်ရေးအင်အားစုတွေ ထိန်းချုပ်ထားတဲ့ ဒေသတွေကို လေကြောင်း တိုက်ခိုက်မှု ဆက်တိုက် လုပ်နေတဲ့ စစ်ကောင်စီတပ်က ဧပြီ လကုန်အထိ အပစ်ရပ်ကြောင်း ဒီနေ့ ဧပြီ ၂၂ ရက်မှာ ထုတ်ပြန်လာပါတယ်။

အပစ်ရပ်သက်တမ်း ထပ်တိုးထားတဲ့ စစ်ကောင်စီတပ်က နောင်ချို အုမ္မတီးရွာကို လေကြောင်းနဲ့ တိုက်ခိုက်

အပစ်ရပ်သက်တမ်း ထပ်တိုးထားတဲ့ စစ်ကောင်စီတပ်ဟာ ရှမ်းမြောက် နောင်ချိုမြို့နယ် အုမ္မတီးရွာကို လေကြောင်းနဲ့ တိုက်ခိုက်ခဲ့တယ်လို့ တအာင်းတပ်မတော်- TNLA က ထုတ်ပြန်လာပါတယ်။