လက်နက်အကြွင်းအကျန်ကို ယူဆော့မိလို့ ကျောက်မဲက ကလေးငယ် ၁ ဦးပွဲချင်းပြီး သေဆုံး၊ ကိုရင်လေး ၁ပါးဒဏ်ရာအပြင်းအထန်ရပြီး ဆေကုသမှုခံယူဖို့ အကူအညီလိုအပ်နေ
ကျောက်မဲမြို့နယ် ကြူရှာကျေးရွာအုပ်စု၊ ပန်ဆန်ကျေးရွာက ကလေးငယ်တွေဟာ လက်ဖက်ခြံထဲမှာရှိတဲ့ လက်နက်အကြွင်းအကျန်ကို ယူဆော့ကစားမိရာကနေ ပေါက်ကွဲမှုဖြစ်ပြီး အသက် ၈ နှစ်အရွယ် ကလေးတစ်ယောက် ပွဲချင်းပြီးသေဆုံးကာ ကိုရင်ငယ် ၁ပါးအပါအဝင် ၄ ဦးက ပြင်းထန်စွာ ဒဏ်ရာရှိခဲ့ပါတယ်။