နိုင်ငံရေး ဖိအားကြောင့် လားရှိုးကနေ ဆုတ်ခွာရတာလို့ ကိုးကန့်တပ်ပြော
ကိုးကန့်တပ်မတော်- MNDAA အနေနဲ့ ရှမ်းမြောက် လားရှိုးမြို့ကို ထိန်းချုပ်ထားစဉ် ကျန်းမာရေးကဏ္ဍကို အကောင်းဆုံးဖြစ်အောင် ကြိုးစားဆောင်ရွက်ခဲ့ပေမဲ့ နိုင်ငံရေး ဖိအားကြောင့် လားရှိုးကနေ ဆုတ်ခွာရတာဖြစ်တယ်လို့ ကိုးကန့်တပ်ရဲ့ ကျန်းမာရေးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။