အပစ်ရပ်ကာလအတွင်း စစ်ကောင်စီတပ်ရဲ့ တိုက်ခိုက်မှုကြောင့် KNU ထိန်းချုပ်ဒေသက သံဃာ ၄ ပါးအပါအဝင် အရပ်သား ၁၉ ဦးသေဆုံးခဲ့
စစ်ကောင်စီတပ်က အပစ်ရပ်ထုတ်ပြန်ထားတဲ့ ဧပြီ ၂ ရက်ကနေ ၂၂ ရက်အထိ ကရင်အမျိုးသားအစည်းအရုံး KNU ထိန်းချုပ်ဒေသကို လေကြောင်းနဲ့ လက်နက်ကြီး အသုံးပြုတိုက်ခိုက်ခဲ့တာကြောင့် အရပ်သား ၁၉ ဦး သေဆုံးခဲ့ပြီး သံဃာ ၄ ပါး ပျံလွန်တော်မူခဲ့ကြောင်း မနေ့ဧပြီ ၂၆ ရက်မှာ KNUဘက်က ထုတ်ပြန်ထားပါတယ်။