စဥ့်ကူးမြို့ပေါ်ရှိ စာသင်ကျောင်းနဲ့ ဘုန်းကြီးကျောင်း လေယာဥ်နဲ့ ဗုံးကြဲခံရပြီး အဆောက်အဦး ပျက်စီး
မန္တလေး PDF နဲ့ ပူးပေါင်းတပ်တွေ ထိန်းချုပ်ထားတဲ့ မန္တလေးတိုင်း စဥ့်ကူးမြို့ပေါ်ရှိ စာသင်ကျောင်းနဲ့ဘုန်းကြီးကျောင်း လေယာဥ်နဲ့ ဗုံးကြဲခံရပြီး အဆောက်အဦးတွေ ပျက်စီးသွားတယ်လို့ မြေပြင်အခြေအနေ သိရှိသူတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။