ကလေး၀မြို့နယ်မှာ လေကြောင်းနဲ့ တိုက်ခိုက်လို့ အရပ်သား ၂ ဦး သေဆုံးပြီး ၃ ဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်း ကလေးဝမြို့နယ်ထဲက ကျေး ၃ ရွာကို စစ်ကောင်စီတပ်က လေကြောင်းနဲ့ တိုက်ခိုက်ခဲ့တာကြောင့် စစ်ဘေးရှောင်တစ်ဦးအပါအဝင် နှစ်ဦး သေဆုံးခဲ့ပြီး ၃ ဦးထက်မနည်း ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ ဒေသခံတွေက ရွှေဖီမြေကို ပြောပါတယ်။

နမ့်ခမ်း မန်စပ်ရွာမှာ ဆီလီကွန်ကျောက် တူးဖော်မှုကို ဒေသခံတွေ ကန့်ကွက်ပေမဲ့ ဆက်လက် တူးဖော်နေဆဲ

ရှမ်းမြောက် နမ့်ခမ်းမြို့နယ် မန်စပ်ကျေးရွာအုပ်စု မန်စပ်ရွာမှာ ဆီလီကွန်ကျောက် တူးဖော်မှုကို ဒေသခံတွေ ကန့်ကွက်ပေမဲ့ ဆက်လက် တူးဖော်နေဆဲဖြစ်တယ်လို့ ဒေသခံတွေက ရွှေဖီမြေကို ပြောပါတယ်။

ဗန်းမော်တိုက်ပွဲမှာ စစ်ကောင်စီတပ်ဘက်က လေကြောင်းနဲ့ မရေမတွက်နိုင်အောင် ဗုံးကြဲတိုက်ခိုက်နေ

ကချင်ပြည်နယ် ဗန်းမော်တိုက်ပွဲမှာ မနေ့ ဧပြီ ၂၉ ရက်နဲ့ ဒီနေ့ ၃၀ ရက်မှာ စစ်ကောင်စီတပ်ဘက်က လေကြောင်းနဲ့ မရေမတွက်နိုင်အောင် ဗုံးကြဲတိုက်ခိုက်နေကြောင်း ရှေ့တန်းနဲ့ နီးစပ်သူတွေဆီက သိရပါတယ်။

နမ့်မကျေးရွာကနေ SSPP တွေ တပ်ပြန်ဆုတ်ပြီးနောက် MNDAA နဲ့ SSPP အကြား စစ်ရေးတင်းမာနေ၊ နှစ်ဖက်ခေါင်းဆောင်တွေ တွေ့ဆုံဖြေရှင်းမယ်လို့ SSPP ပြော

ရှမ်းမြောက် လားရှိုးနဲ့ သီပေါမြို့နယ်ကြားရှိ နမ့်မကျေးရွာမှာ ရှမ်းပြည်တိုးတက်ရေးပါတီ SSPP နဲ့ ကိုးကန့်တပ်မတော် MNDAA တို့ ပစ်ခတ်မှု ဖြစ်ပွားခဲ့ရာ SSPP တပ်တွေက နမ့်မကနေ ဆုတ်ခွာခဲ့ရပြီးနောက် ဒီနေ့ ဧပြီလ ၃၀ ရက်မှာ ၂ ဖက်တပ်တွေ စစ်ရေးတင်းမာနေတယ်လို့ သိရပါတယ်။

တရုတ်နိုင်ငံ ရွှေလီမြို့မှာ ရည်းစားကိစ္စနဲ့ မြန်မာနိုင်ငံသား အမျိုးသမီး ၂ဦးက အမျိုးသမီး ၁ဦးကို လမ်းမပေါ် ညလုံးပေါက် အပြင်းအထန်ရိုက်နှက်ထိုးကြိတ်ခဲ့

တရုတ်နိုင်ငံ၊ ရွှေလီမြို့မှာ ရောက်ရှိနေကြတဲ့ မြန်မာနိုင်ငံသား လူငယ်အရွယ် အမျိုးသမီးငယ် ၂ဦးက ရည်းစားကိစ္စနဲ့ပတ်သက်ပြီး အမျိုးသမီးငယ် ၁ဦးကို လမ်းမပေါ်မှာ ညလုံးပေါက် ပြင်းပြင်းထန်ထန်ရိုက်နှက်ထိုးကြိတ်ခဲ့တဲ့ ရုပ်သံဖိုင်ဟာ လူမှုကွန်ယက်မှာ ပြန့်နှံ့ခဲ့ပါတယ်။

မိုးကုတ်အနောက်ပိုင်းကို စစ်ကောင်စီဗုံးကြဲတိုက်ခိုက်

စစ်ကောင်စီရဲ့ အပစ်ရပ်သက်တမ်းပြည့်တဲ့ ဒီနေ့ ဧပြီ ၃၀ ရက် ည ၈ နာရီ ၂၅ မိနစ်မှာ တအာင်းတပ်မတော်-TNLA ထိန်းချုပ်ထားတဲ့ မန္တလေးတိုင်း မိုးကုတ်မြို့အနောက်ပိုင်းကို စစ်ကောင်စီဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။

တန့်ယန်းမြို့မှာ ပေါက်ကွဲမှုအကြီးစားတစ်ခု ဖြစ်ပွါးခဲ့ပြီး အမျိုးသား ၃ ဦး ထိခိုက်ဒဏ်ရာရ

စစ်ကောင်စီတပ် အုပ်ချုပ်နေဆဲဖြစ်တဲ့ ရှမ်းမြောက် တန့်ယန်းမြို့ ရပ်ကွက် ၂ က အိမ်ခန်းငှားတဲ့ နေရာတစ်ခုမှာ ပေါက်ကွဲမှုဖြစ်ပြီး ဒေသခံ အမျိုးသား ၃ ဦး ထိမှန်ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေစီက သိရပါတယ်။

မိုးမိတ်မြို့နယ်က မန်ဖွယ်ရွာမှာ SSPP ရဲ့ တပ်သားတွေ အချင်းချင်း ပစ်ခတ်မှုဖြစ်ပြီး ၅ ဦးသေ၊ ၁ ဦး ဒဏ်ရာရ

ရှမ်းမြောက် မိုးမိတ်မြို့နယ်က မန်ဖွယ်ကျေးရွာမှာ တပ်စွဲထားတဲ့ ရှမ်းပြည်တိုးတက်ရေးပါတီ SSPP ရဲ့ တပ်သားတွေ အရက်မူးပြီး စကားများရန်ဖြစ်ရာကနေ အချင်းချင်း ပြန်လည်ပစ်ခတ်ပြီး ၅ ဦးသေဆုံးကာ ၁ ဦး ဒဏ်ရာရခဲ့တယ်လို့ ဖြစ်စဉ်သိရှိသူ အမျိုးသားတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

သိန္နီမြို့မှာ ကုန်ကားသမားတွေထံ ကုန်စည်ခွန်ဆိုပြီး MNDAA က ငွေသိန်း ကျပ် ၃၀ အထိ တောင်းနေတာတွေ ရှိနေ၊ တိကျတဲ့ သတ်မှတ်ချက်မရှိလို့ ဂိတ်စောင့်တွေ လိုသလောက်တောင်းသလို ဖြစ်နေ

ကိုးကန့်တပ်- MNDAA ထိန်းချုပ်ထားတဲ့ သိန္နီမြို့မှာ ကုန်စည်တင်တဲ့ကားတွေကို ကိုးကန့်တပ်က ငွေသိန်း ကျပ် ၃၀ အထိ အခွန်ကောက်ခံနေကြောင်းကို ကိုယ်တိုင်ကြုံတွေ့ခဲ့ရသူ တစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

ကွတ်ခိုင်မှာ ငွေကြေးကြောင့် စကားများရန်ဖြစ်ပြီး ရိုက်နှက်မှုဖြစ်လို့ ၃ ဦး ဒဏ်ရာရ

တအာင်းတပ် TNLA ထိန်းချုပ်ထားတဲ့ ကွတ်ခိုင်မြို့နယ်မှာ ရရှိရန် ကျန်နေတဲ့ ငွေကိုတောင်းရာကနေ စကားများရန်ဖြစ်ပြီး ရိုက်နှက်မှုဖြစ်လို့ အမျိုးသား ၁ ဦးနဲ့ အမျိုးသမီး ၂ ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဖြစ်စဉ်ကို သိရသူ အမျိုးသားရဲ့ပြောပြချက်အရ သိရပါတယ်။