Browsing Category
သတင်း
3846 posts
Stay informed with the latest breaking news and in-depth reporting on a wide range of topics, including local news, education, breaking news and more.
ပင်လောင်းမြို့နယ်မှာ စစ်ကောင်စီတပ် ပစ်ခတ်တဲ့ လက်နက်ကြီးကြောင့် နေအိမ်တွေ ထိခိုက်ပျက်စီး
ရှမ်းတောင် ပင်လောင်းမြို့နယ်မှာ စစ်ကောင်စီတပ်နဲ့ ၎င်းရဲ့ လက်အောက်ခံ ပြည်သူ့စစ်- PNO တို့ ပစ်ခတ်တဲ့ လက်နက်ကြီးကြောင့် နေအိမ် ထိခိုက်ပျက်စီးခဲ့တယ်လို့ အင်းလေးဒေသ လူ့အခွင့်အရေး လှုပ်ရှားသူတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။
စစ်ကောင်စီတပ် အထိုင်ချထားတဲ့ နေရာ ၆ ခုကို သိမ်းပိုက်နိုင်ခဲ့ကြောင်း KNU ထုတ်ပြန်
ကရင်အမျိုးသား အစည်းအရုံး (KNU) ထိန်းချုပ်နယ်မြေ ညောင်လေးပင်ခရိုင်၊ မူးမြို့နယ်ထဲက စစ်ကောင်စီတပ် အထိုင်ချထားတဲ့ နေရာ ၆ ခုကို KNLA ဦးဆောင်တဲ့ တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့တွေက သိမ်းပိုက်နိုင်ခဲ့တယ်လို့ KNU က ဒီနေ့ မေလ ၂ ရက်မှာ ထုတ်ပြန်ထားပါတယ်။
ရဲဘော်တွေရဲ့ နာရေးဆွမ်းကပ်ဖို့ စီစဉ်နေချိန် ကျောက်ဆည်တော်လှန်ရေးတပ်ဖွဲ့ရဲ့တပ်ရင်းမှူးကို- MOD က ဖမ်းဆီးခေါ်ဆောင်သွား
တိုက်ပွဲအတွင်းမှာ ကျဆုံးခဲ့တဲ့ ရဲဘော်တွေရဲ့ နာရေးကို စီစဉ်နေတဲ့အချိန်မှာ ကျောက်ဆည်ခရိုင်တပ်ရင်းအမှတ် ၂ ရဲ့ တပ်ရင်းမှူးဖြစ်တဲ့ ကိုစစ်နိုင်ကို NUG ရဲ့ ကာကွယ်ရေးဝန်ကြီးဌာန-MOD က ဖမ်းဆီးခေါ်ဆောင်သွားခဲ့တယ်လို့ နီးစပ်တဲ့ သတင်းအရင်းမြစ်တွေထံက သိရပါတယ်။
TNLAကို သိမ်းပိုက်ထားတဲ့ မြို့တွေကနေ နမ့်ဆန်၊မန်တုံထိ စစ်ကောင်စီက တပ်ပြန်ဆုတ်ခိုင်းလို့ ကူမင်းတွေ့ဆုံဆွေးနွေးပွဲ မအောင်မြင်ခဲ့
တရုတ်ကြားဝင်စေ့စပ်မှုကြောင့် စစ်ကောင်စီတပ်နဲ့ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (PSLF/TNLA) တို့ တရုတ်ပြည် ကူမင်းမှာ ပြုလုပ်တဲ့ အပစ်ခတ်ရပ်စဲရေး ဆွေးနွေးပွဲ အောင်မြင်မှုမရှိပဲ ပြီးဆုံးသွားခဲ့တယ်လို့ TNLA က ဒီနေ့ မေလ ၂ ရက်မှာ ထုတ်ပြန်ထားပါတယ်။
အပစ်ရပ်ကြောင်း ကြေညာထားတဲ့ ၁လအတွင်း စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် မန္တလေးတိုင်းက အရပ်သားပြည်သူ ၄၀ဦးထက်မနည်း သေဆုံးခဲ့
အပစ်ရပ်ကြောင်း ကြေညာထားတဲ့ စစ်ကောင်စီတပ်က မန္တလေးတိုင်း သပိတ်ကျင်း၊ မတ္တရာ နှင့် စဉ့်ကူးမြို့နယ်တွေမှာ လေကြောင်းတိုက်ခိုက်မှုတွေလုပ်ဆောင်ခဲ့ပြီး အဲဒီတိုက်ခိုက်မှုတွေကြောင့် ဧပြီလ တစ်လအတွင်း အရပ်သားပြည်သူ ၄၀ ဦးထက်မနည်း သေဆုံးခဲ့ပါတယ်။