လက်ဖက်ရွက်စိမ်း ၁ ပိဿာ ၄ ထောင်ကနေ ၃ ထောင်အထိ ဈေးကျနေ

တအာင်းဒေသ နမ့်ဆန်မြို့နယ်ထဲက ကျေးရွာတချို့မှာ လက်ဖက်ရွက်စိမ်း တစ်ပိဿာကို ၃ ထောင်ကျပ်ဝန်းကျင်သာ ဈေးရတော့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဗန်းမော်မြို့သိမ်းတိုက်ပွဲ တကျော့ပြန်လည်ပြင်းထန်လာ

ကချင်ပြည်နယ်ရဲ့ ဒုတိယ မြို့တော်ဖြစ်တဲ့ ဗန်းမော်မှာ ဒီနေ့ မေလ ၆ ရက်နေ့ မနက်ပိုင်းကစပြီး တိုက်ပွဲ ပြန်လည်ပြင်းထန်လာကြောင်း ဒေသခံတွေနဲ့ ရှေ့တန်း အသိုင်းအဝိုင်းဆီက စုံစမ်းသိရပါတယ်။

မိုင်းငေါ့မြို့အနီးက ကျေးရွာတစ်ခုကို စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်

တအာင်းတပ်မတော် TNLA ထိန်းချုပ်ထားတဲ့ ကျောက်မဲခရိုင် မိုင်းငေါ့မြို့နယ်ထဲက ကွန်စလန်းရွာအစပ်ကို စစ်ကောင်စီတပ်က လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။

ဧပြီလအတွင်း KNU နဲ့ စစ်ကောင်စီတပ် တိုက်ပွဲ ၁၃၉ ကြိမ် ဖြစ်ပွား၊ စစ်တပ်ဘက်က ဗိုလ်မှူးအပါအဝင် ၃၉ ဦး သေဆုံးခဲ့တယ်လို့ KNU ထုတ်ပြန်

ကရင်အမျိုးသားအစည်းအရုံး- KNU/KNLA ကော်သူလေးအုပ်ချုပ်နယ်မြေ မူတြော်(ဖာဖွန်)ခရိုင်ထဲ ပြီးခဲ့တဲ့ ဧပြီလအတွင်း KNU တပ်မဟာ(၅)နဲ့ စစ်ကောင်စီတပ် တိုက်ပွဲ ၁၃၉ ကြိမ် ဖြစ်ပွားခဲ့တယ်လို့ KNU က ဒီနေ့ မေလ ၅ ရက်မှာ ထုတ်ပြန်လာပါတယ်။

ကောလင်းမြို့ အရှေ့တောင်ဘက် ထွက်လာတဲ့ စစ်ကောင်စီ စစ်ကြောင်းက ဒေသခံအမျိုးသမီး ၁ ဦးကို ပစ်သတ်သွား

စစ်ကိုင်းတိုင်း ကောလင်းမြို့နယ်ကနေ ကောလင်းမြို့ အရှေ့တောင်ဘက် ထွက်လာတဲ့ စစ်ကောင်စီ စစ်ကြောင်းက ဒေသခံအမျိုးသမီး ၁ ဦးကို ပစ်သတ်ခဲ့တယ်လို့ ကောလင်းဒေသခံတစ်ဦးက ရွှေဖီမြေကိုပြောပါတယ်။

မူဆယ်ရှိ တရုတ်-မြန်မာနယ်စပ်ဂိတ်မှာ တရုတ်ကားတွေသာ သွားလာခွင့်ပြုပြီး မြန်မာနိုင်ငံသား ကားတွေကို စစ်ကောင်စီက သွားလာခွင့်ပိတ်ပင်ထား

တရုတ်-မြန်မာနယ်စပ်ဖြစ်တဲ့ ရှမ်းမြောက် မူဆယ်မြို့မှာရှိတဲ့ ဆင်ဖြူပေါက်ဂိတ်မှာ တရုတ်ပြည်ဘက်သွားမဲ့ မြန်မာနိုင်ငံက အိမ်စီးကားတွေကို စစ်ကောင်စီတပ်ဘက်က သွားလာခွင့်ပိတ်ပင်ထားခဲ့တယ်လို့ ဒေသခံ‌တွေက ပြောပါတယ်။

လားရှိုးမြို့မှာ တိုက်ပွဲအတွင်း သေဆုံးသွားခဲ့တဲ့ လူတွေအတွက်ရည်စူးပြီး မန်ဆူကျောင်းဆရာတော်နဲ့ စစ်ကောင်စီတပ်တို့ ပူးပေါင်းကာ ရပ်ကွက်အချို့ထဲ ပရိတ်လိုက်ရွတ်ပေး

ရှမ်းမြောက် လားရှိုးမြို့သိမ်း တိုက်ပွဲအတွင်း သေဆုံးသွားခဲ့တဲ့ လူတွေအတွက် ရည်စူးပြီး မန်ဆူကျောင်းဆရာတော်ကိုယ်တိုင် ဦးဆောင်ကာ စစ်ကောင်စီတပ်တို့ပူးပေါင်းပြီး ရပ်ကွက်အချို့ထဲ ပရိတ်ရွတ်ပေးခဲ့တယ်လို့ ရွှေဖီမြေက စုံစမ်းသိရပါတယ်။

စဥ့်ကူးက ထုံကြီးရွာကို စစ်ကောင်စီ ဗုံးကြဲပြီးနောက် ဖြတ်သန်းသွားလာခွင့် ခေတ္တပိတ်ပင်

စစ်ကိုင်းတိုင်းနဲ့ မန္တလေးတိုင်းအစပ်မှာရှိတဲ့ စဥ့်ကူးမြို့နယ် ထုံကြီးရွာကို စစ်ကောင်စီ ဗုံးကြဲပြီးနောက် ဖြတ်သန်းသွားလာခွင့် ခေတ္တပိတ်ပင်ထားတယ်လို့ မြေပြင်အခြေအနေ သိရှိသူတွေက ရွှေဖီမြေကို ပြောပါတယ်။

ဟိုပန်မြို့ရှိ ဖောင်ဆိပ်တံတားနဲ့ ညီနောင်တံတားမှာ ဗမာလူမျိုးတွေကို ပြန်လည်ဖြတ်သန်းခွင့်ပေး

ဝပြည်သွေးစည်းညီညွတ်ရေးတပ်မတော် UWSA ထိန်းချုပ်ထားတဲ့ ရှမ်းမြောက် ဟိုပန်မြို့ရှိ ဖောင်ဆိပ်တံတားနဲ့ ညီနောင်တံတားမှာ ဗမာလူမျိုးတွေကို ဖြတ်သန်းခွင့် ပြန်ပေးပြီလို့ မြေပြင်အခြေအနေသိရှိသူ အမျိုးသမီးတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

ကျောက်မဲမြို့ကို စစ်ကောင်စီက ဂျတ်ဖိုက်တာနဲ့ ဗုံး ၂ လုံးကြဲချ

TNLA ထိန်းချုပ်ထားတဲ့ ကျောက်မဲမြို့ကို ဒီကနေ့ မေလ ၅ ရက် မနက် ၁၁ နာရီကျော်မှာ စစ်ကောင်စီတပ်က ဂျက်ဖိုက်တာနဲ့ ဗုံးနှစ်လုံး လာရောက်ကြဲချတယ်လို့ ရွှေဖီမြေက စုံစမ်း သိရပါတယ်။