ဧပြီလအတွင်း စစ်ကောင်စီကြောင့် အမျိုးသမီး ၇၀ ကျော် သေဆုံး

စစ်ကောင်စီတပ် အပစ်ရပ်ထားတဲ့ ဧပြီလအတွင်း စစ်ကောင်စီတပ်ကြောင့် မြန်မာတစ်နိုင်ငံလုံးက အရပ်သား ၇၁ ဦး သေဆုံးခဲ့ရကြောင်း မြန်မာ့အမျိုးသမီးသမဂ္ဂ- BWU ရဲ့ ဒီနေ့ မေလ ၇ ရက် ထုတ်ပြန်ချက်အရ သိရပါတယ်။

ကျောက်ထုမြို့ထဲ ပစ္စည်းလာဝယ်တဲ့ ဦးဇင်းနဲ့ ကပ္ပိယကို စစ်ကောင်စီတပ် ဖမ်းဆီးပြီး စစ်ဆေးရိုက်နှက်၊ စစ်တပ်ဘက်က လက်လွန်မှုကြောင့် ဦးဇင်း ပျံလွန်တော်မူ

မကွေးတိုင်း ဂန့်ဂေါခရိုင် ဆောမြို့နယ် တပြင်းရွာကနေ ကျောက်ထုမြို့ထဲ ပစ္စည်းလာဝယ်တဲ့ ဦးဇင်းတစ်ပါးနဲ့ ကပ္ပိယကို စစ်ကောင်စီတပ်က ဖမ်းဆီးပြီး စစ်ဆေးရိုက်နှက်ခဲ့တယ်လို့ ယောအလင်းတန်းမှ ကိုအောင်ကြီးက ရွှေဖီမြေကို ပြောပါတယ်။

မူဆယ်မြို့မှာ အမျိုးသမီး ၁ ဦးကို အမျိုးသားတစ်စုက ပြန်ပေးဆွဲ၊ မူဆယ်မှာ တစ်ပတ်ကျော်အတွင်း လုယက်မှုနဲ့ ပြန်ပေးဆွဲမှု ၃ ကြိမ်ထက်မနည်း ဖြစ်ပွား

စစ်ကောင်စီတပ် ထိန်းချုပ်ထားတဲ့ မူဆယ်မြို့မှာ အမျိုးသမီး ၁ ဦးကို အမျိုးသားတစ်စုက ပြန်ပေးဆွဲသွားပြီး တစ်ပတ်ကျော်အတွင်း လုယက်မှုနဲ့ ပြန်ပေးဆွဲမှု ၃ ကြိမ်ထက်မနည်း ဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေက ရွှေဖီမြေကို ပြောပါတယ်။

နောင်ချိုမှာ စစ်ကောင်စီတပ်နဲ့ TNLA တိုက်ပွဲ ဆက်ဖြစ်နေပြီး စစ်တပ်က တစ်ရက်အတွင်း အဆိပ်ငွေ့ဗုံး ၆ လုံး အသုံးပြုတိုက်ခိုက်

ရှမ်းမြောက် နောင်ချိုမြို့နယ်ထဲက စစ်ကောင်စီရဲ့ အမြှောက်တပ်တွေ တည်ရှိရာ တောင်းခမ်းရွာမှာ စစ်တပ်နဲ့ တအာင်းတပ်မတော်- TNLA တို့အကြား တိုက်ပွဲ ဆက်ဖြစ်နေပြီး စစ်ကောင်စီတပ်က အဆိပ်ငွေ့ဗုံးတွေ ဆက်တိုက် အသုံးပြုတိုက်ခိုက်နေပါတယ်။

လေကြောင်း တိုက်ခိုက်မှု ဆက်တိုက် လုပ်နေတဲ့ စစ်ကောင်စီတပ်က အပစ်ရပ်ကာလ ၁ လ ထပ်တိုးပြန်

စစ်ကောင်စီတပ်က ဒီနေ့ မေလ ၆ ရက်ကနေ မေလ ၃၁ ရက်အထိ အပစ်ရပ်ကာလ ၁ လ ထပ်တိုးထားကြောင်း စစ်ကောင်စီလက်အောက်ခံ မီဒီယာတွေက ဒီနေ့ မေလ ၆ ရက်မှာ ရေးသားဖော်ပြလာကြပါတယ်။

ကျေးရွာလူထုဆန္ဒမပါတဲ့ ဆီလီကွန်ကျောက် တူးဖော်မှုကို အကြိမ်ကြိမ် တားခဲ့ပေမဲ့ လုပ်ငန်း မရပ်တန့်လို့ နမ့်ခမ်း မန်စပ်ရွာခံ ရာနဲ့ချီ ဆန္ဒပြကန့်ကွက်

ရှမ်းမြောက် နမ့်ခမ်းမြို့နယ် မန်စပ်ကျေးရွာအုပ်စု မန်စပ်ရွာမှာ ဆီလီကွန်ကျောက် တူးဖော်မှုအပေါ် ဒေသခံ ရာနဲ့ချီ ဆန္ဒပြကန့်ကွက်ခဲ့ကြတယ်လို့ ဒေသခံတွေက ရွှေဖီမြေကို ပြောပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

ဖားကန့်မှာ အမျိုးသားတစ်ဦး ဓားနဲ့ ထိုးသတ်ခံရ

ကချင်ပြည်နယ် ဖားကန့်မြို့နယ် ဆိုင်တောင်မှာ အမျိုးသားတစ်ဦး ဓားနဲ့ ထိုးသတ်ခံခဲ့ရတယ်လို့ ဖြစ်စဉ်သိရှိသူ အမျိုးသားတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

ဝါရင့်ရခိုင့်နိုင်ငံရေးသမား ဦးဦးလှစော အိန္ဒိယမှာ ကွန်လွယ်

နိုင်ငံရေးသမားတွေထဲမှာ ထင်ရှားတဲ့ ဝါရင့်ရခိုင့်နိုင်ငံရေးသမားတစ်ဦးဖြစ်တဲ့ ဦးဦးလှစောဟာ ဆေးကုသရင်း လှည်ချောင်းကင်ဆာနဲ့ အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်မှာ မေလ ၅ ရက် ည ၁၁ နာရီ ၄၅ မိနစ်အချိန်မှာ ကွယ်လွန်သွားတယ်လို့ အာရက္ခတပ်တော် (AA)နဲ့ နီးစပ်သူတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

တရုတ် ပိတ်ဆို့မှုကြောင့် မီးသွေးလုပ်ကိုင်သူတွေ အကြပ်အတည်းနဲ့ ရင်ဆိုင်လာရ

တရုတ်က နယ်စပ်ကုန်သွယ်ရေးဂိတ်တွေကို ပိတ်ဆို့လိုက်တာကြောင့် မီးသွေးဈေးနှုန်း ကျဆင်းလာပြီး ရှမ်းမြောက်မှာ မီးသွေးလုပ်ကိုင်ကြတဲ့ လူထုတွေ အကြပ်အတည်း ရင်ဆိုင်နေရပါတယ်။