မြန်မာနိုင်ငံရှိ တရုတ်စီမံကိန်းနဲ့ဝန်ထမ်းတွေကို ဘေးကင်းလုံခြုံမှု အစွမ်းကုန် အာမခံပေးသွားမယ်လို့ မင်းအောင်လှိုင်က ရှီကျင့်ဖျင်ကိုပြော

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်နဲ့ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့ မနေ့ မေလ ၉ရက်နေ့ ရုရှားနိုင်ငံ မော်စကိုမြို့မှာ တွေ့ဆုံခဲ့တယ်လို့ တရုတ်အစိုးရပိုင် Xinhus Newsက ဖော်ပြပါတယ်။

မြိတ်-ထားဝယ်ခရိုင်ရှိ စစ်ကောင်စီရဲ့ ထီးခီးစခန်းကို KNLA နဲ့ ပူးပေါင်းတပ်ဖွဲ့ တိုက်ခိုက်သိမ်းပိုက်

တနင်္သာရီတိုင်း မြိတ်-ထားဝယ်ခရိုင် ထီးခီးဒေသမှာရှိတဲ့ စစ်ကောင်စီတပ် အခြေစိုက်စခန်းကို ကရင်တပ်မတော်- KNU/KNLA နဲ့ ပူးပေါင်းတပ်ဖွဲ့က သိမ်းပိုက်နိုင်ခဲ့တယ်လို့ KNU က ထုတ်ပြန်လာပါတယ်။

လေကြောင်း တိုက်ခိုက်မှုကြောင့် မူးမြို့နယ်က အရပ်သား ၂ ဦး သေဆုံးခဲ့ပြီး ကလေးအပါအဝင် ၃ ဦး ဒဏ်ရာရ

စစ်ကောင်စီတပ်ရဲ့ လေကြောင်း တိုက်ခိုက်မှုကြောင့် ပဲခူးတိုင်း မူးမြို့နယ်က အရပ်သား ၂ ဦး သေဆုံးခဲ့ပြီး ကလေးအပါအဝင် ၃ ဦး ထိခိုက်ဒဏ်ရာ ရခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံး- KNU က ဒီနေ့ မေလ ၉ ရက်မှာ ထုတ်ပြန်လာပါတယ်။

ဗန်းမော်နဲ့ ဖားကန့်လမ်းဘက်မှာ တိုက်ပွဲဆက်လက် ပြင်းထန်နေပြီး စစ်ကောင်စီရဲ့ လေကြောင်း တိုက်ခိုက်မှုကြောင့် စစ်ဘေးရှောင် အချို့ထိခိုက်၊ သေဆုံးမှု ရှိနေ

ကချင်ပြည်နယ်၊ ဗန်းမော် နဲ့ ဖားကန့်လမ်းဘက်မှာ စစ်ကောင်စီတပ်နဲ့ KIAပူးပေါင်းတပ်ဖွဲ့တို့အကြား တိုက်ပွဲဆက်လက် ပြင်းထန်နေပြီး စစ်ကောင်စီရဲ့ လေကြောင်း တိုက်ခိုက်မှုကြောင့် ဗန်းမော်က စစ်ဘေးဒုက္ခသည် အချို့ထိခိုက်၊ သေဆုံးတာတွေ ရှိနေကြောင်း ရှေ့တန်းသတင်းရင်းမြစ်တွေနဲ့ ဒေသခံတွေဆီက သိရပါတယ်။

RFA ရဲ့ မြန်မာပိုင်းထုတ်လွှင့်မှုကို မရေရာတော့တဲ့ ရန်ပုံငွေကြောင့် ရပ်နားတော့မယ်

လွတ်လပ်တဲ့အာရှအသံ- RFA (Radio Free Asia) က မသေချာ မရေရာတော့တဲ့ ရန်ပုံငွေကြောင့် ဒီနေ့ မေလ ၉ ရက်မှစပြီး မြန်မာပိုင်းထုတ်လွှင့်မှုတွေကို လုံးဝရပ်နားတော့မယ်လို့ ဒီမနက်အစောပိုင်းမှာ RFA က ကြေညာလိုက်ပါတယ်။

နောင်ချို သရက်ချိုရွာထဲ စစ်ကောင်စီတပ် ပစ်ခတ်တဲ့ လက်နက်ကြီးကြောင့် ကလေး ၁ ဦးအပါအဝင် ဒေသခံ ၄ ဦး သေဆုံးပြီး ၇ ဦး ဒဏ်ရာရ

တအာင်းတပ်မတော်- PSLF/TNLA ထိန်းချုပ်ထားတဲ့ နောင်ချိုမြို့နယ် သရက်ချိုရွာထဲ စစ်ကောင်စီတပ် ပစ်ခတ်တဲ့ လက်နက်ကြီးကြောင့် ကလေး ၁ ဦး အပါအဝင် ဒေသခံ ၄ ဦး သေဆုံးခဲ့ပြီး ၇ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ TNLA က ဒီနေ့ မေလ ၉ ရက်မှာ ထုတ်ပြန်လာပါတယ်။

စစ်ကောင်စီတပ် ပြန်အုပ်ချုပ်တဲ့ လားရှိုးမြို့မှာ ဓားပြတိုက်မှု ဆက်တိုက်ဖြစ်နေ၊ အမှတ်(၁) ရဲစခန်းဘေးမှာတင် ဓားပြတိုက်ခံရ

စစ်ကောင်စီတပ် ပြန်အုပ်ချုပ်တဲ့ ရှမ်းမြောက် လားရှိုးမြို့မှာ ဓားပြတိုက်မှု ဆက်တိုက် ဖြစ်နေတယ်လို့ လားရှိုးဒေသခံတွေက ရွှေဖီမြေကို ပြောပါတယ်။

ကျုံဒိုးမှာ ထိုးစစ်ဆင်လာတဲ့ စစ်ကောင်စီတပ်ရဲ့ ဗိုလ်မှူး ၁ ဦးအပါ တပ်သား ၃၀ နီးပါးသေဆုံး၊ စစ်ကောင်စီတပ်က လေကြောင်း၊ဒရုန်းတွေနဲ့ ဆက်လက်ထိုးစစ်ဆင်

ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်အစပ်ရှိ ကော့ကရိတ်မြို့နယ်၊ ကျုံဒိုးမြို့၊ နွားခြံကျေးရွာဘက်ကို ထိုးစစ်ဆင်လာခဲ့တဲ့ စစ်ကောင်စီတပ်ရဲ့ ဗိုလ်မှူးစိုးမင်းထက်အပါအဝင် တပ်သား ၃၀ ခန့် သေဆုံးခဲ့တယ်လို့ သိရပါတယ်။

ကွတ်ခိုင်ရှိ ဇိဝကမောင်ဆေးရုံက သူနာပြုအကူနဲ့ ဆေးဝါးကျွမ်းကျင်သင်တန်း အခမဲ့ သင်ကြားပေးမယ်

တအာင်းတပ်ထိန်းချုပ်ထားတဲ့ ကွတ်ခိုင်မြို့၊ ရပ်ကွက် (၄) ပန်းခြံထဲမှာ ပုဂ္ဂလိကဆေးရုံ ဖွင့်လှစ်ထားတဲ့ ဇီဝကမောင်ဆေးရုံက သူနာပြုအကူနဲ့ ဆေးဝါးကျွမ်းကျင်သင်တန်းကို အခမဲ့ သင်ကြားပေးသွားမယ်လို့ သိရပါတယ်။

တရုတ်ကနေ တင်သွင်းလာတဲ့ ကုန်ပစ္စည်းတွေကို ဆင်ဖြူဂိတ်မှာရှိတဲ့ စစ်ကောင်စီတပ်က သိမ်းဆည်းထားပြီး ငွေ သိန်း ၅၀ နဲ့ ပြန်ရွေးခိုင်းတယ်လို့ ဆို

မြန်မာ-တရုတ်နယ်စပ် ရှမ်းမြောက် မူဆယ်မြို့ ဆင်ဖြူဂိတ်မှာရှိတဲ့ စစ်ကောင်စီတပ်က တရုတ်ဘက်ကနေ တင်သွင်းလာတဲ့ ကုန်ပစ္စည်းတွေကို သိမ်းဆည်းထားကာ ငွေ ကျပ်သိန်း ၅၀ နဲ့ ပြန်ရွေးခိုင်းတယ်လို့ ကိုယ်တိုင်ကြုံတွေ့ခဲ့ရသူ တစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။