ရှမ်းတော်လှန်ရေးနေ့ ကျရောက်တော့မှာဖြစ်လို့ RCSS က SSPP တပ်စခန်းတွေတိုက်ခိုက်တာတွေကို ၁၀ ရက် ရပ်နားထားမယ်လို့ ဆို
ရှမ်းအမျိုးသားတော်လှန်ရေးနေ့ ကျရောက်တော့မှာဖြစ်တာကြောင့် ရှမ်းပြည်တိုးတက်ရေးပါတီ- SSPP ရဲ့ တပ်စခန်းတွေကို ထိုးစစ်ဆင်တိုက်ခိုက်တာတွေ ၁၀ ရက်အတွင်း ရပ်နားမယ်လို့ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ- RCSS က ထုတ်ပြန်လိုက်ပါတယ်။