အိန္ဒိယ-မြန်မာနယ်စပ် တမူးမြို့နယ်မှာ အာသံရိုင်ဖယ်တပ်ရဲ့ ပစ်ခတ်မှုကြောင့် ပကဖ ၁၀ ဦး ကျဆုံး

အိန္ဒိယ-မြန်မာနယ်စပ် တမူးမြို့နယ်ခြမ်းမှာ အိန္ဒိယ အာသံရိုင်ဖယ်တပ်ဖွဲ့ရဲ့ ပစ်ခတ်မှုကြောင့် တမူးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် ၁၀ ဦး ကျဆုံးခဲ့တယ်လို့ စစ်ရေးသတင်းရင်းမြစ်က ရွှေဖီမြေသို့ ပြောပါတယ်။

လားရှိုးမြို့ရှိ ဖုန်းအပေါင်ဆိုင်မှာ အုပ်စုလိုက် ဓားပြတိုက်မှု ထပ်ဖြစ်၊ ဖုန်း ၅၀ လုံးနဲ့ ရွှေ ၅ ကျပ်သား ပါသွား

စစ်ကောင်စီတပ် ပြန်အုပ်ချုပ်နေတဲ့ ရှမ်းမြောက် လားရှိုးမြို့ ရပ်ကွက် ၇ ရှိ ဖုန်းအပေါင်ဆိုင်တစ်ခုမှာ အုပ်စုလိုက် ဓားပြတိုက်မှု ထပ်ဖြစ်ခဲ့ပြီး ဖုန်း ၅၀ လုံးနဲ့ ရွှေ ၅ ကျပ်သား ပါသွားတယ်လို့ ဓားပြ တိုက်ခံရတဲ့ မိသားစုဝင်တစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

ဖားကန့်ဘက် စစ်ကြောင်း ထိုးလာနေတဲ့ ကပ်မှော်စွပ်ရောက် စစ်ကောင်စီတပ်ကို KIA နဲ့ ပူးပေါင်းတပ်ဖွဲ့ တိုက်ခိုက်

ကချင်ပြည်နယ် ဖားကန့်ဘက် စစ်ကြောင်း ထိုးလာနေတဲ့ ကပ်မှော်စွပ်ရောက် စစ်ကောင်စီတပ်ကို မနေ့ မေလ ၁၇ ရက်မှာ ကချင်တပ်မတော်- KIA နဲ့ ပူးပေါင်းတပ်ဖွဲ့က တိုက်ခိုက်ရှင်းလင်းခဲ့ကြောင်း ရှေ့တန်း သတင်းရင်းမြစ်တွေဆီက သိရပါတယ်။

၁၀၂၇ စစ်ဆင်ရေးအတွင်း ပျက်စီးသွားတဲ့ ကွမ်းလုံတံတားဟောင်း ပြန်လည်ပြုပြင်ပြီး ကားသေးတွေ ဖြတ်သန်းသွားလာခွင့်ပြု

၁၀၂၇ စစ်ဆင်ရေးအတွင်း ပျက်စီးသွားတဲ့ ရှမ်းမြောက် ကွမ်းလုံမြို့နယ်ရှိ ကွမ်းလုံတံတားဟောင်း ပြန်လည်ပြုပြင်ပြီး ကားသေးတွေ ဖြတ်သန်းသွားလာခွင့် ပြုနေပြီလို့ ဒေသခံတွေဆီက သိရပါတယ်။

ပြင်းအား ၅.၂ အဆင့်ရှိ ငလျင် ထပ်လှုပ်တာကြောင့် မန္တလေးက အဆောက်အဦးတချို့ ထပ်မံ ပြိုကျ၊ သစ်ပင်ပိလို့ ၂ ဦး သေဆုံး

မန္တလေးတိုင်း ကျောက်ဆည်မြို့အနောက်ဘက် ဗဟိုပြုလှုပ်ခတ်ခဲ့တဲ့ ပြင်းအား ၅.၂ အဆင့်ရှိတဲ့ ငလျင် ထပ်မံ လှုပ်ခတ်မှုကြောင့် မန္တလေးတိုင်းရှိ အဆောက်အဦးတချို့ ထပ်ပြိုခဲ့သလို ကလေးအပါအဝင် ၂ ဦး သေဆုံးခဲ့ကြောင်း ဒေသခံတစ်ဦးရဲ့ ပြောပြချက်အရ သိရပါတယ်။

တအာင်းတပ် ထိန်းချုပ်ထားတဲ့ မြို့နယ်တွေမှာ လူဝင်မှုကြီးကြပ်ရေးလုပ်ငန်း ဆောင်ရွက်မယ်၊ ဒေသခံတွေအတွက် မှတ်ပုံတင် ထုတ်ပေးနိုင်ဖို့ ဆောင်ရွက်နေ

တအာင်းတပ်မတော် ထိန်းချုပ်ထားတဲ့ မြို့နယ်တွေမှာ လူဝင်မှုကြီးကြပ်ရေးလုပ်ငန်း ဆောင်ရွက်မှာဖြစ်ပြီး ဒေသခံတွေအတွက် နေထိုင်ခွင့်ကတ်ပြား သို့မဟုတ် ပြည်နယ်သား မှတ်ပုံတင် ထုတ်ပေးနိုင်ဖို့ တအာင်းပြည် လူဝင်မှုကြီးကြပ်ရေးဌာန- IDTL က ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။

လားရှိုးမြို့ထဲက ‌စာသင်ကျောင်း ပြန်ဖွင့်ဖို့ စစ်ကောင်စီ ပြင်ဆင်နေ

စစ်ကောင်စီတပ် ပြန်လည် ထိန်းချုပ်ထားတဲ့ ရှမ်းမြောက် လားရှိုးမြို့မှာ စာသင်ကျောင်းတွေ ပြန်ဖွင့်ဖို့ ပြင်ဆင်‌နေကြောင်း ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။

မင်းပြား မြို့သိမ်းတိုက်ပွဲအတွင်း ဖမ်းဆီးရမိတဲ့ စစ်သုံ့ပန်း ၂၂၅ ဦး AA ပြန်လွှတ်ပေး

ရခိုင်ပြည်နယ် မင်းပြား မြို့သိမ်းတိုက်ပွဲအတွင်း ဖမ်းဆီးရမိတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၂၅ ဦးကို အာရက္ခတပ်တော်- AA က ပြန်လွှတ်ပေးလိုက်တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ကချင်နဲ့ တအာင်းတို့ရဲ့ ထာဝရမဟာမိတ်စာချုပ်မှာ ပါဝင်ဆောင်ရွက်ခဲ့တဲ့ KIO ဥက္ကဌဟောင်း ကွယ်လွန်ခြင်းအတွက် PSLF/TNLA က ဝမ်းနည်းကြောင်း သဝဏ်လွှာပို့

ကချင်လွတ်လပ်ရေးအဖွဲ့ KIO ရဲ့ ဥက္ကဌဟောင်း Lanyaw Zawng Hra ကွယ်လွန်ခြင်းအတွက် တအာင်းတပ် PSLF/TNLA က ဝမ်းနည်းကြောင်းသဝဏ်လွှာ ပေးပို့ခဲ့တယ်လို့ PSLF/TNLA က မနေ့ မေလ ၁၆ ရက်မှာ ထုတ်ပြန်ခဲ့ပါတယ်။

ကွတ်ခိုင်မှာ သားအမိနှစ်ဦး ဓားပြတိုက်ခံရပြီး သိန်း ၅၀ နီးပါးနဲ့ ဖုန်းလေးလုံး ပါသွား

တအာင်းတပ် TNLA ထိန်းချုပ်ထားတဲ့ ရှမ်းမြောက် ကွတ်ခိုင်မြို့နယ်က စျေးသည်သားအမိ ၂ ဦး ဓားပြတိုက်ခံရပြီး ငွေ သိန်း ၅၀ နီးပါးနဲ့ ဖုန်းလေးလုံး ပါသွားတယ်လို့ သိရပါတယ်။