ကလေးမြို့ကနေ ချင်းမြောက်ပိုင်းကို စစ်ကြောင်းထိုးတဲ့ စစ်ကောင်စီတပ်နဲ့ ချင်းကာကွယ်တပ်တို့ တီးတိန်မြို့နယ်မှာ တိုက်ပွဲပြင်းထန်နေ
စစ်ကိုင်းတိုင်း၊ ကလေးမြို့ကနေ ချင်းပြည်နယ်မြောက်ပိုင်းကို စစ်ကြောင်းထိုးတဲ့ စစ်ကောင်စီတပ်နဲ့ ချင်းကာကွယ်ရေးတပ်တို့ တီးတိန်မြို့နယ်မှာ တိုက်ပွဲပြင်းထန်နေတယ်လို့ ရှေ့တန်းစစ်ရေးသတင်းအရစ်မြစ်က ရွှေဖီမြေသို့ ပြောပါတယ်။