ဖားကန့်မြို့နယ် လယ်ပြင်ကနေ ၅မိုင်၊ ၆ မိုင်ဘက် အင်အားဖြည့်လာတဲ့ စကစ နဲ့ KIA ပူးပေါင်းတပ်ဖွဲ့ တို့ တိုက်ပွဲ ဖြစ်နေ

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ ဖားကန့်မြို့နယ်၊ လုံးခင်းကျေးရွာအုပ်စု၊ လယ်ပြင်ဘက်ကနေ ၅ မိုင်၊ ၆ မိုင်ဘက် အင်အားဖြည့် စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီ တပ်ဖွဲ့ နဲ့ KIA ပူးပါင်းတပ်ဖွဲ့တို့ တိုက်ပွဲ ဖြစ်ပွားနေကြောင်း ဒေသခံတွဆီက သိရပါတယ်။

PSLF/TNLA ထိန်းချုပ်နယ်မြေမှာ ကားလိုင်စင် ပြုလုပ်ပေးမှာဖြစ်ပြီး ၂ သိန်းကျပ်ကနေ ၅ သိန်းကျပ်အထိ ဝန်ဆောင်ခ ပေးရမယ်လို့ ပြော

တအာင်းတပ်မတော် PSLF/TNLA ထိန်းချုပ်နယ်မြေမှာ ကားလိုင်စင်တွေ ပြုလုပ်ပေးမှာဖြစ်ပြီး ၂ သိန်းကျပ်ကနေ ၅ သိန်းကျပ်အထိ ဝန်ဆောင်ခပေးရမယ်လို့ တအာင်းတပ်က ဒီနေ့ မေလ ၂၂ ရက်မှာ ထုတ်ပြန်လာပါတယ်။

မူဆယ်မှာ တရားမဝင်တဲ့ ပြည့်တန်ဆာရုံပေါင်း (၇၀) ဝန်းကျင်ရှိပြီး အလုပ်ဝင်လုပ်တဲ့ အမျိုးသမီးတွေ အဓမ္မ စေခိုင်းခံရတာတွေ ရှိနေ

တရုတ်- မြန်မာနယ်စပ်က မူဆယ်မြို့မှာ တရားမဝင် ဖွင့်လှစ်ထားတဲ့ ပြည့်တန်ဆာရုံတွေမှာ အမျိုးသမီးငယ်တွေကို အဓမ္မ စေခိုင်းတာတွေ ရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မူဆယ်မှာ ကင်းစောင့်ရဲတပ်သားတစ်ဦးက ဆိုင်ကယ်၊ ဖုန်းနဲ့ ငွေတွေ လုယက်ခံရ

ရှမ်းမြောက် တရုတ်မြန်မာနယ်စပ် မူဆယ်မြို့ ဆင်ဖြူရဲကင်းမှာ ဝာာဝန်ထမ်းဆောင်နေတဲ့ ရဲတပ်သားတစ်ဦးက ၎င်းစီးနင်းလာတဲ့ ဘက်ထရီဆိုင်ကယ် (၁) စီး၊ ဖုန်း (၂) လုံးနဲ့ ပိုက်ဆံအိတ်တွေ လုယက်သွားခံရကြောင်း စုံစမ်းသိရှိရပါတယ်။

မုဒုံမြို့နယ် ရောင်းဒေါင်းရွာအနီးရှိ စစ်ကောင်စီ အမြှောက်တပ်(၃၁၈)ကို NMSP-AD တိုက်ခိုက်၊ စစ်ကောင်စီတပ်သား ၁ ဦးသေ၊ ၅ ဦးဒဏ်ရာရ

မွန်ပြည်နယ် မုဒုံမြို့နယ် ရောင်းဒေါင်းကျေးရွာအနီးရှိ စစ်ကောင်စီရဲ့ အမြှောက်တပ်(၃၁၈)ကို မွန်ပြည်သစ်ပါတီ(စစ်အာဏာရှင် တိုက်ဖျက်ရေး NMSP-AD)က ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း မနေ့ မေလ ၂၁ ရက်မှာ ထုတ်ပြန်ထားပါတယ်။

စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးကြောင့် မူးမြို့နယ်က ကလေးငယ် ၁ ဦးသေ၊ ၅ ဦး ဒဏ်ရာရ

ပဲခူးတိုင်း မူးမြို့နယ်မှာ စစ်ကောင်စီရဲ့တစ်ဖက်သတ် ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကြောင့် ကလေးငယ် ၁ ဦးသေဆုံးခဲ့ပြီး ၅ ဦး ထိခိုက်ဒဏ်ရာရခဲ့ကြောင့် KNU ရဲ့ ဒီနေ့ မေလ ၂၂ ရက်ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

မိုင်းကိုင်မှာ SSPPတပ်က တပ်သားသစ် ထွက်ပြေးလို့ အသက်မပြည့်သေးတဲ့ အမျိုးသမီး ကလေးငယ် ၂ဦးကို ဖမ်းပြီး လူအစားထိုးပေးမှ ပြန်လွှတ်ပေးမယ်လို့ ဆို

ရှမ်းတောင် မိုင်းကိုင်မြို့နယ် ခေးအုံအွေ့ကျေးရွာအုပ်စု ပန်မွန်းရွာက ရှမ်းပြည်တိုးတက်ရေးပါတီ- SSPP ရဲ့တပ်သားတစ်ဦး ထွက်ပြေးသွားလို့ဆိုပြီး အဲပန်မွန်းရွာထဲက အသက်မပြည့်သေးတဲ့ အမျိုးသမီးငယ် ၂ ဦးကို SSPP တပ်က ဖမ်းဆီးသွားခဲ့တယ်လို့ ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

ကန့်ဘလူမြို့နယ်မြောက်ဘက်ခြမ်း လေကြောင်းတိုက်ခိုက်ခံရ၊ ဒေသခံ ၂ ဦးသေ၊ ၁ ဦး ပြင်းထန်ဒဏ်ရာရ

စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ်မြောက်ဘက်ခြမ်း ကောလင်းမြို့နယ်နဲ့ ထိစပ်တဲ့ သင်တောရွာနဲ့ ပေါက်ဆိန်ကုန်းကျေးရွာကို စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေက ရွှေဖီမြေကို ပြောပါတယ်။

ပစ်ခတ်ခံရလို့ ပျက်ကျသွားခဲ့တဲ့ ရဟတ်ယာဉ်အနီးမှာ အလောင်း ၁၆ လောင်းနဲ့ သေနတ် ၁၀ လက်ကျော်တွေ့

KIA နဲ့ တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့တွေ ပစ်ချလိုက်လို့ ပျက်ကျခဲ့တဲ့ ရဟတ်ယာဉ် အနီးမှာ အလောင်း ၁၆ လောင်းနဲ့ သေနတ် ၁၀ လက်ကျော်တွေ့ရှိထားကြောင်း ရှေ့တန်းနဲ့ နီးစပ်သူတွေဆီက သိရပါတယ်။

ရွှေကူမှာ အရေးပေါ် ဆင်းသက်ခဲ့ရတဲ့ ရဟတ်ယာဉ်ကို တော်လှန်ရေးတပ်တွေက ထပ်မံပစ်ခတ် ဖျက်ဆီးပစ်

ရွှေကူမှာ မနေ့ မေလ ၂၀ ရက်နေ့က အရေးပေါ် ဆင်းသက်ခဲ့ရတဲ့ ရဟတ်ယာဉ် ဒီကနေ့ မေလ ၂၁ ရက်နေ့ မွန်းလွဲပိုင်း KIA နဲ့ ပူးပေါင်း တော်လှန်ရေး တပ်ဖွဲ့တွေက ပစ်ခတ် ဖောက်ခွဲ ဖျက်ဆီးလိုက်ကြောင်း ရှေ့တန်းနဲ့ နီးစပ်သူတွေဆီက သိရပါတယ်။