Browsing Category
သတင်း
3846 posts
Stay informed with the latest breaking news and in-depth reporting on a wide range of topics, including local news, education, breaking news and more.
ပင်လောင်းမြို့နယ် ဆောင်းပြောင်းရွာမှာ စစ်ကောင်စီတပ်၊ PNO နဲ့ ကရင်နီ တော်လှန်ရေးတပ် တိုက်ပွဲ ပြင်းထန်နေ၊ ဒေသခံထောင်နဲ့ချီ ထွက်ပြေးတိမ်းရှောင်နေရ
ရှမ်းတောင် ပင်လောင်းမြို့နယ် ဆောင်းပြောင်းကျေးရွာမှာ စစ်ကောင်စီတပ်၊ ပအိုဝ်းပြည်သူ့စစ်- PNO နဲ့ ကရင်နီ တော်လှန်ရေးတပ်တို့ တိုက်ပွဲကြောင့် ဒေသခံထောင်နဲ့ချီ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဒေသခံတွေက ရွှေဖီမြေကို ပြောပါတယ်။
တရုတ်-လာအိုနယ်စပ်မှာ လူကုန်ကူးခံရတဲ့ မြန်မာအမျိုးသမီး ၂ ဦး မိသားစုဝင်နဲ့ အဆက်အသွယ်ရဖို့ အကူအညီ လိုအပ်နေ
မန္တလေးတိုင်း မတ္တရာမြို့နဲ့ ရန်ကုန်တိုင်း လှိုင်သာယာမြို့မှာ နေထိုင်တဲ့ အသက် ၂၈ နှစ်နဲ့ ၁၆ နှစ်အရွယ် အမျိုးသမီးနှစ်ဦးဟာ တရုတ်-လာအိုနယ်စပ် ခွန်မင်းမြို့မှာ လူကုန်ကူးခံရပြီး လက်ရှိ ၎င်းတို့ရဲ့ မိသားစုဝင်နဲ့ အဆက်အသွယ်ရဖို့ အကူအညီ လိုအပ်နေတယ်လို့ လားရှိုးအခြေစိုက် ပရဟိတအသင်းဖြစ်တဲ့ FYO ရဲ့ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
တောင်ကြီး-ဟိုပုံးလမ်းမှာ ဆီဘောက်ဆာကား တစ်စီး တိမ်းမှောက်ပြီး မီးလောင်မှုဖြစ်ပွားတာကြောင့် ၂ ဦးသေဆုံး ၄ ဦးဒဏ်ရာရ
ရှမ်းတောင် တောင်ကြီးမြို့ကနေ ဟိုပုံးမြို့သွားတဲ့လမ်းမှာ ဆီဘောက်ဆာတင်တဲ့ ကားတစ်စီးက တိမ်းမှောက်ပြီး မီးလောင်မှုဖြစ်ပွားခဲ့တာကြောင့် အရပ်သား ၂ ဦးသေဆုံးပြီး ၄ ဦးဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေထံက စုံစမ်းသိရှိရပါတယ်။
မူဆယ်မြို့ ရွှေဆိုင်တစ်ခုကို ဓားပြတိုက်သွားတဲ့ အမျိုးသား ၅ဦးထဲက ၂ ဦးကို ဖမ်းမိ၊ ဓားပြတိုက်သူတွေဟာ စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ် ဖြစ်နေ
တရုတ်-မြန်မာနယ်စပ်ဖြစ်တဲ့ ရှမ်းမြောက် မူဆယ်မြို့ ဈေးရပ်ကွက်ရှိ ရွှေဆိုင်တစ်ဆိုင်ကို ပြီးခဲ့တဲ့မေလ ၂၁ ရက်နေ့မှာ အမည်မသိအမျိုးသား ၅ ဦးက ဓားပြတိုက်သွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။