Browsing Category
သတင်း
3846 posts
Stay informed with the latest breaking news and in-depth reporting on a wide range of topics, including local news, education, breaking news and more.
လားရှိုးမှာ ဆိုင်ကယ်စီးလာတဲ့ အမျိုးသားတစ်ဦးထံ ရဲဝတ်စုံဝတ်ဆင်ထားတဲ့ အမျိုးသားက ဆိုင်ကယ်လုယက်သွား
စစ်ကောင်စီတပ် ပြန်အုပ်ချုပ်နေတဲ့ ရှမ်းမြောက် လားရှိုးမြို့မှာ ဆိုင်ကယ်စီးလာတဲ့ လူတစ်ဦးထံ ရဲဝတ်စုံဝတ်ဆင်ထားတဲ့ အမျိုးသားက ဆိုင်ကယ်လုယက်သွားခဲ့တယ်လို့ ဖြစ်စဥ်ကို သိရှိထားတဲ့ လားရှိုးဒေသခံတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။
UWSA ထိန်းချုပ်ဒေသမှာ မူးယစ်ဆေးဝါးတွေထုတ်လုပ်နေတယ်ဆိုတဲ့ ထိုင်းဝန်ကြီးချုပ်ဟောင်းရဲ့ ပြောကြားချက်ကို အခြေအမြစ်မရှိ စွပ်စွဲချက်သာဖြစ်တယ်လို့ “ဝ” တပ်တုန့်ပြန်
“ဝ” ပြည်သွေးစည်းညီညွတ်ရေးတပ်မတော်-UWSA ရဲ့ ထိန်းချုပ်ဒေသမှာ မူးယစ်ဆေးဝါးတွေထုတ်လုပ်နေတယ်ဆိုတဲ့ ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်ရဲ့ ပြောကြားချက်ကို အခြေအမြစ်မရှိ စွပ်စွဲချက်သာဖြစ်တယ်လို့ “ဝ” တပ်က တုန့်ပြန်လိုက်ပါတယ်။
မူဆယ်မှာနေထိုင်တဲ့ အမျိုးသားတစ်ဦးကို TNLA တပ်သားလို့စွပ်စွဲပြီး စစ်တပ်က ဖမ်းဆီးရိုက်နှက်
တရုတ်-မြန်မာ နယ်စပ် ရှမ်းမြောက် မူဆယ်မြို့ ကောင်းမှုတုံရပ်ကွက်မှာ နေထိုင်တဲ့ အမျိုးသား တစ်ဦးကို တအာင်းတပ် – TNLA တပ်သားလို့ စွပ်စွဲပြီး စစ်ကောင်စီတပ်က ဖမ်းဆီးရိုက်ခဲ့တယ်လို့ ဖြစ်စဉ်တွေ့ခဲ့သူ တစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။
တရုတ်ပြည်ဝင်ဖို့ ပွဲစားတစ်ဦးက နိုင်ငံကူးလက်မှတ်(စာအုပ်နီ) လုပ်ပေးမယ်ဆိုပြီး အမျိုးသမီး ၃ ဦးထံ ငွေကျပ် သိန်း ၉၀ လိမ်လည်သွား
တရုတ်ပြည် ရွှေလီမြို့ထဲကို ပွဲစားအမျိုးသမီးတစ်ဦးက နိုင်ငံကူးလက်မှတ် လုပ်ပေးမယ်ဆိုပြီး အမျိုးသမီး ၃ ဦးထံ ငွေကျပ် သိန်း ၉၀ လိမ်လည်သွားတယ်လို့ လိမ်ခံရတဲ့ ကာယကံရှင်ဖြစ်သူတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။
CNFရဲ့ ဗဟိုစည်းရုံးရေးမှူးတစ်ဦးကို CDF Mindat က ဖမ်းဆီးထိန်းသိမ်းထား
ချင်းပြည်၊ မင်းတပ်မြို့နယ်၊ ဒေသ(၄)ဒိုင်ရ်ဒေသ မကွီအိမ်နူးမြို့မှာ ချင်းအမျိုးသားတပ်ဦး(CNF)ရဲ့ ဗဟိုစည်းရုံးရေးမှူး တစ်ယောက်ဖြစ်တဲ့ ဦးဟုန်းနိုင်းရွှီကို ချင်းကာကွယ်ရေးတပ်-မင်းတပ်(CDF-Mindat)က ဖမ်းဆီးထားတယ်လို့ ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။
ဗန်းမော်မြို့ အဆောက်အဦးတစ်ခုပေါ်ရှိ စစ်ကောင်စီတပ်ဖွဲ့ရဲ့ စနိုက်ပါသမားတွေ အခြေချထားတဲ့ နေရာတစ်ခုကို KIA နဲ့ ပူးပေါင်းတပ်ဖွဲ့ ရှင်းလင်း
ဗန်းမော်မြို့ထဲက စစ်ကောင်စီတပ်ဖွဲ့ရဲ့ စနိုက်ပါသမားတွေ အခြေချထားတဲ့ နေရာတစ်ခုကို ဒီနေ့ မေလ ၂၇ ရက် မနက်ပိုင်းက KIA နဲ့ တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့တွေ တိုက်ခိုက်ရှင်းလင်းခဲ့ကြောင်း ရှေ့တန်းနဲ့ နီးစပ်သူတွေဆီက သိရပါတယ်။