မိုးကုတ်မှာ အမျိုးသားတစ်ဦး မိုင်းနင်းမိပြီး ပွဲချင်းပြီးသေဆုံး

တအာင်းတပ်မတော် PSLF/TNLA ထိန်းချုပ်ထားတဲ့ မန္တလေးတိုင်း မိုးကုတ်မြို့နယ် လယ်ဦးကျေးရွာမှာ အမျိုးသားတစ်ဦး မိုင်းနင်းမိပြီး ပွဲချင်းပြီး သေဆုံးသွားတယ်လို့ တအာင်းတပ်က မနေ့ မေလ ၂၉ ရက်မှာ သတင်းထုတ်ပြန်ပါတယ်။

ကာမိုင်းဘက်ကနေ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီ‌တပ်ဖွဲ့ဝင်တွေ ဖားကန့် ရောက်ရှိ၊ လမ်းတစ်လျှောက် ဒေသခံ ၅ဦးကို ပစ်သတ်ခဲ့

ကာမိုင်းဘက်ကနေ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီ‌တပ်ဖွဲ့ တွေ မနေ့ မေလ ၂၉ ရက်နေ့ ညနေပိုင်းမှာ ဖားကန့်ကို ရောက်ရှိသွားပြီ ဖြစ်ကြောင်း ဒေသခံတွေဆီက သိရပါတယ်။

ကိုးကန့်တပ်က မိုင်းဝီးဒေသခံအမျိုးသား ၂ ဦးကို ဓားပြလို့စွပ်စွဲဖမ်းဆီးထားပြီး သေဒဏ်ပေးဖို့အထိ ပြင်‌ဆင်နေတယ်လို့ ဒေသခံတွေပြော

တအာင်းတပ်မတော်-TNLA ထိန်းချုပ်ထားတဲ့ ရှမ်းမြောက် နမ့်ခမ်းမြို့နယ် မိုင်းဝီးဒေသ ပန်ဟန်ကြီးကျေးရွာအုပ်စုထဲက ဟိုတီးကျေးရွာနဲ့ စယ်နေကျေးရွာက ဒေသခံအမျိုးသား ၂ ဦးကို ကိုးကန့်တပ်မတော်-MNDAA က ဓားပြတိုက်လို့ စွပ်စွဲဖမ်းဆီးသွားခဲ့တာလို့ ဒေသခံတွေက ရွှေဖီမြေကို ပြောပါတယ်။

ဈေးကနေ ပြန်လာတဲ့ လားရှိုးက အမျိုးသမီးတစ်ဦး လုယက်ခံရပြီး ဆွဲကြိုးအပြင် လက်စွပ်နှစ်ကွင်းနဲ့ဖုန်း ပါသွား၊ လားရှိုးမြို့ထဲ လုယက်မှု ဆက်တိုက် ဖြစ်‌ပွားနေ

စစ်ကောင်စီတပ် ပြန်လည်အုပ်ချုပ်နေတဲ့ ရှမ်းမြောက် လားရှိုးမြို့ထဲ ဈေးကနေ ပြန်လာတဲ့ အမျိုးသမီးတစ်ဦး လုယက်ခံရပြီး ဆွဲကြိုး၊ လက်စွပ်နှစ်ကွင်းနဲ့ ဖုန်းတွေ ပါသွားတယ်လို့ ကာယကံရှင်ဖြစ်သူက ရွှေဖီမြေကို ပြောပါတယ်။

လားရှိုးမှာ မှတ်ပုံတင်လုပ်ဖို့ တုံကင်ယူရာမှာ နေရာရောင်းစားတာတွေရှိနေ

ရှမ်းမြောက် လားရှိုးမှာ နိုင်ငံသားစီစစ်ရေးကတ်ပြား(မှတ်ပုံတင်) လုပ်ဖို့ တုံကင်ယူရာမှာ နေရာရောင်းစားတာတွေရှိနေတယ်လို့ ဒေသခံတွေဆီက စုံစမ်းသိရပါတယ်။

နောင်ချိုမှာ စစ်ကောင်စီတပ်ရဲ့ထိုးစစ် ရွှေမုဌောရွာထိရောက်လာ၊ တိုက်ပွဲဆက်လက်ပြင်းထန်နေ

ရှမ်းမြောက် နောင်ချိုမြို့နယ်ရှိ တအာင်းတပ်မတော်-TNLA ရဲ့ တပ်စခန်းတွေကို စစ်ကောင်စီတပ်က ထိုးစစ်ဆင်တိုက်ခိုက်နေပြီး တိုက်ပွဲဆက်လက်ပြင်းထန်နေတယ်လို့ ရှေ့တန်းစစ်မြေပြင်မှာ ရှိနေသူတွေက ရွှေဖီမြေကို ပြောပါတယ်။

မိုးကုတ်မှာ ဦးလေးဖြစ်သူက တူမဖြစ်သူကို အဓမ္မပြုကျင့်၊ တရားခံက ထွက်ပြေးလွတ်မြောက်နေ

တအာင်းတပ်-TNLA ထိန်းချုပ်ထားတဲ့ မန္တလေးတိုင်း မိုးကုတ်မြို့ ရပ်ကွက်တစ်ခုမှာ ဦးလေးဖြစ်သူက တူမဖြစ်သူကို အဓမ္မပြုကျင့်တဲ့ ဖြစ်စဉ်ဖြစ်ခဲ့ကြောင်း ကိုယ်တိုင်ကြုံတွေ့ခဲ့ရသူ အမျိုးသမီးက ရွှေဖီမြေကို ပြောပါတယ်။

AA ဖမ်းဆီးထားပြီး စစ်သင်တန်းသို့ ပို့ဆောင်ထားတဲ့ ချင်းလူငယ် ၆၀ ဦးကို ပြန်လွတ်ပေးဖို့ CPSC တောင်းဆို

အာရက္ခတပ်တော် (AA) က ဖမ်းဆီးထားပြီး စစ်သင်တန်းသို့ ပို့ဆောင်ထားတဲ့ ချင်းလူငယ် ၆၀ ဦးကို ပြန်လွတ်ပေးဖို့ ရခိုင်ပြည်နယ်အခြေစိုက် ချင်းနိုင်ငံရေးဦးဆောင်ကော်မတီ (CPSC) က မနေ့ မေလ ၂၈ ရက်နေ့မှာ တောင်းဆိုလိုက်ပါတယ်။

နမ့်ခမ်း ဟိုနား(ကောင်းတပ်)ရွာက အမျိုးသမီးတစ်ဦး ရိုက်သတ်ခံရ (Edit-8:30 AM)

တအာင်းတပ်မတော် ထိန်းချုပ်ထားတဲ့ ရှမ်းမြောက် နမ့်ခမ်းမြို့အနီးရှိ ဟိုနား (ကောင်းတပ်)ကျေးရွာက အမျိုးသမီးတစ်ဦး ရိုက်သတ်ခံခဲ့ရတယ်လို့ ဒေသခံတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

ဖားကန့် လုံးခင်း၊ လယ်ပြင်ဘက်မှာ စစ်ကြောင်းထိုးလာတဲ့ စစ်ကာင်စီတပ်နဲ့ တော်လှန်ရေးတပ်တို့ တိုက်ပွဲ အပြင်းအထန်ဖြစ်နေ

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ ဖားကန့်မြို့နယ်၊ လုံးခင်းကျေးရွာအုပ်စု၊ လယ်ပြင်ဘက်မှာ မနေ့ မေလ ၂၇ ရက်နေ့ ညပိုင်းကစ တိုက်ပွဲ အပြင်းအထန်ဖြစ်ပွားလာကြောင်း ဒေသခံတွေဆီက သိရပါတယ်။