လိမ်လည်ပြီး လားရှိုးပြည့်တန်ဆာရုံတစ်ခုသို့ ပို့ဆောင်ခံခဲ့ရတဲ့ အမျိုးသမီးတစ်ဦး ရိုက်နှက်နှိပ်စက်ခံရ

ရှမ်းမြောက် မိုင်းရယ်မြို့နယ်ထဲက ကျေးရွာတစ်ခုမှာ နေထိုင်တဲ့ အသက် ၂၇ နှစ်အရွယ် အမျိုးသမီးတစ်ဦးကို လားရှိုးမြို့ရှိ ပြည့်တန်ဆာရုံတစ်ခုရဲ့ မန်နေဂျာဆိုသူက ရိုက်နှက်နှိပ်စက်ခဲ့တယ်လို့ သိရပါတယ်။

သိန်း ၁ ထောင်နဲ့ မူဆယ်က အမျိုးသမီးတစ်ဦးကို ပြန်ပေးဆွဲခဲ့တဲ့အဖွဲ့ဟာ ၃၈ မိုင် မန်ပိန်း ပြည်သူ့စစ်အဖွဲ့ဖြစ်နေ

တရုတ်မြန်မာနယ်စပ် မူဆယ်မြို့၊ ဟိုနားရပ်ကွက်၊ မင်းထိပ်ခေါင်လက်ဖက်ရည်ဆိုင် အနောက်မှာ နေထိုင်တဲ့ အမျိုးသမီးတစ်ဦးကို ပြန်ပေးဆွဲခဲ့တဲ့အဖွဲ့ဟာ စစ်ကောင်စီ လက်အောက်ခံ အမှတ် (၂) ၃၈ မိုင် မန်ပိန်းပြည်သူ့စစ်အဖွဲ့ ဖြစ်တယ်လို့ ပြန်ပေးဆွဲခံရသူတွေနဲ့ နီးစပ်သူတွေထံ စုံစမ်းသိရှိရပါတယ်။

မိုးကုတ်မှာ ဆေးကြောင်ပြီး နေအိမ်ကို မီးပြန်ရှို့တာကြောင့် မီးလောင်ပြာကျ

တအာင်းတပ်မတော် TNLA ထိန်းချုပ်ထားတဲ့ မန္တလေးတိုင်း မိုးကုတ်မြို့မှာ အမျိုးသားတစ်ဦးက ဆေးကြောင်ပြီး နေအိမ်ကို မီးရှို့တာကြောင့် နေအိမ်တစ်ခုလုံး မီးလောင်ပြာကျခဲ့တယ်လို့ သိရပါတယ်။

မှိုကောက်ရင်း မိုင်းနင်းမိတဲ့ နမ့်ခမ်းက အမျိုးသားတစ်ဦး ခြေထောက်တစ်ဖက် ပြတ်

တအာင်းတပ်မတော် TNLA ထိန်းချုပ်ထားတဲ့ ရှမ်းမြောက် နမ့်ခမ်းမြို့နယ်က အမျိုးသားတစ်ဦး မိုင်းနင်းမိပြီး ခြေထောက်တစ်ဖက် ပြတ်ခဲ့ရတယ်လို့ ဒေသခံတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

ကျိုးကျသွားတဲ့ သိန္နီတံတားကို MNDAA က မူလအတိုင်း ပြန်လည်ပြုပြင်ပြီးစီး

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းတုန်းက ကျိုးကျသွားခဲ့တဲ့ ရှမ်းမြောက် လားရှိုး-မူဆယ် ပြည်ထောင်စုလမ်းမပေါ်မှာရှိတဲ့ သိန္နီမြို့အဝင် သိန္နီတံတားကို ကိုးကန့်တပ်မတော်-MNDAA တပ်က ပြန်လည်ပြုပြင်ပြီးစီးခဲ့ပြီလို့ ‌ဒေသခံတွေက ရွှေဖီမြေကိုပြောပါတယ်။

မင်းပြားမြို့နယ် ကြမ်းတိုက်ရွာကို အလည်လာတဲ့ ကလေးငယ် ၁ ဦး အိမ်ဘေးရှိမြောင်းထဲ ရေနစ်သေဆုံး

ရခိုင်ပြည်နယ် မင်းပြားမြို့နယ် ကြမ်းတိုက်ကျေးရွာကို အလည်လာတဲ့ ကလေးငယ် ၁ ဦး အိမ်ဘေးရှိမြောင်းထဲ ရေနစ်သေဆုံးသွားခဲ့တယ်လို့ ဖြစ်စဉ်သိရှိသူ တစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

မလေးရှားမှာ မြန်မာ ၁ထောင်ကျော် အပါအဝင် နိုင်ငံခြားသား ၁၄၀၀ကျော် ဖမ်းဆီးခံရ

မလေးရှားနိုင်ငံ၊ ဆလန်ဂေါပြည်နယ်၊ ဆလာယန်းမြို့မှာ မြန်မာနိုင်ငံသား ၁ထောင်ကျော်အပါအဝင် အထောက်အထားမဲ့ နိုင်ငံခြားသား ၁၄၀၀ကျော် ဖမ်းဆီးရမိတယ်လို့ ပြည်နယ်လူဝင်မှုကြီးကြပ်ရေးဌာနက ဒီနေ့ မေလ ၃၀ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။

ရွှေတူးတဲ့နေရာမှာ မြေစာပြိုလို့ ကျောက်မဲမြို့နယ်က အမျိုးသား တစ်ဦး သေဆုံး

ကျောက်မဲမြို့နယ် တော့ဆန်အုပ်စု ကုန်းသာရွာသစ်(ကဒေဲင်လိုင်းကျေးရွာ) မှာ ရွှေတူးရာကနေ မြေစာပြိုလို့ အမျိုးသား တစ်ဦး သေဆုံးသွားခဲ့တယ်လို့ ဖြစ်စဉ်သိရှိသူ တစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

နောင်ချိုမြို့နယ် နောင်တောရွာထဲ စစ်ကောင်စီတပ်က လက်နက်ကြီးပစ်ခတ်၊ ဒေသခံတစ်ဦး ထိမှန်သေဆုံး

TNLA ပြန်လက်လွှတ်ခဲ့ရတဲ့ နောင်ချိုမြို့နယ် သရက်ချိုတပ်စခန်းကနေ နောင်တောကျေးရွာဘက်ကို စစ်ကောင်စီတပ်က လက်နက်ကြီးပစ်ခတ်တာကြောင့် အသက် ၆၃ အရွယ် ဦးစိန်လွင်ကို လက်နက်ထိမှန်ပြီး ပွဲချင်းပြီးသေဆုံးသွားခဲ့တယ်လို့ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက ရွှေဖီမြေကိုပြောပါတယ်။

လောက်ကိုင်တိုက်ပွဲကတည်းက အဆက်အသွယ်ပြတ်သွားတဲ့ နမ့်ခမ်းက အမျိုးသမီးတစ်ဦး တစ်နှစ်ကျော်ကြာတဲ့အထိ အဆက်အသွယ်မရသေး

ကိုးကန့်ဒေသ ရှမ်းမြောက် လောက်ကိုင်ကို အလုပ်သွားလုပ်တဲ့ နမ့်ခမ်းမြို့နယ်၊ လွယ်ဟွမ်ကျေးရွာအုပ်စု၊ တွန်ကော်ရွာက အမျိုးသမီးတစ်ဦး တစ်နှစ်ကျော်ကြာတဲ့အထိ မိသားစုဝင်တွေနဲ့ အဆက်အသွယ်မရပဲ ပျောက်ဆုံးနေတယ်လို့ သိရပါတယ်။