မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် နမ့်ဖတ်ကာ-နမ့်ခမ်းလမ်းပိုင်း ပျက်စီးပြီး ကားတွေ ပိတ်မိနေ

ဒီရက်ပိုင်းမှာ မိုး အဆက်မပြတ်ရွာသွန်းမှုကြောင့် ရှမ်းမြောက် ကွတ်ခိုင်မြို့နယ် နမ့်ဖတ်ကာကျေးရွာနဲ့ နမ့်ခမ်းမြို့နယ်ကို ဆ​က်သွယ်ထားတဲ့ လမ်းပိုင်း ဆိုးရွားစွာ ပျက်စီးနေပါတယ်။

မိုးဆက်တိုက် ရွာသွန်းတာကြောင့် နမ့်ဆန်က နေရာတချို့မှာ မြေပြိုမှုဖြစ်၊ မြေနိမ့်ပိုင်းနဲ့ လျှိုမြောင်းအနီးမှာ နေထိုင်လို့ မသင့်ကြောင်း ပြော

မိုးဆက်တိုက် ရွာသွန်းတာကြောင့် နမ့်ဆန်မြို့ပေါ်က နေရာတချို့နဲ့ ကျေးရွာပိုင်းတွေမှာ မြေပြိုတာတွေ ဖြစ်ပွားနေတာကြောင့် လူထုတွေအနေနဲ့ မြေပြန့်ရာနေရာနဲ့ ခြောက်သွေ့တဲ့ နေရာတွေမှာ ရွေ့ပြောင်းနေထိုင်ကြဖို့ နမ့်ဆန်ဒေသခံတချို့နဲ့ တက်ကြွလူငယ်တွေက ပြောပါတယ်။

မီဇိုရမ်ပြည်နယ်မှာ မိုးရွာသွန်းပြီး မြေပြိုကျတာကြောင့် ကိုယ်ဝန်ဆောင် အမျိုးသမီးတစ်ဦးအပါအဝင် မြန်မာစစ်ဘေးရှောင် ၃ ဦး သေဆုံး

အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်၊ ကျန်ဖိုင်ခရိုင်၊ ဗာဖိုင်းကျေးရွာမှာ မိုးရွာသွန်းပြီး မြေပြိုကျတာကြောင့် ကိုယ်ဝန်ဆောင် အမျိုးသမီးတစ်ဦးအပါအဝင် မြန်မာစစ်ဘေးရှောင် ၃ ဦး သေဆုံးခဲ့တယ်လို့ မြန်မာစစ်ဘေးရှောင်တွေဆီက သိရပါတယ်။

ဖမ်းမိထားတဲ့ PNLA တပ်သား ၄ ဦးကို စစ်ကောင်စီတပ်နဲ့ PNO က ပစ်ခတ်သတ်ဖြတ်

ရှမ်းတောင် ဆီဆိုင်မြို့နယ် ထီစုံရွာအနီးက တိုက်ပွဲအတွင်းမှာ ဖမ်းမိထားတဲ့ ပအိုဝ်းအမျိူးသား လွတ်မြောက်ရေးတပ်မတော် PNLA စစ်သုံ့ပန်း ၄ ဦးကို စစ်ကောင်စီတပ်နဲ့ ပအိုဝ်းပြည်သူ့စစ် PNO ဘက်က ပစ်ခတ်တဲ့ ရုပ်သံရရှိထားကြောင်း PNLA က ထုတ်ပြန်လာပါတယ်။

မူဆယ်မြို့ရှိ ပုဂ္ဂလိက ဆေးရုံတချို့ကို လက်နက်ကိုင်တစ်စုက ပြန်ပေးဆွဲမယ်လို့ ကောလဟာလသတင်း ထွက်လာတဲ့အပေါ် သက်ဆိုင်ရာ ဆေးရုံတွေ စိုးရိမ်နေ

စစ်ကောင်စီတပ် ထိန်းချုပ်ထားတဲ့ တရုတ်-မြန်မာနယ်စပ် မူဆယ်မြို့ရှိ ပုဂ္ဂလိက ဆေးရုံတချို့ကို လက်နက်ကိုင်တစ်စုက ပြန်ပေးဆွဲဖို့ ပြင်ဆင်နေကြောင်း ထွက်ပေါ်လာတဲ့ ကောလဟလသတင်းတွေအပေါ် သက်ဆိုင်ရာဆေးရုံတွေက စိုးရိမ်နေကြကြောင်း ဆေးရုံတစ်ခုမှ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

စစ်ကိုင်းက အမှတ် (၃၃) ခြေမြန်တပ်မဌာနချုပ် တိုက်ခိုက်ခံရ၊ တပ်တွင်းအချုပ်သား ၂ ဦးအပါ စစ်သား ၈ ဦး သေဆုံးပြီး ၆ ဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်း စစ်ကိုင်းမြို့ အမှတ် (၃၃) ခြေမြန်တပ်မ ဌာနချုပ်ကို Brave Warriors for Myanmar (BWM) နဲ့ ပူးပေါင်းမဟာမိတ်တပ်ဖွဲ့တွေက ရှော့တိုက်ဒုံး ၃ လုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တာ‌ကြောင့် တပ်တွင်းအချုပ်သား ၂ ဦး အပါအဝင် စစ်သား ၈ ‌ဦး သေဆုံးပြီး ၆ ဦး ဒဏ်ရာရခဲ့ပါတယ်။

လားရှိုး နမ့်လုတ်ရွာအနီး SSPP နဲ့ MNDAA တိုက်ပွဲဖြစ်

ရှမ်းမြောက် လားရှိုးမြို့နယ် ဟန်နားကျေးရွာအုပ်စု နမ့်လုတ်ရွာအနီး ရှမ်းတပ်မတော် SSPP နဲ့ ကိုးကန့်တပ်မတော် MNDAA တို့အကြား တိုက်ပွဲဖြစ်ပွားနေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ရတနာပုံ တော်လှန်ရေးတပ်ဖွဲ့မှ ရဲဘော်ခွန်စိုင်း(ခ)ဗိုလ်ဒေါင်းရဲ့ နာရေးကို ကျန်ရစ်သူ တော်လှန်ရေးတပ်ဖွဲ့တွေ ပြုလုပ်

မန္တလေးမြို့နယ်က မြေပြင်သပိတ်တွေမှာ ဦးဆောင်ပါဝင်ခဲ့တဲ့ ရတနာပုံတော်လှန်ရေးတပ်ဖွဲ့မှ ဗဟိုဦးဆောင်အဖွဲ့ဝင် ရဲဘော်ခွန်စိုင်း (ခ) ဗိုလ်ဒေါင်းဟာ တိုက်ပွဲအတွင်း ရန်သူရဲ့ကျည် ထိမှန်လို့ ကျဆုံးခဲ့တယ်လို့ ရတနာပုံ တော်လှန်ရေးတပ်ဖွဲ့ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

မိုးကြောင့် ငလျင်ဒဏ်သင့် ဖြိုလက်စ အဆောက်အဦးတစ်လုံး ပြိုကျ၊ လူတစ်ဦး သေဆုံး

မန္တလေးမြို့ပေါ်က ငလျင်ဒဏ်သင့် ဖြိုလက်စ အထပ်မြင့်အဆောက်အဦးတစ်ခုဟာ မိုးရွာသွန်းမှုကြောင့် ပြိုကျခဲ့ပြီး အလုပ်သမားတစ်ဦး သေဆုံးခဲ့တယ်လို့ မျက်မြင်တွေ့သူတွေက ပြောပါတယ်။

မေခမြစ်ရေ တက်လာလို့ ချီဖွေစစ်ရှောင်ရာနေရာ ရေမြှုပ်

ဧရာဝတီမြစ်ရဲ့ မြစ်ဖျားပိုင်းဖြစ်တဲ့ မေခမြစ်‌ဟာ ဒီ‌နေ့ မေလ ၃၁ ရက်နေ့မှာ ရေပိုကြီးလာလို့ ချီဖွေစစ်ရှောင်ရာနေရာတွေမှာလည်း ရေမြှုပ်လာတာအပြင် ဧရာဝတီမြစ်ပါ ရေတက်လာနေကြောင်း ဒေသခံတွေဆီက သိရပါတယ်။