Browsing Category
သတင်း
3842 posts
Stay informed with the latest breaking news and in-depth reporting on a wide range of topics, including local news, education, breaking news and more.
SSPP နဲ့ MNDAA တိုက်ပွဲမှာ MNDAA တပ်သား ၁၀ ဦး ကျဆုံး
ရှမ်းမြောက် လားရှိုးမြို့နယ် ဟန်နားကျေးရွာအုပ်စု နားလိုင်နဲ့ နမ့်လုတ်ရွာကြား ရှမ်းတပ်မတော် SSPP နဲ့ ကိုးကန့်တပ်မတော် MNDAA တိုက်ပွဲမှာ MNDAA တပ်သား ၁၀ ဦး ကျဆုံးတဲ့အပြင် ထိခိုက်ဒဏ်ရာရတဲ့သူလည်း ရှိတယ်လို့ ဖြစ်စဉ်သိရသူ ဒေသခံတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။
တိုက်ပွဲဖြစ်ပွားတာမရှိဘဲ ၄ မိုင်ရွာ စာသင်ကျောင်းကို စစ်ကောင်စီ ဗုံးကြဲလို့ နှစ်ထပ်ကျောင်းဆောင် ပျက်စီး
တိုက်ပွဲဖြစ်ပွားတာမရှိဘဲ မန္တလေးတိုင်း သပိတ်ကျင်းမြို့နယ် ၄ မိုင်ရွာက စာသင်ကျောင်းကို စစ်ကောင်စီက ဗုံးကြဲခဲ့လို့ နှစ်ထပ်ကျောင်းဆောင် တစ်ဆောင် ပျက်စီးခဲ့ကြောင်း ပြင်ဦးလွင်ခရိုင် ပကဖ သတင်းပြန်ကြားရေးတာဝန်ခံတစ်ဦးရဲ့ ပြောပြချက်အရ သိရပါတယ်။
မိုးဆက်တိုက် ရွာသွန်းတာကြောင့် နမ့်ဆန်က နေရာတချို့မှာ မြေပြိုမှုဖြစ်၊ မြေနိမ့်ပိုင်းနဲ့ လျှိုမြောင်းအနီးမှာ နေထိုင်လို့ မသင့်ကြောင်း ပြော
မိုးဆက်တိုက် ရွာသွန်းတာကြောင့် နမ့်ဆန်မြို့ပေါ်က နေရာတချို့နဲ့ ကျေးရွာပိုင်းတွေမှာ မြေပြိုတာတွေ ဖြစ်ပွားနေတာကြောင့် လူထုတွေအနေနဲ့ မြေပြန့်ရာနေရာနဲ့ ခြောက်သွေ့တဲ့ နေရာတွေမှာ ရွေ့ပြောင်းနေထိုင်ကြဖို့ နမ့်ဆန်ဒေသခံတချို့နဲ့ တက်ကြွလူငယ်တွေက ပြောပါတယ်။
မီဇိုရမ်ပြည်နယ်မှာ မိုးရွာသွန်းပြီး မြေပြိုကျတာကြောင့် ကိုယ်ဝန်ဆောင် အမျိုးသမီးတစ်ဦးအပါအဝင် မြန်မာစစ်ဘေးရှောင် ၃ ဦး သေဆုံး
အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်၊ ကျန်ဖိုင်ခရိုင်၊ ဗာဖိုင်းကျေးရွာမှာ မိုးရွာသွန်းပြီး မြေပြိုကျတာကြောင့် ကိုယ်ဝန်ဆောင် အမျိုးသမီးတစ်ဦးအပါအဝင် မြန်မာစစ်ဘေးရှောင် ၃ ဦး သေဆုံးခဲ့တယ်လို့ မြန်မာစစ်ဘေးရှောင်တွေဆီက သိရပါတယ်။
ဖမ်းမိထားတဲ့ PNLA တပ်သား ၄ ဦးကို စစ်ကောင်စီတပ်နဲ့ PNO က ပစ်ခတ်သတ်ဖြတ်
ရှမ်းတောင် ဆီဆိုင်မြို့နယ် ထီစုံရွာအနီးက တိုက်ပွဲအတွင်းမှာ ဖမ်းမိထားတဲ့ ပအိုဝ်းအမျိူးသား လွတ်မြောက်ရေးတပ်မတော် PNLA စစ်သုံ့ပန်း ၄ ဦးကို စစ်ကောင်စီတပ်နဲ့ ပအိုဝ်းပြည်သူ့စစ် PNO ဘက်က ပစ်ခတ်တဲ့ ရုပ်သံရရှိထားကြောင်း PNLA က ထုတ်ပြန်လာပါတယ်။