Browsing Category
ပြည်တွင်းသတင်း
2989 posts
Stay informed with the latest local news from across the region. Get every update on community events, local politics, and important happenings in Myanmar.
တအာင်းတပ်နဲ့ ကိုးကန့်တပ်အကြား ဖြစ်ပွားနေတဲ့ စစ်ရေးတင်းမာမှုတွေကို ကြားဝင်ဖြေရှင်းပေးဖို့ FPNCC ကို စာပို့ထားတယ်လို့ PSLF/TNLA ပြော
တအာင်းတပ်မတော်- TNLA နဲ့ ကိုးကန့်တပ်မတော်- MNDAA အကြား ဖြစ်ပွားနေတဲ့ စစ်ရေးတင်းမာမှုတွေကို ဖြေရှင်းပေးဖို့ ပြည်ထောင်စုနိုင်ငံရေး ဆွေးနွေးညှိနှိုင်းရေးကော်မတီ- FPNCC ကို စာပို့ထားတယ်လို့ PSLF/TNLA ရဲ့ ပြောရေးဆိုခွင့်ရှိသူ လွေးယေဦးက ရွှေဖီမြေကို ပြောပါတယ်။
MNDAA ဖမ်းဆီးထားတဲ့ မန်စယ်ဒေသခံ ၅ ဦး ပြန်လည်လွတ်မြောက်လာ၊ ဖမ်းဆီးထားချိန်အတွင်း ကိုးကန့်တပ်ရဲ့ ရိုက်နှက်ခြင်းကို ခံခဲ့ရ
ကိုးကန့်တပ်-(MNDAA) ဖမ်းဆီးထားတဲ့ ရှမ်းမြောက် လားရှိုးမြို့နယ် နမ့်ပေါင်ကျေးရွာအုပ်စု မန်စယ်ကျေးရွာက ဒေသခံ ၅ ဦး ပြန်လည်လွတ်မြောက်လာပြီဖြစ်တယ်လို့ ဖြစ်စဉ်သိရှိသူ အမျိုးသားတစ်ဦးရဲ့ ပြောပြချက်အရ သိရပါတယ်။
ဈေးကနေ ပြန်လာတဲ့ လားရှိုးမြို့က အမျိုးသမီးတစ်ဦး အမျိုးသား ၃ ဦးရဲ့ သေနတ်ထောက် ဓားပြတိုက်တာ ခံရ
စစ်ကောင်စီတပ် ပြန်လည်ထိန်းချုပ်ထားတဲ့ ရှမ်းမြောက် လားရှိုးမြို့ စျေးကနေ ပြန်လာတဲ့ အမျိုးသမီး ၁ ဦးက အမျိုးသား ၃ ဦးရဲ့ သေနတ်ထောက် ဓားပြတိုက်တာ ခံခဲ့ရတယ်လို့ ဒီဖြစ်စဉ်ကို သိရှိထားသူ အမျိုးသားတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။
ချင်းအမျိုးသားနေ့ရောက်ဖို့ တစ်ရက်အလိုမှာပဲ ဟားခါးနဲ့ ဖလမ်းမြို့နယ်ကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်လို့ အရပ်သား ၄ ဦး ဒဏ်ရာရ
ချင်းအမျိုးသားနေ့ ရောက်ဖို့ တစ်ရက်အလိုမှာပဲ ဟားခါးမြို့နယ်နဲ့ ဖလမ်းမြို့နယ်ကို စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် အရပ်သား ၄ ဦး ဒဏ်ရာရပြီး နေအိမ်တွေလည်း ပျက်စီးသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
BNRA ရဲ့တပ်ဖွဲ့ဝင်တွေကို ၎င်းတို့နဲ့ လာရောက်ပူးပေါင်းပြီး တော်လှန်ရေးမှာ ဆက်ပါဖို့ NUG ဖိတ်ခေါ်
ဗမာ့အမျိုးသား တော်လှန်ရေးတပ်မတော် (BNRA)ရဲ့ ခေါင်းဆောင် ဗိုလ်နဂါးက စစ်ကောင်စီတပ်ထံ လက်နက်ချပြီးနောက် BNRA ရဲ့တပ်ဖွဲ့ဝင်တွေကို အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ရဲ့ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့တွေနဲ့ လာရောက်ပူးပေါင်းပြီး တော်လှန်ရေးမှာ ဆက်လက်ပါဝင်ပေးဖို့ NUG ရဲ့ ကာကွယ်ရေးဝန်ကြီးဌာနက ဒီနေ့ ဖေဖော်ဝါရီ ၁၉ ရက်မှာ ထုတ်ပြန်ဖိတ်ခေါ်လိုက်ပါတယ်။
မိုးကုတ်မြို့နယ်က အမျိုးသား ၁ ဦး မိုင်းနင်းမိပြိး ခြေတစ်ဖက်ဖြတ်လိုက်ရ၊ ကုသဖို့အတွက် အကူအညီလိုအပ်နေ
တရုတ်နိုင်ငံရဲ့ ကြားဝင်စေ့စပ်မှုကြောင့် တအာင်းတပ်မတော် PSLF/TNLA ထံကနေ ပြန်ရခဲ့တဲ့ မန္တလေးတိုင်း မိုးကုတ်မြို့နယ် သစ်ဆိမ့်ကုန်းရွာက အမျိုးသား ၁ ဦး မိုင်းနင်းမိပြီး ခြေတစ်ဖက် ပြတ်ထွက်သွားခဲ့တယ်လို့ မိသားစုဝင်နဲ့ နီးစပ်သူ တစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။