မင်းပြားမြို့နယ် ကြမ်းတိုက်ရွာကို အလည်လာတဲ့ ကလေးငယ် ၁ ဦး အိမ်ဘေးရှိမြောင်းထဲ ရေနစ်သေဆုံး

ရခိုင်ပြည်နယ် မင်းပြားမြို့နယ် ကြမ်းတိုက်ကျေးရွာကို အလည်လာတဲ့ ကလေးငယ် ၁ ဦး အိမ်ဘေးရှိမြောင်းထဲ ရေနစ်သေဆုံးသွားခဲ့တယ်လို့ ဖြစ်စဉ်သိရှိသူ တစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

ရွှေတူးတဲ့နေရာမှာ မြေစာပြိုလို့ ကျောက်မဲမြို့နယ်က အမျိုးသား တစ်ဦး သေဆုံး

ကျောက်မဲမြို့နယ် တော့ဆန်အုပ်စု ကုန်းသာရွာသစ်(ကဒေဲင်လိုင်းကျေးရွာ) မှာ ရွှေတူးရာကနေ မြေစာပြိုလို့ အမျိုးသား တစ်ဦး သေဆုံးသွားခဲ့တယ်လို့ ဖြစ်စဉ်သိရှိသူ တစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

နောင်ချိုမြို့နယ် နောင်တောရွာထဲ စစ်ကောင်စီတပ်က လက်နက်ကြီးပစ်ခတ်၊ ဒေသခံတစ်ဦး ထိမှန်သေဆုံး

TNLA ပြန်လက်လွှတ်ခဲ့ရတဲ့ နောင်ချိုမြို့နယ် သရက်ချိုတပ်စခန်းကနေ နောင်တောကျေးရွာဘက်ကို စစ်ကောင်စီတပ်က လက်နက်ကြီးပစ်ခတ်တာကြောင့် အသက် ၆၃ အရွယ် ဦးစိန်လွင်ကို လက်နက်ထိမှန်ပြီး ပွဲချင်းပြီးသေဆုံးသွားခဲ့တယ်လို့ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက ရွှေဖီမြေကိုပြောပါတယ်။

လောက်ကိုင်တိုက်ပွဲကတည်းက အဆက်အသွယ်ပြတ်သွားတဲ့ နမ့်ခမ်းက အမျိုးသမီးတစ်ဦး တစ်နှစ်ကျော်ကြာတဲ့အထိ အဆက်အသွယ်မရသေး

ကိုးကန့်ဒေသ ရှမ်းမြောက် လောက်ကိုင်ကို အလုပ်သွားလုပ်တဲ့ နမ့်ခမ်းမြို့နယ်၊ လွယ်ဟွမ်ကျေးရွာအုပ်စု၊ တွန်ကော်ရွာက အမျိုးသမီးတစ်ဦး တစ်နှစ်ကျော်ကြာတဲ့အထိ မိသားစုဝင်တွေနဲ့ အဆက်အသွယ်မရပဲ ပျောက်ဆုံးနေတယ်လို့ သိရပါတယ်။

မိုးကုတ်မှာ အမျိုးသားတစ်ဦး မိုင်းနင်းမိပြီး ပွဲချင်းပြီးသေဆုံး

တအာင်းတပ်မတော် PSLF/TNLA ထိန်းချုပ်ထားတဲ့ မန္တလေးတိုင်း မိုးကုတ်မြို့နယ် လယ်ဦးကျေးရွာမှာ အမျိုးသားတစ်ဦး မိုင်းနင်းမိပြီး ပွဲချင်းပြီး သေဆုံးသွားတယ်လို့ တအာင်းတပ်က မနေ့ မေလ ၂၉ ရက်မှာ သတင်းထုတ်ပြန်ပါတယ်။

ကာမိုင်းဘက်ကနေ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီ‌တပ်ဖွဲ့ဝင်တွေ ဖားကန့် ရောက်ရှိ၊ လမ်းတစ်လျှောက် ဒေသခံ ၅ဦးကို ပစ်သတ်ခဲ့

ကာမိုင်းဘက်ကနေ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီ‌တပ်ဖွဲ့ တွေ မနေ့ မေလ ၂၉ ရက်နေ့ ညနေပိုင်းမှာ ဖားကန့်ကို ရောက်ရှိသွားပြီ ဖြစ်ကြောင်း ဒေသခံတွေဆီက သိရပါတယ်။

ကိုးကန့်တပ်က မိုင်းဝီးဒေသခံအမျိုးသား ၂ ဦးကို ဓားပြလို့စွပ်စွဲဖမ်းဆီးထားပြီး သေဒဏ်ပေးဖို့အထိ ပြင်‌ဆင်နေတယ်လို့ ဒေသခံတွေပြော

တအာင်းတပ်မတော်-TNLA ထိန်းချုပ်ထားတဲ့ ရှမ်းမြောက် နမ့်ခမ်းမြို့နယ် မိုင်းဝီးဒေသ ပန်ဟန်ကြီးကျေးရွာအုပ်စုထဲက ဟိုတီးကျေးရွာနဲ့ စယ်နေကျေးရွာက ဒေသခံအမျိုးသား ၂ ဦးကို ကိုးကန့်တပ်မတော်-MNDAA က ဓားပြတိုက်လို့ စွပ်စွဲဖမ်းဆီးသွားခဲ့တာလို့ ဒေသခံတွေက ရွှေဖီမြေကို ပြောပါတယ်။

ဈေးကနေ ပြန်လာတဲ့ လားရှိုးက အမျိုးသမီးတစ်ဦး လုယက်ခံရပြီး ဆွဲကြိုးအပြင် လက်စွပ်နှစ်ကွင်းနဲ့ဖုန်း ပါသွား၊ လားရှိုးမြို့ထဲ လုယက်မှု ဆက်တိုက် ဖြစ်‌ပွားနေ

စစ်ကောင်စီတပ် ပြန်လည်အုပ်ချုပ်နေတဲ့ ရှမ်းမြောက် လားရှိုးမြို့ထဲ ဈေးကနေ ပြန်လာတဲ့ အမျိုးသမီးတစ်ဦး လုယက်ခံရပြီး ဆွဲကြိုး၊ လက်စွပ်နှစ်ကွင်းနဲ့ ဖုန်းတွေ ပါသွားတယ်လို့ ကာယကံရှင်ဖြစ်သူက ရွှေဖီမြေကို ပြောပါတယ်။

လားရှိုးမှာ မှတ်ပုံတင်လုပ်ဖို့ တုံကင်ယူရာမှာ နေရာရောင်းစားတာတွေရှိနေ

ရှမ်းမြောက် လားရှိုးမှာ နိုင်ငံသားစီစစ်ရေးကတ်ပြား(မှတ်ပုံတင်) လုပ်ဖို့ တုံကင်ယူရာမှာ နေရာရောင်းစားတာတွေရှိနေတယ်လို့ ဒေသခံတွေဆီက စုံစမ်းသိရပါတယ်။

နောင်ချိုမှာ စစ်ကောင်စီတပ်ရဲ့ထိုးစစ် ရွှေမုဌောရွာထိရောက်လာ၊ တိုက်ပွဲဆက်လက်ပြင်းထန်နေ

ရှမ်းမြောက် နောင်ချိုမြို့နယ်ရှိ တအာင်းတပ်မတော်-TNLA ရဲ့ တပ်စခန်းတွေကို စစ်ကောင်စီတပ်က ထိုးစစ်ဆင်တိုက်ခိုက်နေပြီး တိုက်ပွဲဆက်လက်ပြင်းထန်နေတယ်လို့ ရှေ့တန်းစစ်မြေပြင်မှာ ရှိနေသူတွေက ရွှေဖီမြေကို ပြောပါတယ်။