အင်းတော်ဘက်က KIA နဲ့ ပူးပေါင်းတပ်ဖွဲ့ ဆုတ်ခွာထားတဲ့ တပ်စခန်း ၂ နေရာ ပြန်လည် သိမ်းပိုက်ရရှိ

ကချင်ပြည်နယ် မိုးညှင်းမြို့နယ် အင်းတော်ကြီးဒေသ မမုန်ကိုင်ကျေးရွာအုပ်စု မမုန်ကိုင်နဲ့ မိုင်းနောင်ရွာဘက်က KIA နဲ့ ပူးပေါင်းတပ်ဖွဲ့ ဆုတ်ခွာထားတဲ့ တပ်စခန်း ၂ နေရာကို မနေ့ ဩဂုတ် ၁၆ ရက်က ပြန်လည် သိမ်းပိုက်ရရှိခဲ့ကြောင်း ရှေ့တန်းနဲ့ နီးစပ်သူတွေဆီက သိရပါတယ်။

ဖားကန့်က ပရဟိတတစ်ဦးကို KIA နဲ့ ပူးပေါင်းတပ်ဖွဲ့ ဖမ်းဆီး

ကချင်ပြည်နယ် ဖားကန့်မြို့နယ် ဆိုင်းတောင်က ပရဟိတတစ်ဦး ဩဂုတ် ၁၃ ရက် ညပိုင်းမှာ ကချင်တပ်မတော်- KIA နဲ့ ပူးပေါင်းတပ်ဖွဲ့ရဲ့ ဖမ်းဆီးတာ ခံထားရကြောင်း ဒေသခံတွေဆီက သိရပါတယ်။

မိုးကုတ်မြို့ကို စစ်ကောင်စီတပ်က လေကြောင်းထပ်မံ ဗုံးကြဲ၊ ကလေး ၁ ဦးအပါအဝင် ၃ ဦးထက်မနည်း သေဆုံး

တအာင်းတပ်မတော် TNLA ထိန်းချုပ်ထားတဲ့ မိုးကုတ်မြို့ကို လေကြောင်းကနေ ထပ်မံဗုံးကြဲခဲ့လို့ ကလေး ၁ ဦးအပါ ဒေသခံ ၃ ဦးထက်မနည်း သေဆုံးခဲ့တယ်လို့ ဒေသခံတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

မန္တလေး အိုးဘိုအကျဉ်းထောင် ဗုံးကြဲခံရလို့ နိုင်ငံရေးအကျဉ်းသား ၇ ဦး သေဆုံးခဲ့တယ်လို့ PPNM ထုတ်ပြန်

မန္တလေး အိုးဘိုအကျဉ်းထောင်ရှိ အမျိုးသားအဆောင် ဗုံးကြဲခံရလို့ အကျဉ်းထောင်အတွင်း မတရား ဖမ်းဆီးခံထားရတဲ့ နိုင်ငံရေးအကျဉ်းသား ၇ ဦး သေဆုံးခဲ့တယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက်- PPNM က ဒီနေ့ ဩဂုတ် ၁၆ ရက်မှာ ထုတ်ပြန်လာပါတယ်။

ပုဏ္ဏားကျွန်းမြို့နယ်မှာ လက်နက်ကြီးနဲ့ လေကြောင်းရန် အန္တရာယ်ကြောင့် ကျေးရွာ ၃၀ ခန့်က ဒေသခံတွေ တိမ်းရှောင်နေရ

အာရက္ခတပ်တော်- AA ထိန်းချုပ်ထားတဲ့ ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်းမြို့နယ်မှာ စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးနဲ့ လေကြောင်းရန် အန္တရာယ်ကြောင့် ကျေးရွာ ၃၀ ခန့်က ဒေသခံတွေဟာ တိမ်းရှောင်နေရပါတယ်။

သိန္နီမြို့တွင်းမှာ ဖမ်းဆီးရမိတဲ့ ကျားဖြန့် ၂၃ ဦးကို MNDAA က “ဝ”တပ်ထံ လွှဲပြောင်း

MNDAA ထိန်းချုပ်ဒေသဖြစ်တဲ့ သိန္နီမြို့တွင်းမှာ ဖမ်းဆီးရမိတဲ့ ကျားဖြန့်(အွန်လိုင်းငွေလိမ်ဂိုဏ်း) လုပ်ကိုင်သူ ၂၃ ဦးကို ကိုးကန့်တပ်က “ဝ”တပ်- UWSA ထံ လွှဲပြောင်းပေးခဲ့တယ်လို့ သတင်းအရင်းအမြစ်တွေဆီက သိရပါတယ်။

နောင်ချို-မိုးကုတ်လမ်းပိုင်းရှိ ကျေးရွာတွေကို စစ်တပ် ဆက်လက် ထိုးစစ် ဆင်နေပြီး တိုက်ပွဲ ပြင်းထန်နေ

တအာင်းတပ်မတော်- PSLF/TNLA ထိန်းချုပ်ထားတဲ့ နောင်ချိုမြို့ကို ပြန်ရပြီးနောက် နောင်ချို-မိုးကုတ်လမ်းပိုင်းရှိ ကျေးရွာတွေကို စစ်တပ်ဘက်က ဆက်လက် ထိုးစစ်ဆင်နေပြီး တိုက်ပွဲ ပြင်းထန်နေတယ်လို့ ရှေ့တန်းစစ်မြေပြင်မှာ ရှိနေသူတွေက ပြောပါတယ်။

၂ ပတ်အတွင်း လေကြောင်း တိုက်ခိုက်မှု‌ကြောင့် အရပ်သား ၄ဝ ဦး သေဆုံး၊ မိုးကုတ်မှာ သေဆုံးသူ ၃၉ ဦးနဲ့ အများဆုံးဖြစ်နေ

ဩဂုတ်လ ၂ ပတ်အတွင်း စစ်ကောင်စီတပ်က တအာင်းတပ်မ‌တော်- PSLF/TNLA ထိန်းချုပ်ထားတဲ့ ဒေသတွေကို လေကြောင်းကနေ ၇ ကြိမ် တိုက်ခိုက်ခဲ့ပါတယ်။

လောက်ကိုင်မှာ မိုးရွာသွန်းမှုကြောင့် မြို့တွင်း နေရာတချို့ ရေကြီးရေလျှံမှုဖြစ်

ကိုးကန့်တပ်မတော် ထိန်းချုပ်ထားတဲ့ လောက်ကိုင်မြို့မှာ မိုးရွာသွန်းမှုကြောင့် မြို့တွင်းရှိ နေရာတချို့ ရေကြီးရေလျှံမှု ဖြစ်ပွားခဲ့တယ်လို့ ဒေသခံ သတင်းအရင်းအမြစ်တစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

မိုးကုတ် လေကြောင်း တိုက်ခိုက်မှု သေဆုံးသူ ၂၁ ဦးအထိ ရှိလာ

တအာင်းတပ်မတော်- PSLF/TNLA ထိန်းချုပ်ထားတဲ့ မိုးကုတ်မြို့ကို စစ်တပ်က မနေ့ ဩဂုတ် ၁၄ ရက် ည ၈ နာရီခွဲက ဗုံးကြဲတိုက်ခိုက်မှုမှာ သေဆုံးသူ ၂၁ ဦးအထိ ရှိလာတယ်လို့ သတင်းအရင်းအမြစ်တစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။