ရွှေဖီမြေ၊ မတ်လ ၁၆ ရက်

စစ်ရေးပဋိပက္ခကနေ လူမျိုးရေးပဋိပက္ခ ဦးတည်တဲ့လုပ်ရက်တွေကို ချက်ချင်းရပ်ပြီး တွေ့ဆုံညှိနှိုင်းအဖြေရှာဖို့ ကိုးကန့်တပ် MNDAA နဲ့ တအာင်းတပ် TNLA တို့ကို တအာင်းအရပ်ဘက် အဖွဲ့အစည်းများကွန်ရက် (TCSO) က ထုတ်ပြန်တောင်းဆိုထားပါတယ်။

လက်ရှိဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကို ချက်ခြင်းရပ်ပြီး စာ​ပွဲဝိုင်းပေါ်မှာ ဆွေးနွေးညှိနှိုင်း အဖြေရှာခြင်းဖြင့် ဒေသတွင်း တည်ငြိမ်အေးချမ်းရေးကို ထိန်းသိမ်းဖို့၊ စစ်ရေးပဋိပက္ခကို ပြင်းထန်စွာ ဆက်တိုက်ခံစားခဲ့ရတဲ့ လူထုတွေကို မျက်နှာမူကာ ပြည်သူတွေရဲ့ အသက် အိုးအိမ် စည်းစိမ်တွေကို အလေးထား ထိန်းသိမ်းကာကွယ်စောင့်ရှောက်ပေးဖို့ TCSO က တောင်းဆိုထားတာ ဖြစ်ပါတယ်။

ဒါ့အပြင် စစ်ရေးပဋိပက္ခကနေတစ်ဆင့် လူမျိုးရေးပဋိပက္ခကို ဦးတည်တဲ့ လုပ်ရပ်တွေကို ချက်ချင်းရပ်တန့်ပေးဖို့နဲ့ စစ်အာဏာရှင်စနစ် အမြစ်ပြတ်ချေမှုန်းရေး ဦးတည်ဖို့ကိုလည်း နှစ်ဖက်အဖွဲ့ကို တောင်းဆိုထားပါတယ်။

အခုလို စစ်ရေးပဋိပက္ခတွေကြောင့် လူထုတွေရဲ့ ရည်မှန်းချက်ဖြစ်တဲ့ အာဏာရှင်စနစ် အမြစ်ပြတ်ရေး၊ ဖက်ဒရယ်ဒီမိုကရေစီ ရရှိရေးနဲ့ ငြိမ်းချမ်းရေးကို ဦးတည်တဲ့ လမ်းကြောင်းတွေကို ထိခိုက်စေတဲ့အပြင် စစ်အာဏာရှင်တွေအတွက် အခွင့်အလမ်းဖြစ်စေနိုင်ပြီး နွေဦးတော်လှန်ရေးအတွက်လည်း များစွာ စိန်ခေါ်မှုဖြစ်စေနိုင်တယ်လို့ ဖော်ပြပါတယ်။

မနေ့ မတ်လ ၁၅ ရက်မှာ နမ့်ဖတ်ကာ ရပ်ကွက် (၄) က တအာင်းလူမျိုးတွေရဲ့ နေအိမ်တွေကို ကိုးကန့်တပ်က ဝင်ရောက်စစ်ဆေးပြီး ဒေသခံလူငယ်တချို့နဲ့ ကျောင်းသားတချို့ကို နောက်ပြန်ကြိုးတုတ်ပြီး ပြင်းထန်စွာရိုက်နှက်ခဲ့သလို ဖမ်းဆီးသွားခေါ်ဆောင်သွားတာတွေ ရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

~ ~ ~

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။