ကျောက်မဲ (လဝက)ရုံးမှာ မှတ်ပုံတင်လာလုပ်တဲ့ အသက်(၁၆)နှစ်အရွယ် တအာင်းအမျိုးသမီးငယ်ကို စစ်ကောင်စီတပ်က ဖမ်းဆီး၊ မန္တလေး အိုဘိုထောင်ထိပို့ဆောင်ထားပြီး အသက်အန္တရာယ် စိုးရိမ်ရ

စစ်ကောင်စီထိန်းချုပ်တဲ့ ရှမ်းမြောက် ကျောက်မဲမြို့ လူဝင်မှုကြီးကြပ်ရေးဌာနမှာ မှတ်ပုံတင်လာလုပ်တဲ့ လွေးအိဌေးဆိုသူကို စစ်ကောင်စီတပ်က တစ်လကျော်အကြာ ဖမ်းဆီးထားပြီး လက်ရှိအချိန်ထိ ပြန်လွှတ်ပေးခြင်းမရှိသေးဘူးလို့ မိသားစုဝင်တွေနဲ့ နီးစပ်သူတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

မိုးကုတ်မှာ ၁ လကျော်တဲ့အထိ စစ်ကောင်စီတပ်ရဲ့ အုပ်ချုပ်ရေးယန္တရား မလည်ပတ်နိုင်သေး၊ မြို့ခံအများစုလည်း နေရပ်ပြန်မလာသေး

တရုတ်အကူအညီနဲ့ စစ်ကောင်စီတပ် ပြန်အုပ်ချုပ်ခွင့်ရတဲ့ မန္တလေးတိုင်း မိုးကုတ်မြို့မှာ ၁ လကျော်တဲ့အထိ အုပ်ချုပ်ရေးယန္တရားတွေ မလည်ပတ်နိုင်သေးဘူးလို့ သိရပါတယ်။

ပျဉ်းမနားမြို့မှာ မီးလောင်မှုတစ်ခုဖြစ်ပွားပြီး နေအိမ် ၆၂ အိမ် မီးလောင်ပြာကျ

နေပြည်တော် ပျဉ်းမနားမြို့မှာ ရန်အောင်( ၂ )ရန်နိုင်ရပ်ကွက် မီးလောင်မှုတစ်ခုဖြစ်ပွားပြီး နေအိမ် ၆၂ ခန့် မီးလောင်ပြာကျခဲ့တယ်လို့ သိရပါတယ်။

နမ့်ခမ်းမှာ ၃ နှစ်အရွယ်ကလေးငယ် ၁ ဦး ပြေးနေရာကနေ အရှိန်မထိန်းနိုင်ပဲ ကမ်းပါးပေါ်က ပြုတ်ကျသေဆုံး

တအာင်းတပ်မတော် ထိန်းချုပ်ထားတဲ့ ရှမ်းမြောက် နမ့်ခမ်းမြို့နယ်မှာ အသက် ၃ နှစ်အရွယ်သာ ရှိသေးတဲ့ ကလေးငယ် ၁ ဦးက အပြေးလွန်ရာကနေ အရှိန်မထိန်းနိုင်တော့ပဲ ကမ်းပေါ်ကနေ ပြုတ်ကျပြီး အသက်ဆုံးရှုံးခဲ့ရတယ်လို့ ဖြစ်စဉ်သိရှိသူ အမျိုးသားတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

ဘော်တွင်းမှာ အရက်မူးတဲ့ အမျိုးသားတစ်ဦးက ရေချောင်းထဲ ပြုတ်ကျပြီး သေဆုံး

တအာင်းတပ် TNLA ထိန်းချုပ်ထားတဲ့ ရှမ်းမြောက် နမ္မတူမြို့နယ် ဘော်တွင်းကျေးရွာက ရတနာမြေရပ်ကွက်​က အမျိုးသားတစ်ဦး အရက်မူးပြီး ရေချောင်းထဲ ပြုတ်ကျသေဆုံးသွားခဲ့တယ်လို့ ဖြစ်စဥ်သိရှိသူ အမျိုးသားတစ်ဦးက ပြောပါတယ်။

တန့်ယန်းမှာ အသက်(၁၈)နှစ်အရွယ် အမျိုးသမီးတစ်ဦး ပြန်ပေးဆွဲခံရပြီး ငွေသိန်း ၅၀၀ နဲ့ ပြန်ရွေးခိုင်း

ရှမ်းမြောက် တန့်ယန်းမြို့နယ်မှာ အသက် ၁၈ နှစ်အရွယ်အမျိုးသမီးတစ်ဦး အမျိုးသား ၆ ဦးက ပြန်ပေးဆွဲခဲ့ပြီး ငွေသိန်း ၅၀၀ နဲ့ ပြန်ရွေးခိုင်းတဲ့ဖြစ်စဥ်ဖြစ်ပွားခဲ့တယ်လို့ SSPP က ထုတ်ပြန်ပါတယ်။

မော်လမြိုင်နဲ့ရန်ကုန်မှာ ၁၃/ မှတ်ပုံတင် ကိုင်ဆောင်ထားတဲ့သူကို လိုင်းကားစီးခွင့်နဲ့ တည်းခိုခွင့်မပေး

‎မွန်ပြည်နယ် မော်လမြိုင်မြို့နဲ့ ရန်ကုန်တိုင်းမှာ ၁၃/ မှတ်ပုံတင် ကိုင်ဆောင်သူတွေကို တည်းခိုခန်းနဲ့ ဟိုတယ်မှာတည်းခိုခွင့်မပေးတဲ့အပြင် လိုင်းကားတွေလည်း စီးခွင့်မရကြောင်း ကိုယ်တိုင်ကြုံခဲ့ရသူတွေရဲ့ ပြောပြချက်အရ သိရပါတယ်။

တိုက်ပွဲပိုပြင်းထန်လာတာကြောင့် မြစ်ကြီးနား-မန္တလေးကွင်းလမ်း ထပ်ပိတ်၊ ရာနဲ့ချီတဲ့ ကားတွေ သောင်တင်နေ

စစ်ကိုင်းတိုင်း ခင်ဦးမြို့နယ်က တိုက်ပွဲတွေ ပိုပြင်းထန်လာတာနဲ့ လေကြောင်းဗုံးကြဲ ခံနေရတာကြောင့် မြစ်ကြီးနား-မန္တလေး သွားတဲ့ ကွင်းလမ်းကို ထပ်မံပိတ်လိုက်တယ်လို့ ကားသမားတွေရဲ့ ပြောပြချက်အရ သိရပါတယ်။

မူဆယ်က KTV ဆိုင်နဲ့ Spa ဆိုင်မှာ ကျားဖြန့်ငွေလိမ်ဂိုဏ်းမှ တရုတ်နိုင်ငံသားတွေနဲ့ ပြည်သူ့စစ်အဖွဲ့တွေက အမျိုးသမီးငယ်တွေကို ထိပါးစော်ကားရာကနေ ထိုးကြိတ်ရိုက်နှက်မှုဖြစ်ပွား

တရုတ်-မြန်မာနယ်စပ်က မူဆယ်မြို့မှာ ကားလေးဝန်းအနီးရှိ KTV ဆိုင်တစ်ခုမှာ ကျားဖြန့်ငွေလိမ်ဂိုဏ်းမှ တရားမဝင် လာရောက်နေထိုင်ကြတဲ့ တရုတ်နိုင်ငံသား (၅) ဦးနဲ့ လက်နက်ကိုင်ဆောင်ထားတဲ့ ပြည်သူ့စစ် (၈) ဦးတို့က ဆိုင်ဝန်ထမ်း မိန်းကလေးတွေကို ထိပါးစော်ကားရာခဲ့ရာ အချင်းချင်းခိုက်ရန်ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

မုံရွာနဲ့ ချောင်းဦးမြို့နယ်က စစ်ရှောင် ၂ သောင်းကျော် အရေးပေါ်အကူညီလိုအပ်နေ

စစ်ကိုင်းတိုင်း မုံရွာနဲ့ ချောင်းဦးမြို့နယ် စစ်ရှောင် ၂ သောင်းကျော်ဟာ အရေးပေါ်အကူညီလိုအပ်နေတယ်လို့ monywa Revolution -MR က ရွှေဖီမြေကိုပြောပါတယ်။